တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ....

နအဖစစ်တပ်မှ စကခ (၁၂)လက်အောက်ခံ ခလရ(၂၉၉)နှင့် စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)၊ (၄၀၃)ပူးပေါင်းတပ်ရင်းတို့သည် အူးကလေ့ထာ့ရှိ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ၏ ယာယီစခန်းအား ယမန် နေ့လည် ၁၂ နာရီကျော်မှစ၍ ညနေ ၆နာရီအထိ လက်နက်ကြီးများဖြင့် အချက်ပေါင်း ၂၀၀နီးပါးခန့် ပစ်ခတ်ခဲ့သည်။ ယခုလက်တလောတွင် စစ်ရေးအခြေအနေအရ ဒီကေဘီအေ ဘက်မှ အူးကလော့ထာ့ စခန်းမှ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရှိရသည်။

မြန်မာဘက်ခြမ်းတိုက်ပွဲဖြစ်ပွားနေသည့် ဒေသမှ မြန်မာစစ်ပြေးဒုက္ခသည် ၂၀၀ နီးပါး ထိုင်းဘက်ကမ်းရှိ ငေါင်ဖိုင်ရွာ၊ ကျောက်ခက်ရွာ၊ ဟွေးနန်းနပ်ရွာ တွေဆီကို ယမန်နေ့က ထပ်မံထွက်ပြေးလာတယ်လို့ သိရှိရပါတယ်။

နအဖစစ်တပ် ဘက်မှ ဖလူးကျေးနယ်ဘက်တွင်လည်း ဗိုလ်မှူးကြီးစောကျော်သက် ဦးဆောင်သည့် ဒီကေဘီအေ တပ်ဖွဲ့အား ယမန်နေ့ မွန်းလွဲ ၁နာရီကျော် အချိန်မှစ၍ ညနေ ၆နာရီအချိန် လက်နက်ကြီးများဖြင့် ပစ်လိုက်ရပ်လိုက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment