လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

ဖေဖော်ဝါရီလ ၁ရက်နေ့ ၂၀၁၀ခုနှစ်။

တပ်မဟာ(၁) သထုံခရိုင်
- ကျိုက်ထိုမြို့နယ် ၂.၁.၂၀၁၀နေ့ DKBA မှမောင်ချစ်သူအုပ်စု နှင့် ခမရ(၃)တို့ပေါင်းပြီး ခလော် ကျယ်မှဝါးသိုးကလားအထိ ကားလမ်းကို ပိတ်ရံထားပြီး ကားလမ်း၏အနောက်ဘက်ခြမ်းတွင် မြေမြုပ်မိုင်းထောင်ထား။
- ဘီးလင်းမြို့နယ် ၂၆.၁.၂၀၁၀နေ့ ခမရ(၇၀၃) စစ်ကြောင်း(၂)မှူး သိန်းထွန်းအောင်သည် လယ်ချော် ကျေးရွာသို့ဝင်ရောက်ပြီးရွာသားများ၏စားစရာများကိုအတင်းအဓမ္မလုယူတဲ့အပြင် ရွာသားမောင်ဝိန် အားKNUရှိရာသို့လမ်းပြပို့ဆောင်ခိုင်းရာ ထိုသူမှာလမ်းမသိသဖြင့် စစ်ကြောင်းမှူးသည်ထိုရွာသားအား ပါးရိုက်အနိုင်ကျင့်။ဒါ့အပြင် ငွေကျပ်၁၀၀၀၀၊ပုခက်တလုံး၊ဓားမတချောင်းနှင့်ပလိုင်းတလုံးတို့ကိုလည်း အတင်းယူဆောင်သွား။

- ၂၆.၁.၂၀၁၀ နေ့တွင် DKBA 999 စစ်တပ်(၉၀၇)၏မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် နော်မြမြ ပိုင်ဆိုင်သော ကျွဲ၂ကောင်သေဆုံး။
- ၂၆.၁.၂၀၁၀ နေ့တွင် ကျွန်တော်တို့ရဲ့ရဲဘော်၁ဦးဖြစ်သူ စောမောင်တူးသည်နတ်ကြီးကုန်းရှိ DKBA သို့အ ညံ့ခံဝင်ရောက်သွားသည်။
- ၂၈.၁.၂၀၁၀ နေ့ကော်ကပ်လမ်းမပေါ်တွင် KNU နှင့်ခမရ(၂) တို့ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ၂ဦးဒဏ် ရာရ။

တပ်မဟာ(၂) တောင်ငူခရိုင်
- ထန်းတပင်မြို့နယ် ၂၈.၁.၂၀၁၀နေ့ တွင်ပြင်စလိုစခန်းရှိ စကခ(၇) ခမရ(၂၆၁) တို့သည်ပြင်စလိုရွာသား များကို တအိမ်လျှင်လိုလာ၃ရွက်စီခုတ်ပြီးအတင်းအဓမ္မပို့ဆောင်ခိုင်း။
- ဒေါဖခိုမြို့နယ် ၂၈.၁.၂၀၁၀နေ့ တွင် ညိုလယ်ဦးဆောင်သော ခလရ(၂၆၄) အုပ်စုသည်ရွာသူရွာသားများ အားသူတို့၏ဆန်၊စားဆီနှင့် စားသောက်စရာများကို ဖာဒဲကါးမှခယ်ဝယ်စစ်စခန်းထိအတင်းအဓမ္မသယ်ယူ ခိုင်း။ သယ်ဆောင်ပေးရသောရွာများမှာ- (၁)ခယ်ဝယ်ရွာက ဆန်အိတ်၁၀၀ (၂)ကသောပွယ်ရွာက ဆန်အိတ် ၅၀ (၃)သူဂယ်ဒါးရွာကဆန်အိတ်၄၀ (၄)ထီးတပူရွာကဆန်အိတ် ၄၀ (၅)ခူသေဒါးရွာကဆန် အိတ် ၄၀ (၆)ခေါလောကလားရွာကဆန်အိတ်၃၀ (၇)စဘါးလော်ခီးရွာကဆန်အိတ်၃၀ (၈)လယ်ဂီခိုဒါးကါး ရွာကဆန်အိတ်၃၀နှင့် စားဆီ၁၀ပုံး (၉)လယ်ဂီခိုဒဲခိုရွာကဆန်အိတ်၄၀နှင့်စားဆီ၁၀ပုံး တို့ဖြစ်ပါသည်။

တပ်မဟာ(၃)ညောင်လေးပင်ခရိုင်
- ၂၈.၁.၂၀၁၀ နေ့၁၅း၄၅အချိန်တွင်ကျွန်တော်တို့ သူးရေး(၉)မှရဲဘော်များ၏မော်ဒေးလမ်းခုလတ်ကြား တိုက်ခိုက်မှုကြောင့် ရန်သူစုစုပေါင်း၅ဦးကျပြီး ထိုအထဲတွင်ဗိုလ်လေးတဦးပါဝင်။

တပ်မဟာ(၆) ဒူပလာယာခရိုင်
- ကော်တရိမြို့နယ် ၂၆.၁.၂၀၁၀နေ့တွင် DKBA မှဒီဘိုးသည်အောက်ပါရွာများအားအတင်းအကျပ်ငွေ တောင်းဆို- (၁)ကတိုးထာ၅၀၀၀၀ကျပ် (၂)အောင်လံ ၅၀၀၀၀ကျပ်(၃)ကြည့်ကဝ ၁၀၀၀၀၀ကျပ်
- ၂၉.၁.၂၀၁၀နေ့ DKBA 907 စောသူးလယ်၏လူ ဖားနကျပ် သည် ကြည့်ကဝ ရွာမှအမည်စာရင်းမပေးလို သူကို ငွေ၇၀၀၀၀ကျပ် အတင်းတောင်းဆို။
- ၃၀.၁.၂၀၁၀ နေ့တွင်DKBA 908 မှမောင်ညိုရွှေသည်ကော့ကသော်ရွာမှ (၁)အညင်း ၄၇နှစ်၏ကြက်၁၁ ကောင် ဆိတ်၂ကောင်၊ (၂)မောင်နိုင်စိန်၅၀နှစ်၏ကြက်၁ကောင်ကိုအနိုင်ထက်စီးနင်းပြီးယူဆောင်သွား။

တပ်မဟာ(၇) ဖားအံ့ခရိုင်
- ၃၀.၁.၂၀၁၀ နေ့တွင် DKBA မှ စောမူးဟဲ(၂၅)နှစ်၊ ဒီချူးဝါး(၃၀)နှစ်တို့သည် အမြင်မှန်ရပြီး မိခင်KNU နှင့်ပြန်လည်ပူးပေါင်းကြောင်းသတင်းရရှိ။

0 comments:

Post a Comment