ဖလူးဒေသ ကို နအဖ စစ်တပ် က အပြင်းအထန် ထိုးစစ်ဆင်

FNG မှ.........

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက် ပွဲ ကျင်းပသည့် နေ့ ကတည်းက မြ၀တီ မြို့ ကို ၀င်ရောက် သိမ်းပိုက်ပြီး စစ်အစိုးရ တပ်ဖွဲ့ များ ကို ယှဉ်ပြိုင် တိုက်ခိုက်နေသည့်ဗိုလ်မှုးချုပ် စောလားပွယ် ဦးစီးသည့် DKBA တပ်များ ကို ထိုးစစ် ဆင်ရန် စစ်သည် နှစ်ထောင်
ကျော် နှင့် လက်နက်ကြီးများ တင်ဆောင် ထားသည့် နအဖ တပ်ရင်း ၊ တပ် ဖွဲ့ များ သည် ဒီကေဘီအေအခြေစိုက်ရာ ဖလူး နှင့် ဝေါလေ ဒေသ ကို ဇန်န၀ါရီ လ ၉ ရက်နေ့ တွင် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည် ဟု သတင်းရရှိသည်။

ယနေ့ မနက် ၇ နာရီ အချိန်ခန့် ကတည်း က ဖလူးဒေသ နှင့် မြ၀တီ မြို့ တောင်ဘက်မိုင်၂၀ခန့် အကွာမှာတပ်စွဲထား ပြီး ကနဲ့ လေးဒေသ ကို လည်း လက်နက် ကြီး တွေ နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့လို့ ဒေသ ခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေတယ်ဟု သတင်းရရှိသည်။

စစ်ဆင်ရေးကို နေပြည်တော်က ဗိုလ်မှုးချုပ်အဆင့်တာဝန်ရှိသူတစ်ဦးက မြ၀တီ မြို့ မှရုံးထိုင်ပြီး စီမံခန့် ခွဲ နေတာ ဖြစ်ပြီးဗိုလ်မှုးကြီးချစ်သူရဲ့  ၉၉၉ တပ်မဟာ ဒီကေဘီအေတပ်ဖွဲ့ ဝင်များကတော့နအဖစစ်ကြောင်းတွေရဲ့လက်နက်ကြီးပစ်ကူတွေကိုအကာအကွယ်ယူပြီးနယ်မြေရှင်းလင်းရေး လုပ်ငန်း တွေ ကို ဆောင်ရွက် ရမှာ ဖြစ်တယ် လို့  ဒီကေဘီအေ အရာရှိ တစ်ဦးကFreedom News Group သို့ ပြောသည်။

ဒီကေဘီအေ ခွဲထွက်တပ်ဖွဲ့ ကတပ်မှုးတစ်ဦးက တော့ မြန်မာစစ်တပ်ကလက်နက်ကြီးတွေနဲ့ ပစ်တာ နှစ်ရက်ရှိနေပေမယ့် နယ်မြေစိုးမိုးထား နိုင်ဆဲဖြစ်တယ်ဟု ပြောသည်။

နယ်စပ် ဒေသမှာပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်နေတာကြောင့်ထိုင်း နိုင်ငံကလည်းနယ်ခြားစောင့်တပ် တွေကိုအင်အားတိုး မြှင့်ချထါးပြီးဥတပေါနဲ့  နခွန်ဝန် လေတပ်စခန်းက စစ်တပ်ရဟတ်ယာဉ်တွေ ကလည်းမဲဆောက် လေဆိပ် ကို ရောက်ရှိလာ ကာ နယ်ခြား တစ်လျှောက် ကင်းလှည့် ပျံသန်းမှု များ လုပ်နေသည် ဟု သတင်းရရှိသည်။

0 comments:

Post a Comment