ကရင်ဘက်ကို ထိုးစစ်ဝင်နိုင်ဟုဆို

မဇ္ဈိမ သတင်းမှ

ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တို့ ပူးပေါင်း တပ်များ တည်ရှိရာသို့ အစိုးရတပ်မှ စစ်ကြောင်းများ ထိုးစစ်ဆင်နိုင်ဖွယ် ရှိသည်ဟု ကရင်ပူးပေါင်းတပ်များက ပြောသည်။

“ကျနော်တို့ သိထားရသလောက်တော့ သူတို့ဘက်က ထိုးစစ်လုပ်ဖို့ အဆင်သင့်ရှိနေပြီ။ ကျနော်တို့ဘက်ကလည်း အဆင်သင့် စောင့်နေတာပေါ့” ဟု DKBA ကလို့ထူးဘော ဗျူဟာမှူး ဗိုလ်မှူးကျော်သက်က မဇ္ဈိမကို ပြောသည်။

လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသတွင် အင်အား၁,၀၀၀ ကျာ်ရှိသည့် ကရင်နယ်ခြားစောင့်တပ်ရင်း ၄ ရင်းက ဇွန်လ ၁၇ ရက်နေ့တွင် KNU နှင့် DKBA တပ်များနှင့် ပြန်လည် ပေါင်းစည်းမှု ဖြစ်ပေါ်ပြီးနောက်အစိုးရဘက်မှတပ်မ ၄၄နှင့်တပ်မ ၁၁တို့ကိုတိုက်ခိုက်ရန်ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ DKBA ၏ မြိုင်ကြီးငူဗဟိုဌာနချုပ်အနီးတွင်လည်းအစိုးရတပ်များချဉ်းကပ် နေရာယူထားသလိုကမမောင်းမြို့နယ် အတွင်းသို့ဝင်ရောက်လာနေကြသည်ဟုလည်း ဗိုလ်မှူးကျော်သက်ကပြောသည်။

နယ်ခြားစောင့်တပ်အဖြစ် ၉ လကျော်အကြာ တာဝန် ထမ်းဆောင်ပြီးနောက် DKBA များက ပြန်လည် ပုန်ကန်မှုကို ပြသသည့် အနေဖြင့် DKBA တံဆိပ်များ ဇွန် ၁၇ ရက်နေ့မှစ၍ ပြန်လည် တပ်ဆင်လာခဲ့ကြသည်။

ကရင်လူမျိုးများ အတွက်လည်း ပြောင်းလဲတိုးတက်မှုကိုမတွေ့ရသဖြင့်ယခုကဲ့သို့ ပြန်လည်ဘက်ပြောင်းလာခြင်း ဖြစ်သည်ဟု DKBAတပ်မှူးဗိုလ်မှူး ချစ်စရာက မဇ္ဈိမကို ပြောသည်။

စိုးရိမ်မှု ရှိလာသူ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန နယ်ခြားစောင့်တပ်များ ဆိုင်ရာ ညွန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်းတို့က မြိုင်ကြီးငူတွင် DKBA မှ ဆရာတော် ဦးဉာဏိကနှင့် ဇွန် ၁၇ ရက်နေ့တွင် သွားရောက် ဆွေးနွေးခဲ့ကြသည်။ အစိုးရ ကိုယ်စားလှယ်များ လာရောက်ချိန်တွင် DKBA တပ်များအပေါ် သြဇာညောင်းသည့် မြိုင်ကြီးငူဆရာတော် ဦးသုဇန ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသမှု ခံယူနေချိန် ဖြစ်သည်။

ဗိုလ်ချုပ်မောင်မောင်အုန်းက နယ်ခြားစောင့်တပ်အဖြစ် မနေလျှင် တိုက်ခိုက်ယုံမှတပါး ရွေးချယ်စရာလမ်းမရှိဟု ခြိမ်းခြောက်သည်ဟုလည်း DKBA ဘက်က ပြောသည်။ ထို့နောက် စစ်တပ်များ တိုးချလာခြင်း ဖြစ်လာခဲ့သည်။

“ဒီနေရာကိုသူတို့လက်နက်အင်အားသုံးပြီးတော့ယူသွားနိုင်ပေမယ့်ကျနော်တို့ကျွမ်းကျင်နယ်မြေဖြစ်တဲ့အတွက်ကြောင့်သူတို့တွေရဲ့အသက်တွေအများ ကြီး စတေးပြီးမှ ဒီနေရာကို ရပါလိမ့်မယ်။ ကျနော်တို့ကတော့ပြောက်ကျားစနစ်အပါအဝင်နည်းမျိုးစုံ ပြင်ထားတယ်”ဟုဗိုလ်မှူးချစ်စရာကမဇ္ဈိမကို ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး၏တပ်ဖြစ်သောကရင်လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်မှူးကြီး ဖောဒိုက“ကျနော်တို့တကယ်လိုချင်တာက စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဗျ။ အခုတက်လာတဲ့ အစိုးရသစ်ကလည်းဒီကိစ္စကိုလုပ်ဖို့အစီအစဉ်ရှိပုံမပေါ်ဘူး။နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့ သူတို့မှာ ရှိဟန်လည်း မပြဘူး။ဒါကြောင့်မို့သူလက်အောက်မှာသွားနေခဲ့တဲ့နယ်ခြားစောင့်တပ်တွေကအခုလိုမြိုင်ကြီးငူဒေသကိုအာဏာပြန်သိမ်းတာနဲ့ ကြုံနေရတာပဲ” ဟုပြောသည်။

0 comments:

Post a Comment