စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မူးကြီးသန်းရွှေအား ဂျပန်နိုင်ငံရှိ နိုင်ငံတကာပြည်သူ့ခုံရုံးတွင် တရားစီရင်

BCJP NEWS

နအဖ စစ်အုပ်စုမှ မြန်မာအမျိုးသမီးများအပေါ် မတရားညှင်းပန်း နှိပ်စက် အနိုင်ကျင့်ခံရမှုများ၊ အကြမ်းဖက်ကျူးလွန်မှုများအားအရေးယူ ဆောင်ရွက်သွာနိုင်ရန် ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan)တွင် အကြမ်းဖက်ခံရသူ မြန်မာအမျိုးသမီး ၃ ဦးမှ မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်(WLB) နှင့် Human Rights Now (HRN)တို့၏ အကူအညီဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွေအား တရားဆွဲဆို စီရင်မှု ကို ယနေ့ ဇွန်လ ၂၇ ရက် Building Shibuya Aoyama Gakuin University Building No. (6),တွင် နေ့လည် ၁း၀၀ နာရီမှ ညနေ ၅း၃၀ ထိပြုလုပ်ခဲ့ပြီး ၅း၃၀ မှ ၆း၃၀ ထိသတင်းစာရှင်းလင်းပွဲများကိုပြုလုပ်ခဲ့ပါသည်။

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံးတွင် တရားစီရင်
မှုအားဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan)တရားခွင်တွင် တာဝန်ယူကြသူများမှာ Hamada Kunio - ရှေ့နေ (တရားရုံးချုပ် တရားသူကြီးဟောင်း)၊ Kubori Hideaki - ရှေ့နေ (ဂျပန်နိုင်ငံ ရှေ့နေများအသင်းချုပ် ဒုတိယ ဥက္ကဌဟောင်း)၊ Goto Hiroko – Chiba University ဥပဒေပါမောက္ခ (ဂျပန်အစိုးရအဖွဲ့ အမျိုးသမီး-အမျိုးသား တန်းတူ ညီမျှရေး ဌာန၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့ဝင်)၊Niikura Osamu – Aoyama Gakuin University ဥပဒေ ပါမောက္ခ၊Shikita Miho - ကုမ္ပဏီ အုပ်ချုပ်ရေးမှူးတို့မှ ပြည်သူ့တရားသူကြီးများအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြပြီး တရားလိုဘက်မှ ရှေ့နေ (၈)ဦးနှင့် စစ်အစိုးရဘက်မှ တရာခံရှေ့နေ (၃)ဦးပါဝင်ပြီး နိုင်ငံတကာ ဥပဒေ လုပ်ထုံး လုပ်နည်းအတိုင်း ပြုလုပ်သွားခဲ့ပါသည်။

မြန်မာအမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အဓမ္မ လုပ်အားပေးခိုင်းစေမူများ၊ လူ့အခွင့်အရေး
ဆုံးရှုံးနေမှုများနှင့် ဆိုးရွားနေသည့် အမျိုးသမီးရေးရာကိစ္စများတို့ကို တရားသူကြီးများ၏ ရှေ့မောက်၌ လျှောက်လဲသွားပါသည်။ နှစ်ဘက်ရှေ့နေများတို့မှ အပြန်အလှန် လျှောက်လဲချက်များ တင်သွင်းခဲ့ပြီးနောက် ပြည်သူ့တရားသူကြီးများအဖွဲ့မှ ဆုံးဖြတ်ချက်(၈)ချက်ကို စီရင်ချက် ချမှတ်ခဲ့ပါသည်။

ထို့နောက် တရားသူကြီး ၅ဦးမှ မိမိတို့၏ တသီးပုဂ္ဂလခံစားချက်များကိုလည်း ရှင်းလင်းပြောကြား
သွားခဲ့ကြပါသည်။

0 comments:

Post a Comment