ဗိုလ်ချုပ်မှူးကြီး ရှောက်သီးဆေးပြားနှင့် အဖွဲ့ 

နေ့သစ်မှ.......

မြန်မာ စစ်တပ်က ဂေး တွေလို့ပြောတော့ မကြိုက်ပြန်ဘူး။ ဂေး တွေကို ကျနော် မစော်ကားပါဘူး။ ဂေးချင်ရင်လည်း ပြောင် ကြေညာလိုက်ကြပါ။ ကျနော်တို့  မရှုတ်ချပါဘူး။ ဒီမိုကရေစီမှာ ဂေးရိုက်လည်း ရှိပါတယ်။ နအဖ စစ်တပ်မှာ အ ခြောက်စိတ်ရှိနေကြောင်းကို ရမ်ဘိုရုပ်ရှင်မှာ သရုပ်ဖေါ်ထားတာ အကြောင်းရှိပါတယ်။


၁- မြန်မာ စစ်ဗိုလ်တွေဟာ ငါဒို့မှ မတထောင်တကောင်ဘွား ယောက်ကျားလိုလို လုပ်လေ့ရှိပါတယ်။ ယောက်ကျားပီသ တယ်။ ယောက်ကျားမှ မြတ်တယ်။ ယောက်ကျားမှ လုပ်နိင်တယ်ဆိုတဲ့ ယောက်ကျားမာန်အစွန်းရောက်မှုဟာ စိတ်ပညာ အရ ခြောက်သူတွေ ဖြစ်ပါတယ်။ လူရှေ့သူရှေ့မှာ ဗလကြီးတွေ တပြပြ လုပ်တတ်ကြပါတယ်။ ဒီလူတွေဟာ တဖက်စွန်း ကို ခုန်ကူးသွားလေ့ ရှိပါတယ်။
၂- ဒီအချက်ကိုသေခြာစေတဲ့ အချက်ကတော့ မြန်မာစစ်တပ်မှာ အမျိုးသမီးအရာရှိတွေ မရှိပါဘူး။ အခုဖွဲ့တဲ့ လွတ်တော်၊ အစိုးရအဖွဲ့မှာလည်း အမျိုးသမီးတွေ မပါတာ အားလုံးသိပါတယ်။ အမျိုးသမီးတွေကို ဗိုလ်တွေက ပြိုင်ဘက် (လင်လု ဖက်) လို့ မသိစိတ်က ဖြစ်နေတာပါ။ ဒါကြောင့် အမျိုးသမီးတွေဟာ မြန်မာစစ်တပ်မှာ နေရာမရှိပါဘူး။ သူတို့လုပ်တဲ့ စီမံ ကိန်းတွေ၊ ကိုယ်စားလှယ် ရွေးချယ်ပွဲတွေမှာ အမျိုးသမီး ကိုယ်စားလှယ်တွေကို ရွေးချယ်တာဝန်ပေးလေ့ မရှိပါဘူး။
၃- အခြောက်တွေဟာ ယူနီဖေါင်းကို သိပ်ကြိုက်တယ်။ စစ်ယူနီဖေါင်း၊ လေယာဉ်မောင်ယူနီဖေါင်၊ သဘောင်္သားယူနီ ဖေါင်းတွေကိုတွေ့ရင် သူတို့ အိနြေ္ဒမဆောင်နိုင်ကြပါဘူး။ မြန်မာစစ်ဗိုလ်တွေကလည်း ယူနီဖေါင်းကို သိပ်ကြိုက်တယ်။ အပေါ့အပါးသွားချိန်မှာပဲ သူတို့ ယူနီဖေါင်းချွတ်လေ့ရှိတယ်လို သူငယ်ချင်း ဒီအက်စ်အေပြုတ်တယောက်က ရင်ဖွင့်ဖူး တယ်။ အမေရိကန်စစ်တပ်မှာ အခြောက်တွေများများနေတာဟာ ဒီအချက်က တခုအပါအ၀င် ဖြစ်ပါတယ်။
၎- တဖက်မှာလည် သူတို့ခြောက်နေတာကို လူမသိအောင် အဆောင်အယောင်တွေ၊ (ယူနီဖေါင်းတွေ) ၀တ်ရ၊ သေနပ် တွေချိတ်ပြီး ဟိန်းဟောက်ပြရ၊ ကုန်ကုန်ပြောရရင် လူမှုရေးလိုအပ်ချက်အရ ခြောက်တာကို ဖုံးကွယ်ဖို့ သူတို့ အိမ်ထောင် ပြုခြင်း သားမွေးခြင်းအလုပ်ကို လုပ်ကြတာပါ။ ဖြစ်နိင်ရင် သူတို့ကိုယ်တိုင် ၉ လလွယ် ၁၀ လဖွား ကိုယ်ဝန်ဆောင် မိန်မ သားဘ၀ကို လိုချင်ကြတာပါ။
၅- တဖက်မှာလည်း ဗိုလ်မှုးကြီဘယ်သူ၊ ဗိုလ်ချုပ်ကြီးဘယ်ဝါနဲ့ လုပ်ရသေးတယ်ဆိုတော့ ခြောက်ချင်တိုင်းခြောက်ခွင့် မရ ကြပေဘူး။ ခုလို အခွင့်အလန်းလေးဘာလေးလည်းရရော ချိပ်ထမိန် ကိုယ်စီဝတ်ပြီး ထွက်ချလာတာပါ။ မူလဇာတိပေါ် လာခဲ့တာပါ။
၆- ရဲဘော်တို့ရေ ရဲဘော်တို့ အလေးပြုနေတာ ရှောက်သီးဆေးပြားတွေဆိုတာကို သိရင်တချက်တော့ စဉ်းစားကွာ။
၇- မိတ်ဆွေတို့ထဲမှာ မိန်းမလျာ (ခ) Gay တွေရှိနေရင် ကျနော်တို့ မစော်ကားဘူး။ ဒီမိုကရေစီမှာ Gay Rights ရှိတာကို ထောက်ခံပါတယ်။

0 comments:

Post a Comment