လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း(နိဂုံး)

တပ်မဟာ(၂) တောင်ငူခရိုင်။
၆.၆.၂၀၁၀နေ့ကော်သေးဒဲအရပ်တွင်လှုပ်ရှားသောနအဖတပ်စကခ(၇)အောက်ခမရ(၄၂၇)တပ် သည်ကော်သေးဒဲရွာသားစောဟဲဘယ်(၇၀)နှစ်နှင့်စောထီးခူ(၂၇)နှစ်တို့၂ဦးကိုဖာလာခြံသို့အသွား ဖမ်းဆီးပြီး နောစိုးစခန်းသို့ပို့ဆောင်ခိုင်းခဲ့ပြီး အခုထက်ထိပြန်လွှတ်မပေးသေးပါ။

၉.၆.၂၀၁၀နေ့ ဘုရင့်နောင်တပ်မြို့မှ နအဖတပ်အုပ်စုတစုသည် သံတောင်မြို့အနီးသို့ဝင်ရောက် လှုပ်ရှားပြီး အရပ်သား/သူ နော်ရှန်ကယ်(၅၃)နှစ်ကိုသေနတ်ဖြင့်ပစ်ခဲ့ရာ ထိုအမျိုးသမီး၏ခြေဖဝါးဒဏ် ရာရခဲ့သည်။

ထန်းတပင်မြို့နယ် ကော်သေးဒဲစခန်း ရှိ စကခ(၇)လက်အောက် ခမရ(၄၂၆)သည် ၁၄.၆.၂၀၁၀နေ့ တွင်ကော်သေးဒဲရွာသားများအား အရှည်၈ပေရှိဝါး တအိမ်တချောင်းနှုန်း စုစုပေါင်း၁၇၀ချောင်းကိုအ တင်းအဓမ္မခုတ်ပြီး ပို့ဆောင်ခိုင်း။

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
ကျောက်ကြီးမြို့နယ်ရှိ ဗျူဟာမှူးသည် ပါတလာအုပ်စုရှိလူထုအားလုံးကို ၉.၆.၂၀၁၀နေ့တွင်ထီးညာ လီတံတားတစ်စင်းနှင့်ကင်းတဲ၂လုံးပြုပြင်ခိုင်းတဲ့အပြင် တစ်ညလျှင် ၄ဦးနှုန်းဖြင့်ညတိုင်းကင်းစောင့် ခိုင်း။ ဒါ့အပြင် ထိုဗျူဟာမှူးသည် အဆိုပါအရပ်သူအရပ်သားများအား နောက်နောင်တွင်ပြသနာလုံး ဝမတက်စေရန်လက်မှတ်ထိုးခိုင်းပြီး ပြသနာတက်လာပါကအကုန်လုံးကိုသတ်ပစ်မည်ဟုခြိမ်းခြောက်
နအဖ(၇၆၀)သည် ခေးဆူစလဲ/ကြယ်ကြည်ရွာသားများကို ၅.၆.၂၀၁၀နေ့တွင်ကင်းမစောင့်ခိုင်းတော့ ပဲတအိမ်လျှင်၈၀၀၀ကျပ်အတင်းအကြပ်တောင်းဆို၊ ဆင်တဲသို့အလုပ်သွားလုပ်သောသူများကို လည်းကင်းမစောင့်ခိုင်းတော့ပဲ ပိုက်ဆံ၇၀၀၀ကျပ်အတင်းတောင်းခဲ့။

တပ်မဟာ(၅) ဖာပွန်ခရိုင်။
DKBAမှဗိုလ်စောဝါးသည် ၈.၆.၂၀၁၀နေ့တွင် မလေးလယ်ရွာသား၅ဦးအားအတင်းအဓမ္မသူတို့၏လူ နာကို ရိုးမလေးလယ်မှကွီးတမာထိ ပို့ဆောင်ခိုင်း။
DKBA777မှကျော်ဝင်း၏လူများသည်လည်းကွီးတမာရွာသားများကို လိုလာ၁၀၀ခက်နှင့် ဝါး၅၀၀ ချောင်းတို့ကိုအတင်းတောင်းယူပြီး ကျသင့်သလောက်တန်ဘိုးကိုလုံးဝမပေးခဲ့ပါ။

တပ်မဟာ(၆)ဒူပလာယာခရိုင်။
၂.၆.၂၀၁၀နေ့တွင် DKBAတပ်ရင်း၃မှသိန်းစိန်နှင့်အကြည်တို့အဖွဲ့သည် ဇွန်လအတွက်စားစရိတ်ကို (၁)တမယ်ခိုရွာ၅၀၀၀၀ကျပ် (၂)ရွာသစ် ၅၃၀၀၀ကျပ် (၃)နအေးရွာ ၅၃၀၀၀ကျပ် (၄)နိုနိုင်ရွာ ၅၀၀၀၀ကျပ် များကိုအတင်းအကြပ်တောင်းပြီး သြဖဖိုးရွာမှရွာသားများတရက်တယောက်ထမင်းသွား ချက်ပေးရသည်။
၅.၆.၂၀၁၀နေ့တွင် ကော့တရိ လဝကဥက္ကဌဦးမြတ်ထူး ဦးဆောင်ပြီး အိမ်ထောင်စုစာရင်းကောက်ခဲ့၊ ထို့နောက်တစ်အိမ်လျှင်၅၀၀ကျပ်နှုန်းဖြင့် အောက်ပါရွာများကိုတောင်းရမ်းခဲ့သည်။ (၁)တမယ်ခို (၂) ကျိုရှမ်းကုန်း (၃)ရွာသစ် (၄)မာလာကုန်း (၅)အောဖ (၆)နိုနိုင် (၇)အောင်လံ (၈)ကတိုးထာ (၉)ကြပ် ကဝ ရွာတို့ဖြစ်သည်။
၅.၆.၂၀၁၀နေ့တွင်လမ်းပြင်သောDKBAတပ်ရင်း၃မှ မြခိုင်သည်အောက်ပါရွာများကို လမ်းပြင်ကားအ တွက်ဆီဖိုး၊ တရွာလျှင်၅၀၀၀၀ကျပ်အတင်းတောင်းရမ်းခဲ့သည်။ (၁)တမယ်ခို (၂)ရွာသစ် (၃)အောဖတ်ဖတ်ဒို (၄)အောဖဖိုး (၅)ခိုသဲစီး (၆)ရွာတာရှည် (၇)နိုနိုင် (၈)နိုရွှေမို (၉)အောင်လံ (၁၀)ကြည့်ကဝ (၁၁)ကထိုးထာ (၁၂)မြို့ဟောင်း တို့ဖြစ်သည်။
၆.၆.၂၀၁၀နေ့ DKBA မှစောအယ်ထူးနှင့်အပေါင်းအပါ၂ဦးတို့သည်KNUနှင့်ပြန်လည်ပေါင်းစည်းပြီး သူတို့နှင့်အတူ ကာဘိုင်တလက် ကျည်၃၀တောင့် M79 တလက် ကျည်၉လုံးပါယူဆောင်ခဲ့သည်။
၉.၆.၂၀၁၀နေ့တွင် KPFမှစောအယ်တူး ဦးဆောင်ပြီး ထီးဂူသောရွာသားများကိုအတင်းအကြပ်ခိုင်း။

တပ်မဟာ(၇)ဖားအံ့ခရိုင်။
၇.၆.၂၀၁၀နေ့တွင် ကွက်ကွက်ဦးဆောင်သောDKBAအုပ်စုသည်ထီးမိုခီးရွာသို့ M79 တချက်ပစ်ခတ် ခဲ့သဖြင့် ထိုရွာမှ ကလေးငယ် နော်မူတင် ၉နှစ်သည် ထိခိုက်ဒဏ်ရာရခဲ့သည်။ ထိုတရက်ထဲမှာဘဲ တန်ဘိုး၇၀၀၀၀ကျပ်ရှိ ထီးမိုခီးရွာသား၁ဦး၏ဝက်ကိုပစ်သတ်စားခဲ့ပြီးကျသင့်တန်ဘိုးကိုမပေးခဲ့ပါ။
၁၀.၆.၂၀၁၀နေ့DKBA999တပ်ရင်း၅ တပ်ခွဲ၃မှစောဟဲထူး ၂၁နှစ်KNUနှင့်ပြန်လည်ပေါင်းစည်း။
၁၁.၆.၂၀၁၀နေ့DKBA၏အထူးတပ်ရင်းမှစောအယ်သို ၂၇နှစ်သည် KNUနှင့်ပြန်လည်ပေါင်းစည်း။

0 comments:

Post a Comment