တိုက်ပွဲနှင့်လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

တပ်မဟာ (၅) ဖာပွန်ခရိုင်
၁၇/၁/၂၀၁၀- DKBA ၏နိပ်ဆက်မူ့ကို မခံနိုင်သော ကွီးနိုထာ ရွာသားများစုစုပေါင်း
၁၁၃ ယောက်၊ ကျား ၅၄ယောက်၊ မ ၅၉ ယောက်၊ အိမ်ထောင်စု ၁၈ စု တို့သည်
တပ်မဟာ (၃) နယ်မြေသို့ (၄) အုပ်စု၊ တပ်မဟာ (၁) နယ်မြေသို့ (၃) အုပ်စု၊
တပ်မဟာ (၅) နယ်မြေ တွင် (၁၁) အုပ်စု နေခဲ့၊ ၄င်း(၁၁) အုပ်စုသည် မလေး
လယ်ကျေးရွာအုပ်စု၊ သရိခို ရွာသစ်တွင် သွားနေ။

တပ်မဟာ (၁) ဒူးသထူ ခရိုင်
@ ဘားအံမြို့နယ်၊ ၇/၂/၂၀၁၀- DKBA မှ ဖားဒဲ နှင့် ခမရ (၂၀၆) ပူးပေါင်းပြီး
အီးဟဲ ရွာကြီး သို့ဝင်ပြီး ၀က်တစ်ကောင် တန်ဖိုး ၅၀၀၀၀ ကျပ်၊ ဆီ ၄ ပိသာ၊
တန်ဖိုး ၁၆၀၀၀ ကျပ်၊ ဆိတ်တစ်ကောင် ၂၀၀၀၀ ကျပ်၊ ဘီယာ ၄ ဖာ တန်ဖိုး
၈၀၀၀၀ ကျပ်၊ တို့ကို ငွေမပေးဘဲ တောင်းယူသွားပြီး ရွာသား များကို ကျသင့်
ငွေ ပေးစေပါသည်။

@ ဘီးလင်းမြို့နယ်၊ ၉/၂/၂၀၁၀- နအဖ စကခ (၄) ခမရ (၇၀၇) ဗျုဟာ (၁) မူး
စံဝင်း သည် တပ်ရိက္ခာ များကို ထမ်းပေးရန် အတင်းအဓမ္မ စေခိုင်းခဲ့ပါသည်။
စေခိုင်းခံရသော ရွာများမှာ ဝေါ အနောက်ဖက် မယ်ပရေးခီးဒဲ ကျေးရွာအုပ်စုမှ
(၁) ပဒါဒို (၄၀) အိတ်၊ (၂) စီကိုး (၁၂) အိတ်၊ (၃) ညာစူထာ (၁၀)အိတ်၊ (၄)
တောင်ကလေး (၈) အိတ် စုစုပေါင်း (၇၀) အိတ်။

@ ဘီးလင်းမြို့နယ်၊ ၁၃/၂/၂၀၁၀- ခလရ (၉၆) က ဝေါမူ မှ ခူသူးထာ နှင့် မဲဝေသို့
ရိက္ခာပို့ရန်တွက် နတ်ကြီးတွင် လှည်းအစင်း (၈၀) အတင်းအဓမ္မ ခေါ်ယူစေခိုင်း၊
အစင်း (၄၀) ထွက်ပြေးတိမ်းရှောင် သဖြင့် ထွက်ပြေးလှည်း တစ်စင်းအတွက် ငေီ
ကျပ် ၁၀၀၀၀၀ ဆီတောင်းယူ။ ငွေမပေးနိုင်က လှည်းပိုင်ရှင်၏ မိန်းမ ကို ထိတ်တုံး
ခတ်မည်ဟု ခြိမ်းခြောက်။

@ သထုံမြို့နယ်၊ ၁၄/၂/၂၀၁၀- တပ်မ (၂၂) ခမရ (၂၀၆) တပ်ရင်းမူး နိုင်မင်း သည်
ဝါပူ ရွာသား ထံမှ တန်ဖိုး ၈၀၀၀၀ ကျပ် ရှိ ၀က် တစ်ကောင်ကို တောင်းစားသွား။

“ရပ်ရွာ အေးချမ်းသာယာရေး ၀ိုင်းဝန်းကူညီစောင့်ထိန်းပေး”
@ ဘားအံမြို့နယ်၊ ၁၆/၂/၂၀၁၀- နတ်ကြီးတွင် စခန်းထိုင်သော ခမရ (၃) တပ်ခွဲ (၃)
မှ ကိုယ်ပိုင်နံပတ် ( ၁၄၀၄၆၃၃) တပ်သား သိန်းကျော် သည် MA-1 တစ်လက်၊
ကျည်ကတ်တစ်ကတ်၊ ကျည်ဆံ (၃၀) နှင့် အတူ မိမိတပ်ဖွဲ့ထံတွင် လာရောက်အပ်
နှံပူးပေါင်း။
@ ဘီးလင်းမြို့နယ်၊ ၁၆/၂/၂၀၁၀- DKBA 999 တပ်ရင်း (၉၀၃) တပ်ခွဲ (၂) မှ တပ်
ကြပ် စောဥက္ကာ သည် ကာဘိုင် တစ်လက်နှင့် အတူ မိမိတပ်ဖွဲ့ထံ လာရောက်ပူး
ပေါင်း။

@ ဘီးလင်းမြို့နယ်၊ ၁၆/၂/၂၀၁၀- ၂၁၀၀ နာရီချိန် ခမရ (၇၀၃) စစ်ကြောင်း (၂) မူး
သိန်းထွန်းအောင် သည် ထီးချေညခီးအရပ် လယ်ခလော်ရွာသား များအားပစ်ခတ်
သဖြင့် စောမောင်ချစ် (၂၅) နှစ်မှာ ရင်ဘတ်တွင်ကျပ်၎င်း၊ မောင်ကျော်ကိုင် (၂၅)
နှစ် မှာတင်ပဆုံ တွင်၎င်း ထိမှန်ခဲ့ပါသည်။

@ ဘားအံမြို့နယ်၊ ၁၈/၂/၂၀၁၀- ခမရ (၂၀၆) မှ ဗိုလ်မူးအေးထိုက် သည် ဘောဒိကိုး
ရွာသား ထံမှ ကြက်တစ်ပိသာ ကို ငွေမပေးဘဲ တောင်းစားသွား။
(ဘောဒိကိုရွာသား က နအဖ ဗိုလ်မူး ထက် ချမ်းသာတဲ့ ပုံဘဲ)

တပ်မဟာ (၂) တောင်ငူခရိုင်
@ တပ်ရင်း(၇) ၇/၂/၂၀၁၀ တွင် တပ်ရင်း (၉) သို့ ၀င်ရောက်လာသော နအဖ တပ်
အား (၇) ကြိမ် ပျောက်ကြားစစ်ဆင်တိုက်ခိုက်ရာ နအဖ မှ (၇) ဦးဒဏ်ရာရ၊
နောက်ထပ် (၂) ကြိမ်တိုက်ခိုက်ရာ (၇) ဦးထပ်မံ ဒဏ်ရာရ၊ မိမိဖက်မှ နယ်မြေ
တက်ရောက်ရှင်းလင်းရာ၊ မသယ်နိုင်ဘဲထားခဲ့သောရန်သူအလောင်း (၃) လောင်း
ကို တွေ့ရှိ။
@ တပ်ရင်း(၇) ၁၂/၂/၂၀၁၀- ခမရ (၃၅၀) နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ နအဖ မှ (၂)ဦး
ဒဏ်ရာရ။
@ တပ်ရင်း(၉) ၁၅/၂/၂၀၁၀- မောင်စိုးခို တွင် ရန်သူ နှင့် ရင်ဆိုင်ပစ်ခတ်ရာ နအဖ
ဖက်မှ (၁)ဦးသေ၊ (၁) ဦးဒဏ်ရာ ရ။
@ ၁၅/၂/၂၀၁၀- ခမရ (၄၃၈) မှ တပ်သား (၂) ဦး MA-1 နှစ်လက်၊ ကျည် (၂၄၀)
နှင့်အတူ မိမိတပ်ဖွဲ့ထံတွင် လာရောက်ပူးပေါင်း။
@ ၂၁/၂၆၂၀၁၀- ကလိုစိုး တွင် ခမရ (၃၆၆) နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်၊ ရန်သူဖက်မှ
(၁) ဦးဒဏ်ရာရ။
@ ၂၃/၂/၂၀၁၀- မိမိဖက်မှ ခမရ (၃၆၃) ကို ပစ်ခတ်ရာ ရန်သူဖက်မှ (၁) ဦးဒဏ်ရာရ
@ ၂၄/၂/၂၀၁၀- မိမိတပ်ရင်း (၉) မှ ရန်သူ စကခ (၁၀) ခမရ (၃၆၅) နှင့် စောမီလူ
နှင့် ကုန်းဖျံ လှည်းလမ်းထိတ်တွင် ရင်ဆိုင်ပစ်ခတ်ရာ ရန်သူဖက်မှ (၅)ဦးသေ၊
(၇)ဦး ဒဏ်ရာရ၊ ရန်သူထံမှ MA-1 နှစ်လက်၊ MA-4 တစ်လက်၊ MA ကျည် (၁၂)
တောင့်၊ ကျည်ကတ် (၅)ခု၊ M-79 ဗုံးသီး (၁၃) လုံး၊ လက်ပစ်ဗုံး (၁)လုံး၊ မိမိဖက်
မှ (၁)ဦး တိုင်းပြည်နှင့်လူမျိုးတွက်အသက်ပေးလှုသွား၊ (၆) ဦးဒဏ်ရာ ရသည့်ထဲ
တွင် (၁)ဦးမှာ ဒဏ်ရာ ပြင်းထန်။

တပ်မဟာ (၄) မြိတ် ထားဝယ်ခရိုင်
@ ၁၃/၂/၂၀၁၀- ၁၃း၂၅ ချိန်၊ ရန်သူတပ်ရင်း (၁၇) ကို မနိုရိုး ရွာနားတွင် စောင့်
ပစ်ရာ ရန်သူ (၂) ဦးသေ၊ (၁) ဦးဒဏ်ရာရ၊ မိမိ ဖက်မှ (၁) ဦး တိုင်းပြည်နှင့်
လူမျိုးတွက် အသက်ပေးလှုသွား။

တပ်မဟာ (၅) ဖာပွန်ခရိုင်
@ ၄/၂/၂၀၁၀-၀၈း၂၀ ချိန်၊ ရိက္ခာပို့ ၇န်သူများကို စောဘွောဒဲဂွင်၊ နာအူးကွင်းတွင်
မိမိဖက်မှ ပစ်ခတ်ခဲ့သဖြင့် ရန်သူ (၁) ဦးသေ။
@ ၇/၃/၂၀၁၀= တပယ်တူတွင် ၇န်သူကို ပစ်ခတ်ခဲ့သဖြင့် ရန်သူ (၁) ဦးသေ။
@ ၈/၃/၂၀၁၀- DKBA 666 မှ တပ်ရင်းမူး ဖားနာဒိ၊ လုံခြုံရေးတပ်ရင်းမူး မောင်ချစ်
နှင့် ဖားဆဲတို တို့သည် ၀ါကျုခို ရွာသို့ လာပြီး ရွာသူကြီး ကိုဖမ်းဆီးပြီး သေနတ်
ဒင်ဖြင့် ဦးခေါင်းကို ၃ ချက်ထိုး၊ ပုခုံးကို ၃ ချက်ကန်၊ မျက်နှာ ကိုထိုးကြိတ်၊ မေး
မြန်းစဉ်တွင် မိုးပေါ်ကို သေနတ်ပစ်ဖေါက်ခြိမ်းခြောက်၊ တစ်ချိန်တည်း ရွာသား
စောထွန်းအောင် ၏မျက်နှာအား ၃ ချက်ထိုးကြိတ်ပြီး သူတို့နေထိုင်ရာ မယ်မွဲထာ
စခန်းကို ပြန်သွား၊

@ ၉/၃/၂၀၁၀- ခေးပူအရပ်၊ ဆာလော်ကြိုးတွင် ရန်သူ နှင့်ရင်ဆိုင် ပစ်ခတ်၊ ရန်သူ
ဖက်မှ (၂) ဦးဒဏ်ရာရ၊ တစ်ရက်တည်း လယ်မူတရောတွင် ရန်သူကိုတိုက်ခိုက်
ရာ ရန်သူ (၅) ဦး ဒဏ်ရာရ၊ တစ်ရက်တည်း စီဒေး တွင် ရန်သူ ကို ထပ်မံ ပစ်
ခတ်ရာ ရန်သူ (၅) ဦး ထပ်မံဒဏ်ရာရ၊ တစ်ရက်တည်း ရန်သူကို တမေးထာ နှင့်
ဘောလေ တွင် တိုက်ခိုက်ရာ မြင်း (၁၅) ကောင်ဒဏ်ရာရ၊ ဆက်ပြီး ၀ါကာခို
တွင် ရန်သူ ကို တိုက်ခိုက်ရာ ရန်သူ (၇) ဦးဒဏ်ရာရ၊ တစ်ရက်တည်း ရန်သူကို
ထီးကိုကွီးဆိမူဟဲဒဲ ဂိင်တွင် ပစ်ခတ်သဖြင့် ရန်သူ (၁) ဦးဒဏ်ရာရ။

@ ၁၀/၂/၂၀၁၀- မူနွယ်ဒေး တွင် ရန်သူကို ချောင်းပစ်၊ ရန်သူ (၃) ဦးဒဏ်ရာရ။
@ ၁၂/၂/၂၀၁၀- နအဖ၏ မဲပရေခီးစခန်းနေ ခမရ (၇၀၄) မှ စစ်ကြောင်းမူး
သန်းထွန်းဝင်း သည် တပ်ရိက္ခာ ကို ဝေါမူ မှ မဲပရေ စခန်းထိ ရွာသားများအား
လုပ်အားခ မပေးဘဲ အတင်းအဓမ္မ ထမ်းပို့ခိုင်း။ ရိက္ခာ ထမ်းပို့ခဲ့ရသော ရွာများ
မှာ ဝေါမူ၊ ဆန် ၆၀၀ အိတ်။ ဖိုဃဲထာ-ဆန် ၂၀၀ အိတ်၊ မက်ပူထာ-ဆန် ၃၀၀
အိတ်၊ မဲပူခီး-ဆန် ၁၀၀ အိတ်၊
( သင်္ကြန်တွင် ဗိုလ်မူးကတော်ပန်ရန် စိန်နားကပ် နှင့် ရွှေဆွဲကြိုးလိုနေပါသဖြင့် လုပ်အားခ
မပေးနိုင်သေးပါကြောင်း)

@ ၁၂/၂/၂၀၁၀- ဖွေးတော နှင့် ဖျာဟဲထာ နားတွင် ရန်သူကို တိုက်ခိုက်ရာ
ရန်သူ (၄) ဦးသေ။ တရက်တည်း ပါဟဲ ဂွင်တွင်ရန်သူကို ပစ်ခတ်ရာ ရန်သူ (၁)
ဦးဒဏ်ရာရ၊ တစ်ရက်တည်း တာကျော်ဖိုးထာ တွင် ရန်သူ ကို ပစ်ရာ (၃) ဦးဒဏ်
ရာရ။
@ ၁၃/၂/၂၀၁၀- ရက်တွင် ၇န်သူ နှင့် ကျောက်ညှပ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်၊ ရန်
သူ (၁) ဦးသေ။
@ ၁၅/၂/၂၀၁၀- နအဖ ကျန်းမာရေးဌာနမှ မထောက်ကျေးရွာ အုပ်စုသို့ အောက်
အောက်ပါအတိုင်း ခြင်ထောင်များ ကိုပေးလှုခဲ့ပါသည်။ မီးသွေးချောင်းရွာ(၅၀)ခု၊
တာဟူလို (၂၁)လုံး၊ သန်မကျုလော (၁၈) လုံး၊ အုန်းတော (၂၁) လုံး၊ မထောက်
(၆၀) လုံး၊ ပိုဘောခို (၅၀) လုံး၊ ကူးဆိပ် (၃၆) လုံး၊ တဒွီးခို (၂၆)လုံး။
(ဟဲဟဲ.. NGO ကလှုတာမဟုတ်ပါဘူး။ ပြီးရင် ထောက်ခံမဲလေး ထည့်သွားပါအုံး
It is also called " divide and rule")

@ ၁၆/၂/၂၀၁၀- DKBA 333 မှခေါင်းဆောင် ဖားဘီးခို သည် ရွာသားများကို ဖွေး
တောမှ ဒိုခိုဝါး ရွာထိ ရိက္ခာများ ကို အတင်းအဓမ္မထမ်းပို့ခိုင်း၊ ရွာသားများမှာ
မော်ထာ မှ (၃) ဦး၊ ဒိုခိုဝါးမှ (၅) ဦးဖြစ်ပါသည်။

@ ၁၉/၂/၂၀၁၀- ဆာလော်ကြီး၊ ခေးပူရွာတွင်နေသော နအဖ တပ်သည် ၀၉း၄၇
ချိန်တွင် တရူထာ သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စာသင်ကျောင်း တွင်ကျ
ရောက်ပေါက်ကွဲသဖြင့် ကျောင်းသား (၃) ဦးကို ထိမှန်၊ စောရိုးဘီမူး (၁၅) နှစ်
၂၁/၂/၂၀၁၀ နံနက်၃း၁၅ ချိန် တွင် သေဆုံး၊ စောဆာကပြူထူး (၈) နှစ် လက်
မောင်းတွင် ဒဏ်ရာရ၊ စောအယ်ကော်တော (၈) နှစ် ပေါင်တွင် ဒဏ်ရခဲ့။

တပ်မဟာ (၆) ဒူးပလာယာခရိုင်
@ ၉/၃/၂၀၁၀- ရက်နေ့ ၉း၀၀ ချိန်၊ ဘုရားငုတိတိုစခန်း နေ ခမရ (၄၀၉) မှ
ရဲဘော် (၃) ဦး မိမိတပ်ရင်း (၁၇) ထံ လာရောက်ပုးပေါင်း။ MA-1 (၃) လက်၊
ကျည်ကပ် (၇)ခု၊ ကျည်ဆံ (၄၉၀) တောင့်၊ အပ်နှံ။ ရဲဘော်များမှာ (၁) ခိုင်
လင်းထက်၊ (၂) မိုးမြတ်ကို၊ (၃) ကျော်မင်းထက်။
(ခမရ (၄၀၉) မှ တပ်ရင်းမှုးခင်ဗျား ရဲဘော် (၃) ဦး ရဲ့ လစာ နှင့် ရိက္ခာခွဲတမ်းကို လုပ်ထုံး
လုပ်နည်းအတိုင်း ဆက်လုပ်လိုက်ပါခင်ဗျား


မှတ်ချက်၊ KNU ရုံးမှသတင်းထုတ်ပြန်ချက်ကို ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

အနီရောင်စာလုံးသည် ဘာသာပြန်သူ၏ အာဘော်သာဖြစ်ပါသည်။

KarenUnited မှပြန်လည်ကူးယူတင်ပြထားသည်။

0 comments:

Post a Comment