လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

March 7,2010

တပ်မဟာ(၁) ဒူးသထူခရိုင်။
- ဘီးလင်းမြို့နယ်၊ ၁.၃.၂၀၁၀ နေ့ DKBA စိန်အောင် သည် လေးကေရွာအား အင်ဖက် ၃၀၀၀ ခက် နှင့် လယ်ခလောရွာအား အင်ဖက် ၁၀၀၀ ခက်တို့ကိုအတင်းအဓမ္မတောင်းဆို။
- တပ်ရင်း(၁)၊ ၅.၃.၂၀၁၀ နေ့ ၀၄း၀၀ အချိန်၊ မယ်စီထာရွာထဲတွင် DKBA တပ်ရင်း(၁) တပ်ခွဲ(၂) နှင့် မိမိတို့ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ(၁)ဦးသေ၊ အရှင်(၁)ဦးဖမ်းဆီးရမိ။
- ဘီးလင်းမြို့နယ်၊ ၃.၃.၂၀၁၀ နေ့၊ ခမရ(၇၀၅) စစ်ကြောင်း(၁)မှူးသည် လေးခေါ်ထိရွာအား အင်ဖက် (၇၀)ခက်နှင့် ထီးဖဒိုခီးရွာအား အင်ဖက်(၅၆)ခက်အတင်းအဓမ္မတောင်းဆို။
- ဘီးလင်းမြို့နယ်၊ ၅.၃.၂၀၁၀ နေ့၊ ခမရ(၇၀၅) စစ်ကြောင်း(၁)မှူးဝင်းကျော်အောင်သည် ပေါ်ခီးရွာမှ ဆန် များကိုတောင်းစား။

တပ်မဟာ(၂) တောင်ငူခရိုင်။
- ၃.၃.၂၀၁၀နေ့၊ ၁၃း၂၇ အချိန်၊ ကလေလိုနီ ပေါ်မူထာအရပ်တွင် မိမိတို့၏ပြောက်ကျားတိုက်ခိုက်မှု ကြောင့် ရန်သူ(၃)ဦးသေ၊ (၂)ဦးဒဏ်ရာရ။
- ၄.၃.၂၀၁၀နေ့၊ ၁၇း၃၅အချိန်၊ ပြင်စလိုနှင့်ယယ်လိုအကြား နားထီးခိုအရပ်တွင် ပြောက်ကျားပစ် ခတ် မှုကြောင့် ရန်သူ(၁)ဦးဒဏ်ရာရ။
- ၅.၃.၂၀၁၀နေ့၊ ၁၇း၃၀အချိန်၊ သအေးထါစခန်းရှိ ရန်သူအား သေခူဒဲနှင့်သအေးထာအကြားရှိကမူလိုအ ရပ်တွင် မိမိတို့၏ပြောက်ကျားတိုက်ခိုက်မှုကြောင့် ရန်သူ(၁)ဦးဒဏ်ရာရ။
- ထန်းတပင်မြို့နယ်၊ ၁.၃.၂၀၁၀နေ့၊ ကော်သေးဒါးတွင်လှုပ်ရှားသော စကခ(၇)ရှိအုပ်စုသည် မော်သေးဒါး၊ ခူလယ်ဒဲ၊ ဝါသိုးခို၊ မော်လိုအရပ်မှ ကော်သေးဒဲရွာသား (၁) စောသူဂဲ(၄၅)နှစ်၏ပစ္စည်း ( ဆန်၊ဆီ၊ဆား၊အိုး၊ ခွက်ပန်းကန်၊ ငါးပိ၊ကွမ်းသီးနှင့် ဝက်သား၁၀ပိသာ အပြင် ငွေသား၃၀၀၀၀၀ကျပ်၊ စုစုပေါင်းတန်ဖိုး ၆၀၀၀၀၀ကျပ်၊ (၂) ကော်သေးဒဲရွာမှ နော်ကူးကူ(၃၆)နှစ်၏ကြက်၂ကောင် စုစုပေါင်းတန်ဖိုး ၁၅၀၀၀ကျပ် တို့ကိုအသီးသီး အတင်းယူဆောင်သွားသည်။
- ထန်းတပင်မြို့နယ်၊ ၄.၃.၂၀၁၀နေ့၊ ကလော်မီးဒဲစခန်းရှိရန်သူများသည် ကလော်မီးဒဲ ရွာသူ(၁၈)ဦးနှင့် ရွာသား(၁၂)ဦးတို့အားပလဲဝ မှကလော်မီးဒါးစခန်းသို့အတင်းအကြပ်ရိက္ခာများသယ်ယူခိုင်း။
- တရက်ထဲမှာပဲ ပြင်စလိုနှင့်ထီးပယ်လို ရှိစကခ(၇)မှ အုပ်စုသည် စစ်ကြောင်းလှုပ်ရှားချိန်တွင် ရွာသူရွာသား များ၏လယ်ယာများကို မီးရှို့ဖျက်ဆီး၊ အဆိုပါတရက်ထဲမှာပဲ လယ်ကလယ်ဒါးသို့လာရောက်လှုပ်ရှား သောကလော်မီးဒါးမှရန်သူအုပ်စုသည် အချိန်၁၁း၀၀တွင်ဟူမူဒဲရွာသား(၁) မောင်သိန်းခိုင် ၅၅နှစ် (၂) စောယယ်လို ၂၂နှစ် (၃) စောတာကြဲကြဲ ၂၀နှစ် (၄) စောဖါး ဝါးသိုး ၁၈နှစ် နှင့် လယ်ကလားဒဲရွာသား စောဒူးဒူး ၁၉နှစ် များကိုဖမ်းဆီးပြီးယခုထက်ထိပြန်မလွှတ်သေးပါ။
- ၅.၃.၂၀၁၀နေ့၊ ကလော်မီးဒါးရှိ ရန်သူများသည် ကလော်မီးဒါး ရွာသား(၃၀)ဦး အားသူတို့၏ရိက္ခာများကို ပလဲဝမှ ကလော်မီးဒါးသို့သယ်ယူခိုင်း၊ အဲဒီတရက်ထဲပဲပြင်စလိုရှိ ရန်သူတပ်သည်ပြင်စလိုရွာသားများအား အရှည်၁၀တောင်ရှိသောဝါးအချောင်း(၇၀) ကိုအတင်းအဓမ္မခုတ်ခိုင်း။
- ဒေါဖခိုခရိုင်၊ ၄.၃.၂၀၁၀နေ့၊ မော်ဖားဒဲ/ခူပလော်ဒဲ ဒေးလိုရှိ လမ်းဖောက်လုပ်နေသော ရန်သူတပ်သည် မော်ဖားဒဲရွာသား၈ဦးကိုမိုင်းရှင်းဖို့အတွက်အတင်းခိုင်းစေ၊ ဒါ့အပြင် လမ်းပြင်ကားများသွားဖို့အတွက်ယ နေ့ထက်ထိလမ်းရှင်းပေးနေရတုန်း။ ကားမောင်းသမားလုံခြုံမှုအတွက် လူကြီးစောအာဒြေနှင့်စောစက်ပြို တို့ကိုဘေးတွင်ခြံရံပြီးလိုက်စီးခိုင်း။

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
- မုံးမြို့နယ်၊ ၂၈.၂.၂၀၁၀နေ့၊ ခလရ(၄၈)ကျိုးပင်စေ စခန်းမှုးတင်စိုးအောင်သည် ဂိုနီ၊နိုညာလာအုပ်စု မှလူထု များ၏လှည်းအစီး၂၀ ကိုအတင်းတောင်းယူပြီး သောတကူသို့နေရာပြန်ယူပြီးကျုံပျော်သို့ပြန်ပို့။

တပ်မဟာ(၅) ဖာပွန်ခရိုင်။
- ၁၈.၂.၂၀၁၀နေ့၊ DKBA မှ ကနဲဃောထာရွာသား(၆)ဦးကိုဝါဘောကျိုးမှဆောဖွီးခီးဟီခိုဒဲအထိရိက္ခာများကို အတင်းသယ်ယူခိုင်း
- ၂၀.၂.၂၀၁၀နေ့၊ ခူသူထာအရပ်ရှိ နအဖ ခမရ(၇၀၄)မှ အောင်ရှမ်းလွင် ဦးဆောင်တဲ့အဖွဲ့သည်အောက်ပါ ရွာများမှ ရွာသားများကိုအတင်းအကြပ်ရိက္ခာသယ်ခိုင်း။ ပိုလော်ထာရွာမှ ၂၁ဦး၊ မဲ့တရူခီးရွာမှ၂၂ဦး၊ ဃော် ထီးခိုရွာမှ၁၅ဦး၊ ထီးနားဒေးရွာမှ၅ဦး၊
- အဲဒီတရက်ထဲမှာပဲ ခမရ(၇၀၂)မထောစစ်စခန်းမှ ဗိုလ်သောင်းရွှေ သည်သွာခိုလိုရွာအား ဝါး၁၅၀ချောင်းနှင့် အင်ဖက်၂၅၀ခက်၊ တာဟူးလိုရွာအားဝါး၂၅၀ချောင်း နှင့်အင်ဖက်၂၂၅ခက်၊မထောရွာအားဝါး၁၅၀ချောင်း နှင့်အင်ဖက်၁၅၀ခက်တို့ကိုအတင်းအဓမ္မတောင်းဆိုခဲ့သည်။
- ၂၈.၂.၂၀၁၀နေ့ ဒိုခိုဝါးရှိ DKBA ၃၃၃ သည်မောထာရွာမှအမျိုးသမီး၂ဦး၊ဒိုခိုဝါးရွာမှအမျိုးသား ၇ ဦး စုစု ပေါင်း(၉)ဦးတို့အားဖွေးပွာပူမှဒိုခိုဝါးအရပ်ထိသူတို့၏ရိက္ခာကိုသယ်ယူခိုင်း။
- ၂.၃.၂၀၁၀နေ့၊ ခမရ(၇၀၂)မထောစစ်စခန်းမှ ဗိုလ်သောင်းရွှေ သည် လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မထောရွာသား ဘိုမျိုး၏ကားနှင့်အခန်းတခန်းပျက်စီး။ ဒါ့အပြင်သွာခိုလိုကျေးရွာ သို့နောက်ထပ်၅ကြိမ်ထပ်ပစ်ခတ်။

တပ်မဟာ(၆) ဒူးပလာယာခရိုင်။
- ၂.၂.၂၀၁၀နေ့ စကခ(၈) နဗဟ(၁)မှူးဦးစီးတဲ့ ခမရ(၄၀၄)နှင့် ခမရ(၄၀၉)တို့ပေါင်းပြီးလေးဝါးခိုကျေးရွာ သို့ ဝင်ရောက်ကာ ရွာသားများစုစေပြီး (၁) စောကထူး ၄၈နှစ် ၏မျက်နှာကိုထိုး၊ဘေးကိုကန်ကျောက်ခဲ့၊ (၂)စောကော့ခူ ၅၀နှစ်အား၂ချက်ထိုးနှက်(၃) စောလဲ ၃၀နှစ်အား၂ချက်ကန်ကျောက်ပြီး ပုဆိန်ရိုးဖြင့် ဦး ခေါင်းကို ရိုက်သဖြင့် ရောင်ရမ်းလာ၊ (၄)စောခေးဘွေးအားနှုတ်ခမ်းကိုထိုး (၅)စောဖားညို အားကန် ကျောက် (၆)စောဘ လယ်ကျဲဖောအား ကျောကုန်းကိုကန်၊(၇) စောဆာ အား၂ချက်ကန်ခဲ့ ပြီးထိုသူ အားလုံးတို့ကိုခေါ်ဆောင်သွား ပြီးစစ်ကြောင်း၏ပစ္စည်းများကိုသယ်ဆောင်ခိုင်း၊ ဒါ့အပြင်လေးဝါးခိုရွာမှလူကြီးများ၊ စုစုပေါင်း၁၇ဦးတို့ကိုပါခေါ် ဆောင်သွားသည်။
- ထို့အပြင် လေးဝါးခါမှ သူများ၏ပစ္စည်းများကိုလည်းအတင်းအဓမ္မယူဆောင်သွားသေးသည်။ (၁) စောတြေ ဖော၏မန်ဒါလီ၃ကောင်၊ဘဲ၃ကောင်၊ ၉ပိသာအချိန်ရှိဝက်တကောင်ကိုလည်းပစ်သတ်သွား၊ (၂)တခေါ့ကျိုး ရှိနော်ပွီထူး၏၄၀ပိသာချိန်ရှိ ဝက်တကောင်ပစ်သတ်ယူဆောင်သွားခဲ့သည်။ ဖမ်းဆီးသွားသောသူ(၁၇)ဦး ကို၎.၃.၂၀၁၀ နေ့ ကယယ်ထော(ကြူစံ)ရွာအကြားတွင်ပြန်လွတ်လိုက်သည်။

0 comments:

Post a Comment