ဒီကနေ့ နအဖ ၁၃ ယောက်ကျတဲ့ သရက်ပင် စခန်းတိုက်ပွဲ

နေ့ သစ်မှ.......

ဖလူးစစ်ဒေသမှာဖြစ်ပွားနေတဲ့ ဒီကေဘီကေအေ တပ်ဖွဲ့တွေနဲ့ နအဖ တပ်တွေဟာ နေ့စဉ်ဆိုသလို ဆက်တိုက်ဖြစ်ပွားနေတယ်ပါတယ်။ ဒီနေ့ နေ့လည် ၂ နာရီလောက်မှာ ကချောဝါးလေးကုန်းအနောက်တောင်ဘက်လောက်မှာရှိတဲ့ သရက်ပင်စခန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
သရက်ပင်စခန်းတိုက်ပွဲမှာ နအဖ ခမရ ၃၅၇ မှ တပ်သား အလောင်းနှစ်လောင်းကို ဒီကေဘီကေဘက်က ရရှိခဲ့ပြီး ဒီနေ့တိုက်ပွဲတခုလုံမှာ နအဖ ဘက်က ၁၃ ယောက်သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒီကေဘီအေ တပ်ဖွဲ့မှ ဗိုလ်ဆန်းအောင်က ခုလိုပြောပြတယ်။

“မနေ့ကတည်းက သူတို့ လက်နက်ကြီးတွေနဲ့ ပစ်နေတာ ဒီနေ့ နေ့လည် သူတို့ မြေပြင်ကလာတက်တာပဲ နအဖ ဘက်က ၁၃ ယောက်ကျတယ် ၁၇ ယောက် ဒဏ်ရာရတယ်။ ကျနော်တို့ဘက်က သုံးယောက်ဒဏ်ရာရတဲ့ထဲက တယောက်က နဲနဲ ဒဏ်ရာပြင်းတယ်။ ရန်သူဘက်က အလောင် ၂ လောင်းကို ကျနော်တို့ တက်ရှင်းတော့ တွေ့တယ်။ ရှေ့ဆက်ပြီး တိုက်ပွဲတွေ ဒိထက်ပြင်းထန်လိမ့်မယ်လို့လည်း မြင်တယ်လေနော်”
နအဖ ဘက်က ဖလူးနဲ့ ဝေါ်လေ စစ်ဒေသတွေမှာ တပ်အင်အားတွေ ဖြည့်ပြီး ထိုးစစ်တွေ အရှိန်မြှင့်လှုပ်ရှားနေလို ဒီကေဘီကဘက်ကလည်း နအဖရဲ့ အတွင်းပိုင်းက အချက်အချာနေရာတွေကို ပြောက်ကျားစစ်နဲ့ ပြန်လည်ထိုးနှက်တိုက်ခိုက်နေတာ ဒီရက်ပိုင်းထဲမှာ တွေ့လာရပါတယ်။
နအဖနဲ့ အပစ်ခတ်ရပ်စဲရေးပျက်ပြီး ပြန်လည်တိုက်ခိုက်တဲ့ ဒီကေဘီအေ ဘက်က ကေအန်ယူနဲ့ ကျောင်းသားတပ်မတော် ABSDF အဖွဲ့တွေက ဝိုင်းရံပူးပေါင်း တိုက်ပွဲဝင်လျက်ရှိပါတယ်။

0 comments:

Post a Comment