လူမျိုး နှင့် သာသနာ ကိုချစ်သော ဒီကေဘီအေ ၏လုပ်ရပ်အကြောင်းသိကောင်းစရာ

ကျေးရွာ ရပ်မိရပ်ဖ အမျိုးသမီးကြီး (၃) ဦးအား ဒီကေဘီအေ တပ်၉၀၈မှဖမ်း ဆီးထားခြင်း သတင်းအကျဉ်းချုပ်

ဖမ်းထားရတဲ့အကြောင်းရင်းကတော့ သေနတ် ၁၁လက် ဖိုးတောင်းစား တာဖြစ်ပါတယ်…လို့အဖမ်းခံရတဲ့အမျိုးသမီးကြီးများနဲ့တရွာတည်းနေတဲ့အမည်မဖော်လိုရွာသားတဦးကကွယ်ကလူကို၁.၁.၂၀၁၀တွင်တင်ပြထားပါတယ်၊၊
အသက် ၄၀ ကျော်ဝန်းကျင် ကရင်အမျိုးသမီးကြီး ၃ ဦးအား ယခုထက် တိုင်ဖမ်းထားပြီးအဆိုပါအမျိုးသမီးကြီးများ၏ကျေးရွာအား ငွေညစ်တောင်းဆို နေဆဲပါ………

အထက်ကရွာသားအဆိုအရ ဒီကေဘီအေ ၉၀၈၊ ၉၀၁၊ ၉၉၉ နှင့် နအဖတပ်၃၅၆ စုစုပေါင်း အရေအတွက် ၄၀ကျော်တို့က"သူတို့ကျေးရွာအုပ်စု သည် KNU အားအကူအညီပေးခြင်း"
ဒါတင်မကသေးပါ……ပြီးခဲ့တဲ့လဒီဇင်ဘာ၂၇နေ့တွင်အမြင်မှန်ရပြီးKNUနှင့်ပြန်လည်ပေါင်းစည်းခဲ့တဲ့ဒီကေဘီအေတပ်သား၆ယောက်နှင့်အတူသေနတ်၁၁လက်ပါသွားမှုမှာသူတို့၏ပယောဂမကင်းဘူးဆိုပြီးအပြစ်တင်ထားပါသေးတယ်
ဒါ့အပြင် ဒီတိရိစ္ဆာန်ကောင်တွေရဲ့ တပ်စခန်းရှေ့ကိုဘယ်ရွာသူရွာသားများမှဖြတ်မသွားရဲသလောက်ဖြစ်နေပါတယ်၊၊
ဘာဖြစ်လို့လဲဆိုတော့ ဖြတ်သန်းသွားလာသူမှန်သမျှကို ဒီတိရိစ္ဆာန်ကောင်တွေက နည်းမျိုးစုံနဲ့ အနှောင့်အယှက်ပေး ညှင်းပန်းနှိပ်စက်နေလို့ ပါ၊၊ ဒါတင်မကသေးပါဘူး………. ဒီအတောအတွင်းဒီကေဘီအေ၏မတရားအခွန်ကောက်မှုဟာလည်း အထွဋ်အထိပ်ကို ရောက်နေပါတယ်လို့ အဆိုပါ ရွာသားက ဖွင့်ဟထားပါတယ်။

ဒီကေဘီအေ………သို့
ကဲ………… ဘယ်လိုလုပ်ကြမလဲ? ပြောတော့ လူမျိုးနဲ့ဘာသာကိုချစ် တယ် ဆို………… ခုတော့ခင်ဗျားတို့ရဲ့လုပ်ပုံက အပြောနဲ့အလုပ်တခြားပါလားဗျာ…….လူရင်းမို့နာနာထောင်း ဆိုတဲ့စကားအတိုင်း ကိုယ့် လူမျိုးကိုပဲပြန်အနိုင်ကျင့် နှိပ်စက်ညှင်ပန်း….. (နအဖ ကိုမလွန်ဆန်နိုင် တိုင်း)…..ကောင်းကြသေးရဲ့လားဗျာ။ ခင်ဗျားတို့မရှက်ဘူးလား……… အရှက်တရားကောရှိသေးရဲ့လား……မင်းတို့ဒီလိုလုပ်လေ နအဖ ကပို ပြီးသဘောခွေ့လေပဲ…ဦးဏှောက်မရှိတဲ့ကောင်တွေရဲ့…ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ဖို့အချိန်တန်နေပြီ…နောက်ဆုံးအချိန်ကျမှ နောင်တရမ နေနဲ့ …အဲဒီအချိန်ကျရင် ခင်ဗျားတို့ ဒီကေဘီအေ မျိုးကန်းလုပြီ။

မှတ်ချက်။နေရာဒေသအခေါ်အဝေါ်ကိုမဖော်ပြပေးနိုင်တဲ့အားနည်းချက်ကိုနားလည်ပေးပါ

0 comments:

Post a Comment