ဝေါ်လေအနီးမှာ မိုးချုပ်တဲ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

နေ့သစ်မှ..........

ယနေ့ ညနေ ၅ နာရီခွဲလောက်မှာ ဝေါ်လေနဲ့ ကနဲလေးကြားနေရာမှာ နအဖ ခမရ ၂၄၆၊ ၄၀၄ ခလရ ၃၁၀၊ ၉၇၊ လေးဖွဲ့ပေါင်း ရိက္ခာပို့ ပြန်လာတဲ့ စစ်တကြောင်းကို ကေအန်ယူ တပ်ရင်း ၂၀၁ မှ တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်တ ဦးအပါအဝင် ၅ ယောက်သေဆုံးကာ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆက်လက်ပြီ ၆ နာရီလောက်မှာလဲ ကနဲလေးနေရာ အနီးနားမှာပဲ ကေအန်ယူ ၂၀၁ တပ်ရင်းနဲ့ ရိက္ခာပို့လာ တဲ့ နအဖ တပ်ဖွဲ့တွေ တိုက်ပွဲတွေ ထပ်ဖြစ်နေတယ်လို့ ထပ်မံကြားသိရပါတယ်။ ဒီ ထိတွေ့မှုမှာတော့ ကေအန် ယူဘက် နအဖကို အနီးကပ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားတာ နာရီဝက်လောက်ကြာခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ နအဖ ဘက်က ၉ ယောက်သေ ပြီး ၁၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။

ဒီနေ့တိုက်ပွဲတွေ အခြေအနေနဲ့ ပတ်သက်ပြီး ဝေါ်လေအနီးက ရွာသားတဦး ပြောပြတာက…

“ပစ်သံခတ်သံတွေကတော့ မိုးလင်ကတည်းက စကြားနေရတာပဲ ခု ညနေမိုးချုပ်တဲ့ အထိပဲ၊ ကျနော်တို့က အသံပဲ ကြားနေရတာ၊ ဒီတပတ်ထဲမှာကိုပဲ သေနတ်သံတွေက နေ့တိုင်းနီးပါးလောက် ကြားနေရတယ်” လို့ ပြောပြသွားပါတယ်။

ဒီကနေ့ တနေ့ထဲမှာကိုပဲ ဝေါ်လေဝန်းကျင်မှာ တိုက်ပွဲ ၄ ပွဲ ဖြစ်ပွားခဲ့ပါတယ်။ မနက် ၇ နာရီ သေပေါပိုးနားက တနဲအုကလိုးမှာ တကြိမ်၊ မနက် ၁၀ နာရီ ကနဲ့လေး နားမှာ တကြိမ်၊ ယခု ညနေ ၅ နာရီခွဲနဲ့ ၆ နာရီပါဆို လေးကြိမ်ဖြစ်ခဲ့ပါတယ်။ ဖြစ်ခဲ့တဲ့ လေးကြိမ်းမှာ နအဖ ဘက်က အားလုံးပေါင်း ၁၉ ယောက်သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ကေအန်ယူဘက်က ထိခိုက်မှုမရှိဘူးလို့ သိရှိရပါတယ်။

0 comments:

Post a Comment