နှစ်ရက်အတွင်း တိုက်ပွဲ နှစ်ကြိမ်ဖြစ် နအဖ စစ်အရာရှိ သေဆုံး

သျှမ်းသံတော်ဆင့်သတင်း မှ....

ယခုလလယ်ပိုင်းက ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ၌ နအဖစစ်တပ်နှင့် သျှမ်းပြည်တပ်မတော်အကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွား ခဲ့ရာ ဗမာစစ်တပ်နှင့် ရဲတပ်ဖွဲ့ အနည်းဆုံး သုံးယောက် သေဆုံးကြောင်း စုံစမ်းသိရှိရပါသည်။
၁၇ ရက်နေ့က သျှမ်းစစ်သားလို့ ယူဆရတဲ့ နွားကျောင်းသား ဟန်ဆောင် လူတစုက ဗမာပုလိပ်စောင့်တဲ့ လမ်းကင်းဂိတ် စခန်းကို ၀င်တိုက်တယ်။ အဲဒီမှာ ပုလိပ် တယောက် သေတယ်” ဟု ဒေသခံဝန်ထမ်း တဦးက ပြောပါသည်။
အဆိုပါ ဂိတ်စောင့် ပုလိပ်တို့သည် အ၀င်အထွက် ယာဉ်ကြီး ယာဉ်ငယ်၊ ဆိုင်ကယ်၊ စက်ဘီး ခြေကျင်လျှောက်သူများ ပါမကျန် ပိုက်ဆံ တောင်းယူသဖြင့် ထိုကဲ့သို့ ပစ်ခတ်ခြင်း ခံရသည်ဟုလည်း ရွာသာများ ပြောကြသည်။

ယခုလ ၁၆ ရက်၌လည်း မိုင်းနောင်မြို့နယ်ခွဲ နမ့်မွန်း အခြေစိုက် ခလရ ၂၈၆ မှ ဗိုလ်ကြီးစည်သူနှင့် တပ်ကြပ်ကြီး မျိုးထွန်းက လူထုထံမှ မော်တော်ဆိုင်ကယ်တစီး ချောဆွဲမောင်းနင်ကာ မိုင်းနောင်မြို့ မြောက်ဘက် မိုင့်ဟိုင်းစဲန် သင်္ချိုင်းကုန်း အနီးအရောက် အင်အား ၅ ယောက်ပါ အဖွဲ့တဖွဲ့က အဲမ်ဘွတ်ရှ် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရ၏။

“ဗိုလ်ကြီး စည်သူက ပွဲချင်းပြီး သေတယ်။ တပ်ကြပ်ကြီး မျိုးထွန်းတော့ ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံ အသွားလမ်းမှာ သေသွားတယ်။ သူတို့ရဲ့ ၉ မမ တလက်၊ စကားပြောစက်တလုံး ပါသွားတယ်” မိုင်းနောင် ဒေသခံ တဦးက ပြောပြ၏။

လွယ်တိုင်းလျဲန်း အခြေစိုက် သျှမ်းပြည်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး လောဝ်ဆိုင်ကမူ အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ စိစစ်နေ တုန်းဟု သျှမ်းသံတော်ဆင့်သို့ ဖြေကြားပါသည်။

နောက်တရက် ၁၇ ရက်နေ့၌လည်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲတောင်ဘက် (၀မ့်စိမ်း-မိုင်းနောင်ကြား လက်နက်ကိုင်လူ ၄ ယောက် နွားကျောင်းသား ဟန်ဆောင်၍ ၄ ယောက်ခန့်ရှိ နအဖပုလိပ်စောင့် လမ်းကင်းဂိတ်ကို ၇၅ ကိုက် အကွာမှ တိုက်ခိုက်ခဲ့၏။ နှစ်မိနစ်ကြာ ပစ်ခတ်ပြီး အဆိုပါ လက်နက်ကိုင် နွားကျောင်းသားတို့ တပ်ဆုတ်သွားသဖြင့် ၎င်းတို့ဘက် အခြေအနေ မသိရကြောင်း၊ ဗမာပုလိပ် ၁ ယောက် သေဆုံးကြောင်း နအဖရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပြပါသည်။

0 comments:

Post a Comment