တပ်မဟာ(၃) နှင့် တပ်မဟာ(၅) တို့၏နအဖတပ်ကိုဆုံးမမှုသတင်းအကျဉ်း

နောင်တရိပ်သာ Blog မှပြန်လည်ကူးယူဖော်ပြထားသည်။

- တပ်မဟာ(၃) နှင့် နအဖတို့ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် နအဖဘက်မှ သေဆုံးသူနှင့်ဒဏ်ရာရ သူစုစုပေါင်း ၂၀ ယောက်နီးပါးရှိခဲ့သည်။
- မေလ၁ရက်နေ့မှစပြီး၂၀ရက်နေ့ထိ တပ်မဟာ၃၏တပ်ရင်း(၇)(၈)နှင့်(၉)တို့သည်ရန်သူနအဖနှင့်နေရာ (၅)နေရာတိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ (၈)ယောက်သေ၊ (၈)ယောက်ဒဏ်ရာရခဲ့သည်။
- မေလ ၂၀ရက်နေ့တွင် တပ်ရင်း(၇)နှင့်နအဖတို့ထီးဘလားအရပ်မှာ ၁၅မိနစ်ကြာတိုက်ပွဲဖြစ်ပွားရာ နအဖ ဘက်မှ ဗိုလ်ကြီး၁ဦး တပ်ကြပ်ကြီး၂ဦး တပ်ကြပ်၁ဦး နှင့်တပ်သား ၄ဦးသေဆုံးခဲ့သည်။ တပ်ရင်း(၇)မှ MA11 ၂လက် ကျည်ကတ်၃ကတ် ကျည်၂၅တောင့်ရရှိခဲ့သည်။

- မေလ ၁၁ရက်နေ့နှင့် ၁၃ရက်မှာ တပ်ရင်း(၈)နှင့် ရန်သူနအဖတို့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၁ ဦးသေ ၄ဦးဒဏ်ရာရခဲ့သည်။

- မေလ၁ရက်နေ့နှင့် ၁၄ရက်နေ့ မှာ တပ်ရင်း(၉)နှင့် ရန်သူနအဖတို့ ကျောက်ကြီးမြို့နယ်၊ ပဟီပယ်ခိုအရပ် မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရာ နအဖဘက်၎ဦး ဒဏ်ရာရခဲ့သည်။ KNU/KNLA ဘက်မှထိခိုက်မှုမရှိကြောင်းသ တင်းရရှိသည်။


- တပ်မဟာ(၅) နှင့် နအဖတို့ဖြစ်ပွားခဲ့သောတိုက်ပွဲမှာလည်း နအဖဘက်မှ သေဆုံးသူနှင့်ဒဏ်ရာရ သူစုစု ပေါင်း ၂၀ ယောက်ကျော်ကျော်ရှိခဲ့သည်။
- မေလ၅ရက်နေ့မှ ၁၄ရက်နေ့ထိ တပ်မဟာ(၅)၏နအဖတပ်ကိုပြောက်ကျားတိုက်ခိုက်မှု ၁၅နေရာဆင်နွှဲခဲ့ သည်။ တိုက်ပွဲဖြစ်ပွားခဲ့သောနေရာများမှာ- သောဃဲလို၊ မယ်ပိုးထာ၊ ပွေးပွာ၊ ကေကော်၊ ဦးတူးကလိုး၊ မောဖိုး ကျိုး၊ သောဖိုးကျိုးအရပ်၊ ကုန်းဆိ၊ အောင်လော့ကလိုး၊ တာကျော်ဖိုးထာ၊ လယ်တိုးအရပ်၊ မောသားလို၊ လယ် ထောဒေးဆိုးပယ်ဟော်အရပ်၊ ပယော်ဖားသွာခိုနာဒဲအရပ်နှင့် ထောထာ အရပ်တို့ဖြစ်သည်။
- ထိုတိုက်ပွဲများကြောင့် နအဖဘက်မှ စုစုပေါင်း သေသူ ဒဏ်ရာရသူ ၂၂ယောက်ရှိပြီး KNU/KNLA ဘက်မှ ထိခိုက်မှုမရှိကြောင့် တပ်မဟာ(၅)သတင်းရပ်ကွက်မှ ဖော်ပြထားသည်။


ကွယ်ကလူသတင်းကိုအကျဉ်းချုပ်ဘာသာပြန်ထားသည်။

0 comments:

Post a Comment