ငြိမ်းချမ်းရေးတွက် စစ်တိုက်ရတာ ဟု DKBA ပြော

FNG သတင်းမှ..........

DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးဆန်းအောင်မှယနေ့တိုက်ပွဲဝင်နေရတာဟာငြိမ်းချမ်းရေကိုမြတ်နိုးလို့ တိုက်ပွဲဝင်နေရခြင်းဖြစ်ကြောင်း FNGသို့ ပြောသည်။ ငြိမ်းချမ်းရေး ကိုနအဖစစ်အစိုးရဆီကတောင်းဆိုလို့ မရနိုင်ကြောင်း၊ တောင်းဆိုခဲ့သည်မှာနှစ်ပေါင်း ၁၀စုနှစ်၃စုမကရှိပြီဖြစ်ကြောင်း တိုက်ပြီးမှ ငြိမ်းချမ်းရေးစကားပြောကျန်တိုင်းရင်သားလက်နက်ကိုင်များလည်း တိုက်ပွဲဝင်ရမည့်အချိန်ကြရောက်ပြီ ဖြစ်ကြောင်းပြောဆိုခဲ့သည်။

နအဖစစ်တပ်သည် ကရင်ပြည်နယ် DKBA ဝေါ်လေဒေသကိုအကြီးအကျယ်ထိုးစစ်ဆင်နေပြီးနေ့စဉ်လက်နက်ကြီးများရာနဲ့ချီ်ပြီး ပစ်ခတ်နေကြောင်း၊စစ်တပ်ရှေ့တွင်ထောင်ကျအကျဉ်းသားများကိုလူသားမိုင်းရှင်းကိရိယာအဖြစ်စစ်သားများ၏ရှေ့မှလူသားဒိုင်းသဖွယ်အသုံးပြုနေကြောင်းနှင့်လက်ရှိ အခြေအနေများကိုရှင်းပြခဲ့သည်။

နအဖ ၏ လူသားဒိုင်းအဖြစ်အသုံးပြုခံရသည့်ထောင်ကျ အကျဉ်းသားပေါ်တာများလည်း နေ့စဉ်ထွက်ပြေးနေကြသည်။ ထိုသို့ထွက်ပြေးလာသူများကို ယနေ့အတူတိုက်ပွဲဝင်နေကြသောDKBA၊ KNLA နှင့် ABSDF ကျောင်းသားတပ်မတော်တို့ မှလူသားပီသစွာ လက္ခံကူညီပေးနေသည်။

ယမန်နေ့ က အကျဉ်းသားအများအပြား ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးကြရာ နအဖစစ်တပ်မှလိုက်လံပစ်သတ်သောကြောင့်အကျဉ်းသားပေါ်တါတဦး လက်ကိုထိမှန်သဖြင့် မဲဆောက်ဆေးရုံတွင်ကုသနေရကြောင်းသတင်းရရှိသည်။ နအဖစစ်တပ်မှာ ကလေးစစ်သားအများအပြားကို အသုံးပြုနေ
ကြောင်းလည်း သိရသည်။ နအဖစစ်တပ်၏အဓမ္မ စစ်သားဆုဆောင်းမှုခံခဲ့ရသောကလေးစစ်သား မောင်အောင်ကိုလင်း သည် နအဖစစ်တပ် မှထွက်ပြေးလာပြီး KLNA မှလက္ခံစောင့်ရှောက်ထားသည်။

မောင်အောင်ကိုလင်းသည် ဒိုက်ဦးမြို့နယ်၊ သုံး ခွကျေးရွာ ဇာတိဖြစ်ပြီး ပဲခူးအခြေစိုက် တပ်မ၆၆မှ အတင်းအဓမ္မစစ်သားအဖြစ်စုဆောင်းခံရပြီး ရက်၂၀ စစ်လက်နက် ဖြုတ်တတ်ကိုသာ သင်တန်းပေးပြီး ဝေါ်လေစစ်ဒေသရှေ့တန်းကို ပို့ဆောင်ခဲ့ပြီး တိုက်ပွဲဝင်စေခဲ့ကြောင်းပြောသည်။

ရှေ့တန်းရောက်ပြီး ၂လအကြာတွင် ထွက်ပြေးလွတ်မြောက်လာပြီး KNLA တပ်မတော်သို့ရောက်ရှိလာခဲ့သည်။ထိုသို့ ရှေ့တန်း၂လတာကာလအတွင်း သူမျက်မြင်ကိုယ်တွေ့မြင်တွေ့ခဲ့ရသော စစ်အရာရှိတို့၏ရက်စက်မှုများကို ပြောပြပါသည်။ စစ်တပ်အတွင်း ရဲဘော်များဒါဏ်ရာရှိမှုအများအပြားရှိပြီး ရဲဘော်များကို ရှိသည့်ဆေးဝါးနှင့်ကုသပေးကြောင်း အရာရှိဒါဏ်ရာရသူများမှသာအရေးပေါ်နောက်တန်းသို့ပို့ဆောင် ကြောင်းနှင့်ဒါဏ်ရာ
အခြေနေဆိုးဝါးသောရဲဘော်များကိုအရာရှိက ပစ်မိန့်ပေးပြီး သတ်ပစ်မှုရှိကြောင်း ပြောပြပါသည်။

ကရင်များဟာ သူပုန်ဖြစ်ကြောင်း ရှေ့တန်းမှာမညှာဘဲသတ်ပစ်ရမည်ဖြစ်ကြောင်းနှင့်ရိက္ခာမပေးသောရွာများကိုမီးရှို့၊ ကရင်အမျိုးသမီးများကို မုဒိန်းကျင့်မှုများအမြဲရှိကြောင်းပြောပြပါသည်။သူအနေနှင့် တိုက်ပွဲများအဆုံးသတ်ပြီး မိဘဆီသို့ပြန်လိုသောကြောင့်ကူညီပေးပါရန် ပြောဆိုပြီး သူအသက်ရှင်လျှက် ရှိကြောင်းကို သူ့မိဘများသိရှိအောင်ဆောင်ရွက်ဖို့ပြောပြပါသည်။

DKBA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှုးဆန်းအောင်မှလည်းငြိမ်းချမ်းရေးအတွက်DKBA၊KNLAတို့ပူးပေါင်းတိုက်ပွဲနေကြသလိုကျန်လက်နက်ကိုင်တော်လှန်
ရေး အဖွဲ့အားလုံးတိုက်ပွဲဝင်ကြဖို့အချိန်ကျရောက်ပြီ ဖြစ်ကြောင်း၊ နအဖစစ်အစိုးရ တပ်များ ကို တိုက်ပွဲများနှင့် ငြိမ်းချမ်းရေး
စကားပြောရမယ့် အချိန် ကျရောက် ပြီဟု ပြောသည်။
နအဖမှအင်အားများစွာသုံးပြီးတိုက်နေသော်လည်းမိမိတို့တော်လှန်ရေးပူးပေါင်းအင်အားစုတွေအတွက်စိုးရိမ်စရာမရှိကြောင်းနှင့်နအဖကိုနေ့စဉ်အထိ ခိုက်များသထက်များအောင်ပျောက်ကျားစစ်ကိုအရှိန်မြင့်ဆောင်ရွက်နေသည် ဟု ဆိုသည်။

မနေ့ညနေပိုင်းက မြ၀တီ-ကော့ကရိတ်လမ်းရှိ အလယ်ဗိုလ်တဲအနီးတွင် ကရင်ပြည်နယ်ဝေါ်လေ ထိုးစစ်အတွက် စစ်ကူလာသောစစ်ကားတန်းအား ခြုံခိုတိုက်ခိုက်ရာ နအဖစစ်ကားတစီး ရဲဘော်အယောက်၂၀နှင့်အတူ ချောက်ထဲထိုးကျသွားပြီးရဲဘော်အများအပြားဒါဏ်ရာရကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံထောင်အသီးသီးမှအကျဉ်းသားများကိုသယ်ဆောင်လာသောကားတန်းနှင့်စစ်သားအများအပြားသယ်ဆောင်လာသော စစ်ကားတန်းများ ရာနဲ့ချီပြီး ဘားအံ၊ကော့ကရိတ် တ၀ိုက်တွင် နေ့စဉ်မြင်နေရကြောင်းဒေသခံများကပြောသည်။

0 comments:

Post a Comment