DKBA မှပြန်လည်ပေါင်းစည်းမှုနှင့် နအဖတပ်၏လူမဆန်မှု

တပ်မဟာ(၁) သထုံခရိုင်။
- ၂၂.၀၈.၂၀၁၀နေ့ တွင် DKBAတပ်ရင်း(၂)မှ မောင်လှဦး/စောအယ်ထူး တို့သည် တပ်မဟာ (၁)သို့ပြန်လည်ဝင်ရောက်ခဲ့သည်။ သူတို့နှင့်အတူ AR ၂လက် ကျည်ဆံ၁၄၈တောင့်၊ AK ၁လက် ကျည်ဆံ (၁၇)တောင့်တို့ပြန်ပါလာခဲ့သည်။

တပ်မဟာ(၂) တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ်၊၁၀.၀၈.၂၀၁၀နေ့တွင်စကခ(၇)ခမရ(၄၂၆)ဒုရင်းမှူးဗိုလ်မှူးစိုးလှိုင်သည်ခလယ်လာရွာ ကောသေးဒဲရွာမှရွာသူရွာသားများအားဖမ်းဆီးအကြပ်ကိုင်ပြီးထိုရွာများအနီးတဝိုက်တွင်တိုက်ပွဲများဖြစ်ပွားမှာကိုကြောက်သဖြင့်သူပြောတဲ့အတိုင်းလုပ်ရမည်ဟုပြောဆို ခြိမ်းခြောက်ခဲ့သည်။ သူပြောတဲ့အတိုင်းမလုပ် ပဲတိုက်ပွဲများဖြစ်ပွားခဲ့လျှင် တောင်ယာတောထဲသွားရေးလာရေး၊လုပ်ကိုင်မှုများကိုပိတ်ပင်မည့်အပြင်ရွာထဲ မှရွာပြင်ထွက်ခွင့်ကိုပါပိတ်မည်ဟုခြိမ်းခြောက်သည်။

- ၂၀.၀၈.၂၀၁၀နေ့မှစပြီး ပလဲဝ၊ကလောမီးဒဲ၊ဖြင်စလိုမှာရှိတဲ့ စကခ(၇)နှင့်အပြင်စစ်ကြောင်းတွင်ရှိသော တပခ တပ်တို့သည်ထိုရွာမှ ရွာသားများအား ရွာပြင်ထွက်ပြီး တောင်ယာလုပ်ကိုင်ခွင့်ကိုပိတ်ပင်တဲ့အပြင် ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ရွာသူရွာသားများ ကြောက်လန့်စွာနဲ့နေထိုင်ကြရသည်။ ထို့အပြင်စား ရေးသောက်ရေးအခက်အခဲငွေရေးကြေးရေးအခက်အခဲများကြုံတွေ့နေကြရသည်။

တပ်မဟာ(၇) ဖားအံ့ခရိုင်။
- ၂၂.၀၈.၂၀၁၀နေ့တွင် DKBA ၅၅၅ တပ်ရင်း၃မှ စောဒါးအယ်အသက်(၁၅)နှစ်စောခူမူအသက်(၁၄)နှစ်တို့ သည်တပ်မဟာ(၇)သို့ပြန်လည်ခိုလှုံခဲ့သည်။ သူတို့နှင့်အတူ AR ၂လက် ကျည်ကပ်၇ကပ် ကျည်ဆံ ၁၇၆ တောင့် တို့ပါလာခဲ့ကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment