ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုလိုက်ပါတယ်

ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲကြောင့် ဒေသခံပြည်သူ ရာနဲ့ချီထွက်ပြေး

ကရင်ပြည်နယ် မြိုင်ကြီးငူမြို့ပေါ်မှာ မနေ့ညက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)တပ်ဖွဲ့တွေနဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ဒေသခံ ၄၀၀ လောက်ဟာ အိုးအိမ်တွေစွန့်ခွာပြီး တိုက်ပွဲလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။ မနေ့ည ၁၁ နာရီကျော်ကနေ မနက် ၂ နာရီကျော်ထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ BGF ကရင်နယ်ခြားစောင့်တပ်က မြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

Read More...

KNU Chairman Speech on 64th Karen Revolution day

KNU Chairman Speech on 64th Karen Revolution day by gins

ပဒိုစောဒေးဗစ်ထော၏ ရုပ်အလောင်းကို ယနေ့ နယ်စပ်သို့ပြန်သယ်ဆောင်လာ

အောက်တိုဘာလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ယမန်နေ့ည ၁၀နာရီခွဲကျော်၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သူ ပဒိုစောဒေးဗစ်ထော၏ ရုပ်အလောင်းကို မနက် ၁နာရီခွဲအချိန်တွင် ကရင်ပြည်နယ်ဘက်သို့ ပြန်လည် သယ်ဆောင်လာခဲ့သည်။ ယမန်နေ့ညက ဟယ်လီကော်ပတာဖြင့် သယ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း ၎င်း၏ရုပ်အလောင်းနှင့်အတူ နီးစပ်ရာ ဆွေမျိုး မိတ်ဆွေများပါ လိုက်ပါလိုသည့်အပေါ် ရန်ကုန်မြို့မှ ကားနှစ်စီးဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ယနေ့မနက်တွင် ဖားအံမြို့သို့ ရောက်ရှိလာခဲ့သည်။

Read More...

KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထော ကွယ်လွန်

အောက်တိုဘာလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ) ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗဟို တရားရေးတာဝန်ခံ ပဒိုစောဒေးဗစ်ထောသည် ယနေ့ည မြန်မာစံတော်ချိန် ၁၀နာရီခွဲတွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားပြီ ဖြစ်သည်။ အသက် ၆၅နှစ်ရှိသည့် ပဒိုဒေးဗစ်ထောသည် ၎င်းတက်ရောက်ကုသနေသည့် မင်္ဂလာဒုံ စစ်ဆေးရုံ၌ပင် ကွယ်လွန်သွားခြင်းဖြစ်ပြီး ၎င်းကို ရန်ကုန်မှ ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင်ကျေးရွာအထိ ဟယ်လီကော်ပတာဖြင့် ညတွင်းချင်း ပြန်လည်ပို့ဆောင် ရန် အစိုးရဘက်မှ စီစဉ်ထားသည်။

Read More...

ဘာတွေဖြစ်ကုန်ကြပြီးလဲဟေ့

လာပြန်ပြီး...ကွဲပြဲ...ခွဲထွက်...
လုပ်ချင်တာလုပ်....ဖြစ်ချင်တာဇွတ်လုပ်....
ညှိနိုင်းမှုမရှိ....နားလည်မှုနတ္ထိ....
တဇောက်ကန်း...တလမ်းမောင်း...
ယခုထက်ထိ....အမှတ်မရှိ.....
ဘာတွေလဲကွာ.....ငါတို့ ကရင်လူထု.....
ဘယ်သူတွေနောက်လိုက်ရမှာလဲ....
ဒီလောက်တောင်ဖြစ်တာ.....အကုန်လုံးအားလုံး
နိုင်ငံရေးလူမျိုးရေးစစ်ရေးတွေ လုပ်မနေနဲ့ တော့....
အားကိုးပါတယ်ဆိုကာမှ....တလွဲတွေထပ်ဖြစ်....
တော်ပြီး...တို့ လည်းကိုယ်ဘာသာကိုယ်နေတတ်သလို
စိတ်ချမ်းသာသလိုနေလိုက်ပါတော့မယ်.....
KNU & KNLA တို့ ရေ...........

ကွဲပြီးရင်းကွဲချင်နေတဲ့သူများသို့

Klo & Kwe

အပစ်အခတ်ရပ်စဲထားသော် လည်း တောင်ငူတွင် တိုက်ပွဲဖြစ်ပွား

စောခါးစူးညား (ကေအိုင်စီ) ကရင်ပြည်နယ်၊ သံတောင်မြို့နယ်ရှိ ၀ါးစိုးရွာအနီး ရှဲလိုဒေါခိုတွင် ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံတပ်နှင့် မြန်မာအစိုး ရတပ်တို့အကြား ပြီးခဲ့သည့် ဇွန်လ ၂၇ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ အဆိုပါဒေသရှိ မြန်မာအစိုးရတပ် တပ်မ(၆၆)လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၁)သည် KNU ထိန်းချုပ်ထားသည့် သတ်မှတ်နယ် မြေအတွင်း ၀င်ရောက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု KNU တောင်ငူခရိုင်မှ ခရိုင်တာဝန်ခံ စောအယ်ဝါးက ကေအိုင်စီသို့ ယခု လို ပြောသည်။

Read More...

ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် အစိုးရတပ် တိုက်ပွဲဖြစ်ပွား

(ကေအိုင်စီ) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် မြန်မာအစိုးရတပ်တို့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူထားပြီးနောက် ယမန်နေ့က ၎င်းတို့နှစ်ဖွဲ့အကြား ပထမအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကရင်နီပြည်နယ်၊ မော်ချီးဒေသအတွင်း လှုပ်ရှားနေသည့် ကရင်နီတပ်မတော်နှင့် အင်အား ၈၀ခန့်ရှိသည့် မြန်မာအစိုးရ တပ်ရင်း(၅၃၀)တို့ ဇွန်လ ၂၈ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ အတွင်းရေးမှူး(၁) ခူဦးရယ်က အတည်ပြု ပြောဆိုသည်။

Read More...

သံတောင်မြို့နယ်တွင် အစိုးရတပ်၏ ပစ်ခတ်ခံရသူများ ရှိနေဟုဒေသခံများပြော

ကေအိုင်စီ အပစ်အခတ်ရပ်စဲရေးကာလဖြစ်သော်လည်းကရင်ပြည်နယ် သံတောင်မြို့နယ်တွင် မြန်မာအစိုးရစစ်တပ်၏ ပစ်ခတ်ခံရသူများ ရှိနေသည်ဟုဒေသခံ လူထုများက ပြောသည်။ ထိုဒေသရှိမြန်မာအစိုးရတပ်မ(၆၆)လက်အောက်ခံခြေလျင်တပ်ရင်း(ခလရ-၁)သည် ဇွန်လ ၂၃ရက်နေ့က ဆန်သွားဝယ်၍ ပြန်လာသောဟီဒေါ်ခေါ် နှင့် သေခိုဒဲရွာသား၎ဦးကို ပစ်ခတ်သကဲ့သို့ တောင်ယာခင်းတွင် စုပေါင်းမြက်ခုတ်ထွင်ရှင်းလင်းနေသောဟီဒေါ်ခေါ်ရွာနှင့် ၀ါးစိုးရွာသား ၁၀ဦးကျော်အားပစ်ခတ်ခဲ့ကြောင်းဟီဒေါ်ခေါ်ရွာမှ စောထူးဝေါ်က ကေအိုင်စီသို့ ပြောသည်။

Read More...

အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် KNU ပြန်လည်သုံးသပ်

စောခါးစူးညား (ကေအိုင်စီ) မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်သော အရေးပေါ် အစည်းအဝေးတရပ်ကို ကရင်အမျိုးသား အစည်းအရုံး-KNU က ၎င်းတို့ထိန်းချုပ်နယ်မြေ ကရင်ပြည်နယ်အတွင်း တနေရာတွင် ဇွန်လ ၄ရက်နေ့မှ ၇ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် KNU ဗဟိုကော်မတီ အဖွဲ့ဝင် (၃၃)ဦးနှင့် အထူးဖိတ်ကြားထားသည့် ကိုယ်စားလှယ် (၂)ဦး တက်ရောက်ခဲ့ပြီး ကရင်အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ်တွင် အခြေခံသည့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်လျက် လက်ရှိတွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ် ခဲ့သည်ဟု KNU က ပြောသည်။

Read More...

KNLA ဒုတိယတန်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီးမိုးဖြူ ကွယ်လွန်

KIC မှ.... ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ စစ်ဦးစီးမှူး ဒုတိယတန်းအဆင့်ရှိသူ ဗိုလ်မှူးကြီးစောမိုးဖြူ ၆၂နှစ်သည် ယနေ့မွန်း လွဲ ၁း၄၅နာရီအချိန်တွင် ဆီးချိုရောဂါဖြင့် ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ကွယ်လွန်သွားခဲ့သည်။ KNLA မှ စစ်ဦးစီးမှူး တတိယတန်း(G-3) ဗိုလ်မှူးတာမလာသောက “G-2 ဗိုလ်မိုးဟာ ရိုးသားတယ်။ ကြိုးစားတယ်။ တာဝန်သိတယ်။ ရဲဘော်တွေကို အထက်အောက် မခွဲခြားဘဲ ဆက်ဆံတတ်တဲ့သူ ဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

Read More...

ဗိုလ်ချုပ်စောလားပွယ်အခြေစိုက်ရာ နယ်စပ်တလျှောက် ထိုင်းဘက်မှ တပ်လှန့်ထား

စောခါးစူးညား (ကေအိုင်စီ) ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ရှိ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ခေါင်းဆောင် ဗိုလ်ချုပ်စောလား ပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) အခြေစိုက်ရာ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ယခုရက်ပိုင်းအတွင်း ထိုင်းစစ်တပ်များ တပ်လှန့်ထားသည်။ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသည်ဟု ထိုင်းအစိုးရ၏ ဖမ်းဆီးရန် ဆုငွေထုတ်ခဲ့သည်ကို တုန့်ပြန်သည့်အနေဖြင့် ဗိုလ်ချုပ်စောလား ပွယ်ကိုယ်တိုင် ၎င်းတို့၏ ကလို့ထူးဘောဌာနချုပ် ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင်တွင် မေ ၁ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နောက် မြ၀တီမြို့နယ်အတွင်းရှိ ဒီကေဘီအေ အခြေစိုက်ရာ ဖလူး၊ ဝေါ်လေ၊ သေ့ဘောဘိုး၊ မေတ္တာလင်းမြိုင်နှင့် ဆုံဆည်းမြိုင် စသည့် ဒေသတလျှောက်တွင် ထိုင်းဘက်မှ ယခုလို စတင် တပ်လှန့်လာခြင်းဖြစ်သည်။

Read More...

Smile

မယ်လ စခန်းတွင်းရှိ မီးလောင်ကျွမ်းမှုဒဏ်ကိုခံခဲ့ရသောညီအစ်ကိုမောင်နှမများအားလုံးကိုဒီသီချင်းလေးနဲ့ အားပေးလိုက်ပါတယ်