ကော့ကရိတ်အနီး တရုတ်ဖြူတောင် ဝါးစခန်းအား ဒီကေဘီအေ ဝင်ရောက်တိုက်ခိုက်

နေ့သစ် မှ............

ဖေဖော်ဝါရီလ ၁၂ နေ့က စတင်ပြီး မြဝတီ ကော့ကရိတ်ကားလမ်းကို ဒီကေဘီအေဘက်က ပြည်သူလူထု ထိခိုက်ဒဏ်ရာ ရမှု မရှိရလေအောင် သွားလာခွင့်တွေ ပိတ်ပင်လိုက်ပြီးနောက် မြဝတီ ကော့ကရိတ်ကားလမ်းပေါ်မှာ နေ့စဉ်ရက်ဆက်လို လို တိုက်ပွဲထိတွေမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။
ဒီကနေ့ ကော့ကရိတ်မြို့အနီး မြဝတီ ကော့ကရိတ် ကားလမ်းပေါ်က ဝါးစခန်း တရုတ်ဖြူတောင်မှာရှိတဲ့ နအဖ လမ်း ကင်းတပ်တွေကို ဒီကေဘီအေ ဗိုလ်ဂျပန် ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ နေ့လည် ၁၂ ခန့်က ဝင်ရောက်တိုက်ခိုက် ခဲ့ပါတယ်။

တိုက်ပွဲက နေ့လည် ၁၂ နာရီလောက်ကဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတာကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။ မြဝတီမြို့က မြို့ခံမျက်မြင်တွေ့ရှိသူတွေ ပြောပြတာကတော့ ဒီနေ့ နေ့လည်လောက်က ကော့ကရိတ်ဘက်ကနေ နအဖ တပ်က ဒဏ်ရာရ လူနာတွေကို မြဝတီဆေးရုံးကို သယ်လာတာတွေ့ရတယ်လို့ ပြောပြပါ တယ်။ ဘယ်နေရာမှာ တိုက်ပွဲ ဖြစ်နေတယ်ဆိုတာလဲ သေချာ မသိဘူးလို့လည်း ရှင်းပြပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကဆိုရင် ကချောဝါးလေးတောင်ကုန်းနားက သုံးထပ်ကွေ့ နေရာမှာ ဒီကေဘီအေဘက်က မိုင်း စစ်ဆင်တိုက်ခိုက်လိုက်တဲ့အတွက် နအဖ တပ်မ (၂၂) လက်အောက်ခံ ခမရ (၃၅၇) တပ်ရင်းမှ တပ်ဖွဲ့ဝင် ၂၀ ကျော် ထိ ခိုက်သေဆုံးခဲ့ပြီး၊ အဲဒီအထဲမှာ ဗိုလ်ကြီး ၁ ဦး၊ အရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၆ ဦး အပါအ၀င် စုစုပေါင်း ၁၀ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ DKBA တပ်မဟာ (၅) နှင့် ပြန်လာပူးပေါင်းသည့် DKBA တပ်မဟာ (၉၉၉) မှ တပ်ရင်း (၅) မှူးဖြစ်သူ ဒုဗိုလ်မှူးကြီးစောဖိုးခလိက ပြောပြတယ်လို့ ကေအိုင်စီ သတင်းမှာ ဖေါ်ပြထားပါတယ်။
အလားတူ ဒီလ ၁၃ရက်နေ့ကလည်း ကော့ကရိတ်မြို့က တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) ရုံးကို DKBA တပ်ဖွဲ့က လက်ပစ်ဗုံးနဲ့ သွားရောက်တိုက်ခိုက်ခဲ့ရာ နအဖ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လိုလဲ ကေအိုင်စီ သတင်းများ အရ သိရှိရပါတယ်။

0 comments:

Post a Comment