President Speech

President Speech to Karen New Year Pwo Karen

President Speech to Karen New Year

President Speech to Karen New Year

President Speech to Karen New Year

President Speech to Karen New Year Karen

တိုက်ပွဲသတင်း

တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ဝေါ်လေဒေသထဲမှာ ဒီကေဘီအေ တပ်ဖွဲ့က နအဖ တပ်သား တဦးကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးရရှိခဲ့ပါတယ်။ နအဖ တပ်သားကို ဖမ်းဆီးမိတဲ့ နေရာက အော့ကလေးထရွာ ပတ်ဝန်းကျင်က မော်သုထတောင်ကျောနေရာမှာ ဖြစ်ပြီး ဒီကေဘီအေ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့ တပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ နအဖ တပ်သာရဲ့ ဒီကေဘီကေ တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူး ဆန်းအောင် မှ ခုလို ပြောပြပါ တယ်။ “မနေ့ ညနေပိုင်းက နအဖ တပ်မ ၅၂၅၊ စကခ ၁၉၊ ခလရ ၂၉၉၊ တပ်ခွဲ ၂ ၊ တပ်စု ၂ မှ ကိုယ်ပိုင်အမှတ် တ/ ၄၁၉ ၅၃၂ တပ်သား ဘာဘူ အသက် ၂၃ နှစ်ဟာ သူတို့ တပ်စခန်း တည်ဆောက်ရေးအေတွက် သစ်ဝါးခုတ်နေတုန်း ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့အဖွဲ့က ဖမ်းဆီးခဲ့တာပါ။ သူ့ကို မေးမြန်းကြည့်တော့ ထမင်းမစားရတာ သုံးရက်တောင်ရှိပြီ လို့လဲပြောတယ်။ သူတို့တပ်မှာ စားရေးသောက်ရေးအတွက် ရိက္ခာပြတ်လပ်လာတော့ ခုဆိုရင် ရွာသားတွေရဲ့ တောင်ယာ တွေမှာ သိမ်းထားတဲ့ စပါးတွေလည်း လိုက်ရှာပြီး ထောင်းစားနေရတယ်။ သူ့တပ်ထဲမှာလဲ ဗိုလ်ကျော်အေးဖြိုး နဲ့ ဗိုလ်ရဲလုကျော် ဆိုတဲ့ အရာရှိ နှစ်ယောက်ရဲ့ နာမည်ကိုပဲ သိတယ်”လို့ ပြောဆိုပါတယ်။

နေ့သစ် မှ..........

မြန်မာဒုက္ခသည် ၈,၀၀၀ ကျော် ထိုင်းနယ်စပ်မှာ ပုန်းအောင်းနေဆဲ

VOA သတင်းမှ........

ထိုင်းနိုင်ငံနဲ့ နယ်စပ် ကရင်ပြည်နယ် အရှေ့ဘက်ခြမ်းမှာ မြန်မာစစ်အစိုးရ တပ်တွေနဲ့ DKBA တပ်တွေကြား တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာသူ ဒုက္ခသည်တွေကို ထိုင်းအစိုးရက ဌာနေကို ပြန်လည် ပို့ဆောင်နေပေမဲ့ နယ်စပ်တလျှောက်က အုန်းဖန်၊ ဖွတ်ဖ၊ မဲဆောက် စတဲ့ဒေသတွေမှာ ဒုက္ခသည် ၈,၂၀၀ ကျော် ရှိနေပါသေးတယ်။ သူတို့ဟာ အတည်တကျ နေထိုင်ရတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင်ခွင့် မရဘဲ ယာယီစခန်းတွေမှာသာ နေနေရတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ထိုင်း၊ မြန်မာ နယ်စပ်မှာ မြန်မာစစ်တပ်နဲ့ DKBA တပ်တွေရဲ့ တိုက်ပွဲတွေအတွင်း လက်နက်ကြီးစ ထိမှန်တာ၊ မိုင်းနင်းမိတာ၊ ပေါ်တာဆွဲခံရတာတွေ ဖြစ်နေတာကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ နေရပ်ရင်းက အလုပ်တွေကို ပစ်ထားပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ကြပါတယ်။

Read More...

ဒုက္ခသည်တွေ လုံခြုံမှုကင်းတဲ့အတွက် နေရပ်ရင်းကို မပြန်လို

VOA သတင်းမှ............

ရွေးကောက်ပွဲအပြီး နိုဝင်ဘာလဆန်း ကတည်းက DKBA ကရင်ဗုဒ္ဓဘာသာ အဖွဲ့နဲ့ မြန်မာစစ်အစိုးရတို့ ကြားက တိုက်ပွဲတွေကြောင့် ထိုင်း၊ မြန်မာ နယ်စပ်ဘက်ကို ထွက်ပြေးလာခဲ့ကြတဲ့ တိုင်းရင်း ကရင် ဒုက္ခသည်တွေကို ထိုင်းအစိုးရက နေရပ်ရင်း ပြန်ပို့နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဒုက္ခသည်တွေရဲ့ နေရပ်တွေမှာ မြန်မာစစ်တပ်ဘက်က တပ်စွဲထားပြီး ရွာသူရွာသားတွေရဲ့ ရိက္ခာတွေကိုလည်း ယူငင် စားသောက်နေတာကြောင့် ဒုက္ခသည်တွေဟာ နေရပ်ရင်းကို မပြန်ချင်ကြဘဲ ရှိနေပါတယ်။ ဒါကြောင့် ထိုင်းဘက်ကို ထွက်ပြေးလာကြတဲ့အခါ ဒုက္ခသည်တွေဟာ စခန်းတွေကို သွားကြရမယ့်အစား နီးစပ်ရာ နေရာတွေမှာ ပုန်းအောင်းနေကြရတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

Read More...

ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် UNHCR ပြော

ဧရာဝတီ မှ.......

နယ်စပ် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည် ၁၆၆ ဦးကို ပြန်ပို့လိုက်ခြင်းနှင့် ပတ်သက်၍ အတင်းအကျပ် ပြန်မပို့ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ထိုင်းအာဏာပိုင်များကို တိုက်တွန်း ပြောကြားလိုက်သည်။
ယင်းစစ်ပြေး ဒုက္ခသည်များတွင် ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည်ဟူသော ထိုင်းဒေသခံ ရွာသားများ၏ အကြောင်းပြချက်
ဖြင့် ထိုင်း အာဏာပိုင်များက မြန်မာဘက်သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီး ၅၀ ကျော်နှင့် ကလေး ၇၀ ကျော် ပါဝင်နေသည့် အဆိုပါဒုက္ခသည်များမှာ စစ်ဖြစ်နေဆဲ ဝေါ်လေဒေသသို့ ပြန်ရန် အသင့်မဖြစ်သေးဟု သိရကြောင်း ယမန်နေ့က UNHCR ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ......

ဖလူးဒေသ စူးကလိ အနီး ကွိတာအူးတွင် ယနေ့နေလည် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် နအဖ စစ်တပ်မှ ခမရ ၅၈၇ စစ်တပ်များကတဖက် ဒီကေဘီအေ နဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တို့မှတဖက် တိုက်ပွဲဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ တဖက်နဲ့ တဖက် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေဆဲပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းဘုရင့်သမီးတော် လာရောက်တဲ့အတွက် ဝေါလေဒေသမှာ တိုက်ပွဲ အနည်းငယ် ဆိတ်ငြိမ်ခဲ့ရာမှာ ယမန်နေ့ညမှစတင်ပြီး တိုက်ပွဲများ တဖန်ပြန်လည် ဖြစ်ပေါ်ခဲ့တာပါ။

ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်မှာ ကရင်ပြည်နယ်၊ ကျိုင်းဒုံ-ဝေါလေ ကားလမ်းရှိ ထီးတီမူထီးနေရာတွင် နအဖ စစ်တပ်မှ ရှေ့တန်းအထိုင်တပ်များအတွက် ရိက္ခာတင်ဆောင်လာသော ကားများကို ဒီကေဘီအေနဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရိက္ခာ ကားတစီးအား သိမ်းယူနိုင်ခဲ့သည်။ သိမ်းယူခဲ့သော ရိက္ခာကားမှ ရိက္ခာများကို ယူဆောင်ပြီး ကားအား ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဝါလေဒေသ ကနဲလေးတွင် ယမန်နေ့ညနေ ၃ နာရီတွင် နအဖ တပ်များနဲ့ ဒီကေဘီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဒီ X'mas မှာ ဒီလို Rock ရအောင်ဗျာ...

Silent Night New version သီချင်းကိုခံစားကြည့်လိုက်ပါဦး

နယ်စပ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

ဧရာဝတီ သတင်းမှ...........

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေ ဒေသတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် တိုးတက်သော ဗုဒ္ဓဘာ သာ ကရင်အမျိုးသား တပ်မတော် (DKBA) ပူးပေါင်း တပ်များက နအဖ တပ်ရင်းများကို ယမန်နေ့က ခြုံခိုတိုက် ခိုက်ခဲ့ကြောင်း သိရသည်။
DKBAနှင့် KNU တပ်ရင်း ၁၀၃ ပူးပေါင်း တပ်များက ဝေါ်လေဒေသတွင် လှုပ်ရှားနေသော နအဖ၏ ခြေမြန်တပ်ရင်း(ခမရ) ၂၂၉ နှင့် ၄၀၁ တပ်ရင်းများကို ပြောက်ကျား စနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဖောဒိုက ဧရာဝတီသို့ ပြောသည်။

Read More...

စစ်တပ်က မီးရှို့မည်ဆို၍ ရွာခံများ တိမ်းရှောင်ရ

ဧရာဝတီ မှ.....

ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်ရှိ မဲကသာရွာအား နအဖစစ်တပ် ခြေမြန်တပ်ရင်း (ခမရ) ၄၀၂ စစ်ကြောင်း ၂ မှ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြီး အာကာ ဆိုသူက မီးရှို့ရန် စီစဉ်မှုကြောင့် ဒေသခံ ရွာသားများ တိမ်းရှောင်နေရကြောင်း သိရ သည်။
တိမ်းရှောင်နေကြရသည့် မဲကသာရွာသား ၅၀၀ ခန့် ရှိသည်ဟုလည်း ဒေသခံ တဦးက ပြောသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့က ၎င်း အား သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရသောကြောင့် မဲကသာရွာကို မီးရှို့ ရန် ဗိုလ်မှူးကြီး အာကာ က တပ်ဖွဲ့ဝင်များကို အမိန့်ပေး စီစဉ်ခြင်းဖြစ်သည်ဟု ဘုရားသုံးဆူ ဒေသရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ မှ ဗိုလ်ကြီး စောထဲနေက ဧရာဝတီသို့ ပြောသည်။ ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကြီး အာကာ၏ ဘယ်ဘက် လက်ကောက် ၀တ် ကို သေနတ် ထိမှန် သွားကြောင်း
သိရသည်။

Read More...

နအဖနှင့် ဒီကေဘီအေကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

KIC သတင်းမှ........

ကရင်ပြည်နယ် ဝေါ်လေဒေသနှင့် ချူကလီးဒေသဘက်တွင် နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ခဲ့ရာ တိုက်ပွဲအခြေအနေမှာ ယနေ့အထိ ပြင်းထန်လျှက်ရှိသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယနေ့ နေ့လည်တွင် ချူကလီးဒေသ၌ အသစ် ၀င်ရောက်လှုပ်ရှားလာသည့် စကခ(၁၉)လက်အောက်ခံ ခလရ(၂၉၉)၊ ခမရ (၅၈၆)နှင့် ဝေါ်လေကျေးရွာ သုခမြိုင်ဘုန်းကြီးကျောင်းရှိ နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)တပ်ဖွဲ့အား ဒီကေဘီ အေ ကလို့ထူးဘောဗျူဟာမှ ၃ကြိမ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ချူကလီးဒေသတွင် လှုပ်ရှားနေသော ဒီကေဘီ အေ ကလို့ထူးဘောဗျူဟာ လက်နက်ကြီးတပ်ဖွဲ့မှ ဒုဗိုလ်စောစမင်းက ပြောသည်။

Read More...

ဖာပွန်မြို့နယ်ရှိ ခရီးသည်တင်စက် လှေ ၉စီး နအဖ ဖမ်းဆီးထားရာမှ ပြန်မလွှတ်သေး

KIC သတင်းမှ....

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ယွန်းစလင်းချောင်းအတွင်း ဖာပွန်မြို့နှင့် ဘောသေ့ထာ့ ကျေးရွာအထက် တခေါ်တို့ဘော လှေဆိပ်တွင် ပြေးဆွဲနေသည့် ခရီးသည်တင် စက်လှေ ၅၄စီးအနက် ၉စီးကို ဖာပွန်အခြေစိုက် နအဖ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)မှ နိုဝင်ဘာလ ၂၀ရက်နေ့ကတည်းက ဖမ်းဆီးထားရာ ယခုအချိန်ထိ ပြန်မလွှတ်သေးကြောင်း သိရသည်။

အဆိုပါ စဗခ(၁)မှ ဗိုလ်ကြီးအောင်ကျော်ဇော ဦးဆောင်တပ်ဖွဲ့ ဖမ်းဆီးလိုက်သည့် စက်လှေ ၉စီးအနက် ၅စီးမှာ ဘောသေ့ ထာ့ကျေးရွာအုပ်စုရှိ ရွာသူရွာသားများ၏ စက်လှေဖြစ်ပြီး ၄စီးမှာမူ ဖာပွန်မြို့ခံများ၏ စက်လှေများဖြစ်ကြောင်း သိရသည်။

Read More...

နအဖပစ်ခတ်မှုကြောင့် BGF ၇ဦး ကျ၊ ၂ဦး ထိခိုက်

KIC သတင်းမှ

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့ ညနေ ၅း၂၅နာရီအချိန်တွင် ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်ရှိ တငေါရွာအနီးတ၀ိုက်၌ မိုင်းသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကရင်နယ်ခြားစောင့်တပ်ရင်း (၁၀၁၅)တပ်ဖွဲ့ကို နအဖ အရှေ့တောင်တိုင်း စစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၃၃၉) တပ်ရင်းက သွားရောက်ပစ်ခတ်ရာ အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ဦး ကျဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရှိရသည်။

လူမဆန်မှုသတင်း

News 13.12.2010

KIC သတင်းမှ.......

ဒီဇင်ဘာလ ၁၃ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် ၀င်းမောင်း(ဝေါမူ)ကျေးရွာအုပ်စုတွင် လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း (၁၀၁၅)မှ တပ်သားတစ်ဦးသည် ၎င်း၏ ဒုတပ်ခွဲမှူးနှင့် ရဲဘော်တစ်ဦးကို ပစ်သတ်ကာ ဒီဇင်ဘာလ ၇ရက်နေ့က တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါတပ်သား စောမြလင်း ၃၉နှစ်သည် နယ်ခြားစောင့်တပ်အဖြစ် ဆက်လက် မလုပ်လိုတော့ဘဲ နှုတ်ထွက်ခွင့်တောင်းရာမှ အချင်းများကြကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒို့က ပြောသည်။

Read More...

သတင်းစာမျက်နှာ ဖွဲ့ စည်းမှု က ဗိုလ်ချုပ်မှုးကြီးကို လှောင်ရယ် သရော်သလို ဖြစ်နေ

Freedom News Group မှ....











တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ....

ကရင်ပြည်နယ် မြ၀တီမြို့ ကီလိုမီတာ ၂၀ အကွာမှာရှိတဲ့ စူးကလိရွာအထက် ကွိတာအု အနီးတွင် နအဖ စစ်ကူလာသည့် တပ်များကို ယနေ့နေ့လည်ပိုင်း ၁ နာရီခွဲက ဒီကေဘီအေအဖွဲ့မှ ခြုံခိုတိုက်ခိုက်သဖြင့် နအဖ စစ်သား အချို့ထိခိုက်ဒဏ်ရာ ရမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

ယနေ့နေ့လည်ပိုင်း ၁ နာရီ ၁၀ မိနစ်က မာနယ်ပလောနယ်ဒေသတွင် ကေအန်ယူနဲ့ နအဖ တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြ၀တီမြို့နယ် ဝေါလေဒေသတွင် နအဖ အခြေစိုက်စခန်းကို ဒီကေဘီအေမှ ယနေ့နေ့လည် ၁ နာရီလောက်က ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

မဖွံ့ဖြိုးသည့်ကဏ္ဍ မရှိဟု ဗိုလ်ချုပ်မှူးကြီး ပြော

မအေဘေးကြီး...ဗြောင်လိမ်ဗြောင်စား....လူ့ ငနွားကြီး...မဖွံ့ ဖြိုးသေးတဲ့နေရာမရှိဘူးလို့ သူ့ပါးစပ်ကပြောထွက်သေးတယ်...ဦးဏှောက်မရှိတဲ့ ကောင်တွေပဲယုံလိမ့်မယ်.....သူ့ ဦးဏှောက်မဖွံ့ ဖြိုးသေးတာကိုတော့ ထည့်မပြောဘူး...စောက်ကန်း ဘိုချုပ်ပြဲကြီးရဲ့ ....

ဧရာဝတီ သတင်းမှ......

အနှစ် ၂၀ အတွင်း ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကဏ္ဍဟူ၍ မကျန်ရအောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်ဟု ယမန်နေ့က ဗိုလ်လောင်း သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောသွားသည်။ ယင်းအခမ်းအနား မိန့်ခွန်း အစအဆုံးတွင် လမ်း၊ တံတား၊ ဆည်မြောင်း၊ ကျောင်း၊ ဆေးရုံ၊ ဆိပ်ကမ်း စသည်တို့ မည်ရွေ့မည်မျှ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု အရေအတွက် ကိန်းဂဏန်းများကိုသာ ပြောဆိုထားသည်ကို တွေ့ရသည်။

နလဘိန်းတုံး ဘိုအလောင်းတွေကလည်း သူ့ ဒူးမနာအဖေပြောတာကိုစုံလုံးမှိတ်ပြီး ယုံဦးမယ်....

DKBA နှင့် ABSDF ပူးတွဲပြီး ဝေါ်လေ နေရာ ၃ ခုကို တိုက်ခိုက်

ဧရာဝတီ မှ...

ဝေါ်လေရှိ နအဖ စစ်အစိုးရတပ်များ တပ်စွဲထားရာ နေရာ ၃ ခုကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တပ်များ ဒီဇင်ဘာ ၈ ရက်နေ့က တပြိုင်တည်း တိုက်ခိုက်ပြီး ဝင်ရောက် ရှင်းလင်းရာ နအဖဘက်မှ အရာရှိတဦးနှင့် တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

“ဝေါ်လေ ဒေသက တကော်ကျိုးမှာ ဖြစ်ပွားခဲ့တဲ့ နေရာတွေကို ကျနော်တို့ဝင်ပြီး ရှင်းလင်းရေး လုပ်တော့ လက်လှည့် အားသွင်းစက် ၂ လုံးနားမှာ တပ်ကြပ်ကြီး အလောင်း တလောင်း တွေ့တယ်။ နောက်ပြီး တပ်သား အလောင်း ၂ လောင်းတွေ့တယ်။ ဆက်လက် ရှင်းလင်းရာမှာ တ၀က်တပျက် ဖုံးအုပ်ထားတဲ့ သုံးပွင့်နဲ့ အရာရှိအဆင့် ဗိုလ်ကြီး အလောင်း တလောင်းကို ထပ်တွေ့တယ်။ သူတို့ ဘက်တံဆိပ်တွေမှာ ဖော်ပြထားတာကတော့ ခမရ ၅၄၇ ကပါ” ဟု ABSDF မှ စစ်ဦးစီးမှူး ဒဿက က ပြောသည်။

အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာဘက်တွင်လည်း တိုက်ခိုက်ခဲ့ကြောင်း ၎င်းက “မနေ့က ကျိုက်ဒုံရွာက နအဖတပ်တတပ်ဟာ စစ်ကူပေးဖို့ ထွက်ခွာလာတယ်။ အဲဒီတပ်ကို ကျနော်တို့ဘက် ဒီဇင်ဘာ ၁၀ ရက်နေ့ မနက် ၁၅ မိနစ်မှာ ဆွဲမိုင်းတွေနဲ့ တိုက်ခိုက်တယ်” ဟု ဆိုသည်။

Read More...

တက်လာသည့် နအဖတပ် ချုံခို တိုက်ခိုက်ခံရ

KIC သတင်းမှ......

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မုလအိတောင်နှင့်ကပ်လျှက် ချူကလီးဒေသသို့ တက်လာသည့် နအဖစစ်ကြောင်း အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ)မှ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၃ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

တပ်အင်အား ၂၀၀ကျော်ရှိ အဆိုပါ နအဖ စစ်ကြောင်းမှာ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးကျေးရွာ အခြေစိုက် နအဖ စကခ(၁၉) လက်အောက်ခံ ခလရ(၂၉၉)နှင့် ခမရ(၅၆၈) တပ်ရင်းအား ဒီကေဘီအေ တပ်ရင်း(၉၀၉)၊ တပ်ခွဲ(၄)မှ ဆွဲမိုင်းများဖြင့် ချုံခို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထိုဒေသတွင် လှုပ်ရှားနေသော ဒီကေဘီအေ ကလို့ထူးဘောဗျူဟာ လက်နက်ကြီးတပ်ဖွဲ့မှ ဒုဗိုလ် စောစမင်းက ပြောသည်။

၎င်းက “ဒီနေ့ မနက် ၁၀နာရီ ၅၅မိနစ်မှာ ချုကလီးကျေးရွာမရောက်ခင် မယ်ကလားဖိုးခီးနေရာမှာ တက်လာတဲ့ နအဖစစ်တပ် ကို ကျနော်တို့လူတွေ ဆွဲမိုင်း(၂)လုံးနဲ့ တခါတည်း သွားဆွဲတော့ နအဖဘက်က ၃ဦး ဒဏ်ရာ အပြင်းအထန်ရသွားတယ်။ သေတာမရှိဘူး။ ပစ်ခတ်မှုကတော့ ၁၀မိနစ်နီးပါးလောက် ကြာတယ်။ ပြောက်ကျားစစ်ဖြစ်တဲ့အတွက် ကျနော်တို့ဘက်က တယောက်မှ မထိဘူး။”ဟု ပြောသည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာမှ.......

KNU တောင်ငူခရိုင်၊ KNLA တပ်မဟာ(၂) ဒေသအတွင်း လှုပ်ရှားလျှက်ရှိသော (DAB) စစ်ဒေသ အမှတ်(၁) စစ်ကြောင်းသည် တောင်ငူ-လွိုင်ကော် ကားလမ်းတွင်တည်ရှိသော လိပ်သိုလ်မြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌါနချုပ် လက်အောက်ခံ ခလရ-၆၀၃ တပ်ရင်းကို၆/၁၂/၂၀၁၀ နံနက် ၀၅း၃၀ မှ ၀၅း၅၀ နာရီအထိ ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

၎င်းတိုက်ပွဲတွင် ရန်သူဘက်မှ တပ်မှူး ၁ ဦးအပါအ၀င် ၅ ဦး ကျဆုံးခဲ့ပြီး (၇)ဦး ဒဏ်ရာရခဲ့သည်။ မိမိဘက်မှ စစ်သည် (၂)ဦး အနည်းငယ် ရှပ်ထိ/ဒဏ်ရာရခဲ့သည်။ (ကိုးကား - ဒီအေဘီ)

ဝေါ်လေတိုက်ပွဲ နအဖ ၇ဦး ကျဆုံး

KIC သတင်းမှ.....

ကရင်ပြည်နယ် မြ၀တီခရိုင်၊ ဝေါ်လေဒေသတွင် ယမန်နေ့ညက နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်က ၇ဦး ကျဆုံးခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။

ယမန်နေ့ည ၈နာရီအချိန်တွင် ဝေါ်လေကျေးရွာ သုခမြိုင်ဘုန်းကြီးကျောင်းရှိ နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၁)နှင့် (၄၀၉)တပ်ဖွဲ့ဝင်များအား ဒီကေဘီအေတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒီကေဘီအေ (၉၀၉)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောစတီးက ပြောသည်။

သူက “မနေ့ ည ၈နာရီအချိန်မှာ ကျနော်တို့တပ်ဖွဲ့က ဝေါ်လေ၊ သုခမြိုင်ဘုန်းကြီးကျောင်းမှာရှိတဲ့ နအဖတပ်ကို သွားပစ်တယ်။ တိုက်ပွဲက မိနစ် ၃၀ကြာတယ်။ နအဖဘက်က ၇ယောက်သေတယ်။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူး။”ဟု အတည်ပြု ပြောကြားသည်။

Read More...

ကေအဲန်အယ်လ်အေ၏ ပြောက်ကျား တိုက်ခိုက်မှုကြောင့် နအဖ ၆ဦးကျဆုံး ကာ ၄ဦး ထိခိုက်

KIC မှ.....

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောနယ်မြေတ၀ိုက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)က နအဖ လှုပ်ရှားတပ်ဖွဲ့များအား နိုဝင်ဘာလ ၅ရက်နေ့မှ ယနေ့အထိ ၄ကြိမ် ပြောက်ကျားတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၆ဦး ကျဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏ သတင်းအရ သိရသည်။

ထိုသုံးရက်အတွင်း ကေအဲန်ယူ တပ်မဟာ(၇) တပ်ရင်း(၂၀၂)မှ ဒုရင်းမှူး ဗိုလ်မှူးစောတာမလာ ဦးဆောင်သည့် တပ်စုတစုနှင့် ကေအဲန်ယူ တပ်မဟာ(၅)အခြေစိုက် ကေအဲန်အယ်လ်အေ အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ နအဖ အရှေ့တောင် တိုင်း စစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၃၃၈)၊ ခမရ(၉၁၅)နှင့် ခလရ(၂၈)တပ်ရင်းအား လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပ လော(ယခင် ကေအဲန်ယူ ဗဟိုဌာနချုပ်ဟောင်း) ဒေသတွင် ပြောက်ကျားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို အတည်ပြု ပြောဆိုခဲ့သည်။

Read More...

နအဖ ရိက္ခာသယ်ယူနေသည့် သစ်တံတားငယ် ၇စင်းကို ကေအဲန်ယူ မီးရှို့ခဲ့

KIC မှ.....

ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် ကမမောင်းရွာအကြားရှိ နအဖတပ်များ ရိက္ခာသယ်ယူနေသည့် သစ်သားတံတားငယ် ၇စင်းကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်တပ်ဖွဲ့(KNLA)တပ်များက နိုဝင်ဘာလဆန်းပိုင်းက မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရ သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ရက်နေ့မှစ၍ အဆိုပါ တံတားငယ် ၇စင်းကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဟိနောလော်၊ နိုခဲလော်၊ ထွိသီးအုလော်၊ ခုလာ့လော်၊ ခွချိလော်၊ ခေါလော်ကလိုး၊ မောမောလော်တံတားတို့ ဖြစ်သည်ဟု ဖာပွန်ခရိုင် တပ်မဟာ(၅) KNLA ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ကေအိုင်စီကို ယခုလို ပြောသည်။

သူက “ကျနော်တို့ဖျက်တဲ့ တံတားတွေက ဖာပွန်နှင့် ကမမောင်းရွာကြားမှာရှိတဲ့ ကတဲတိ(ကတိုင်တိ)ရွာအောက်က တံတား ၂စင်း၊ ကတိုင်တိရွာအထက်က ၄စင်း၊ မာ့ထောင်းနဲ့ ကူးဆိပ်ရွာကြားက ၁စင်းပေါ့နော်။ ကျနော်တို့ ဒီလိုဖျက်ရတာလည်း ဒီလို မျိုး ဆောင်းတွင်း စပါးရိတ်သိမ်းချိန်မှာ နအဖ တပ်တွေ တက်လာပြီး အဲဒီမှာရှိတဲ့ တောင်ယာနဲ့ လယ်ယာစပါးခင်းတွေကို မီးရှို့ ဖျက်ဆီးတာ ရှိတယ်။ နောက် သူတို့ လိုအပ်တဲ့ ရိက္ခာတွေ ဒီလမ်းကြောင်းကနေပဲ သုံးတယ်လေ။ ဒါကြောင့် ကျနော် ဖျက်ပစ်ရ တာပါ။”ဟု ပြောသည်။

Read More...

ဖမ်းဆီးခံ ကရင်ငြိမ်းချမ်းရေးကောင် စီအဖွဲ့ဝင် ၆ဦး၏ အလောင်းပြန်လည် တွေ့ရှိ

KIC မှ....

ပြီးခဲ့သည့် လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၆ဦး၏အ လောင်းကို ယနေ့မနက်တွင် ကရင်ပြည်နယ် မြ၀တီခရိုင်၊ ပလောတပို့ရွာနှင့် မနီးမဝေး ပြောင်းခင်းတခင်းတွင် ဒေသခံရွာ သားများက တွေ့ရှိခဲ့ကြောင်း သိရသည်။

လက်များကို ကြိုးချည်ထားပြီး မီးရှို့သတ်ထားသည့် အဆိုပါ အလောင်း ၆လောင်းကို ကရင်ပြည်နယ် ပလောတပို့ရွာ ကျေး ရွာနှင့်မနီးမဝေး ပြောင်းခင်းတခင်းတွင် ရွာသူရွာသားများက ယနေ့မနက်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု တိုက်ပွဲကြောင့် ထိုင်း ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာသည့် ပလောတပို့ရွာသူတဦးက ပြောသည်။

Read More...

ဖိုးလပြည့် မျက်နှာမငယ်ရအောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက မန်/ယူ ကလပ်အား ၀ယ်ပေးချင်

myanmarwikileaks မှ...

US embassy cables: Burma regime crony picks general's grandson for football team
မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက အင်္ဂလန် ဘောလုံးကလပ် တစ်ခု ဖြစ်သည့် မန်ချက်စတာယူနိုက်တက် ဘောလုံးကလပ် အသင်း ကို ၀ယ်ယူရန် စီစဉ် ခဲ့ကြောင်း Wikileaks၏ Embassy of Rangoon တွင် ယနေ့ ထပ်မံ ပေါက်ကြား မှု ဉ် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှုးကြီးက အင်္ဂလန် ကြေးစား ဘောလုံးကလပ် တစ်ခု ဖြစ်သည့် မန်ချက်စတာ ယူနိုက်တက်အသင်းကိုဝယ်ယူလိုသည် မှာ၎င်း၏ မြေးဖြစ်သူ ကို နေရွှေသွေးအောင် အတွက် ဖြစ်ကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံးက သံအမတ်ကြီး အဆင့်သံရုံးယာယီတာဝန်ခံ Larry M. Dinger က ၀ါရှင်တန်သို့ ပို့ သည့် ကြေးနန်းတွင် ဖော်ပြထားသည်။

Read More...

မြ၀တီမြို့နယ်အတွင်း နအဖ တပ် လက်နက်ကြီးများဖြင့် ပစ်ခတ်

ဧရာဝတီ မှ..

ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိ မင်းလက်ပံရွာအနီး မေတ္တာ လင်းမြိုင်တွင် ယနေ့ နံနက် ၅ နာရီခန့်က နအဖ စစ်တပ်က လက်နက်ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ်ကြောင်း သိရသည်။ ကရင် ပြည်နယ် အတွင်း တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ ဘက်ကို တိမ်းရှောင်လာရသည့် စစ်ပြေး ဒုက္ခသည် လက်ရှိ ၁၀၀၀ ကျော်ရှိနေပြီး ထပ်မံ ရောက်ရှိလာနိုင်ကြောင်း ထိုင်း သတင်းထောက်များနှင့် နီးစပ်သူတဦးက ပြောဆိုသည်။

မာနယ်ပလောတွင် KNLA တပ်စခန်းပြန်ထိုင်

ဧရာဝတီ မှ.....

ကရင်ပြည်နယ် မာနယ်ပလော ဒေသကို ယမန်နေ့ မွန်းလွဲပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅၊ တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း (၂၀၂)၊ တပ်ရင်း (၂၂) တပ်များ ပူးပေါင်း၍ ပြန်လည် စခန်းထိုင်နေကြောင်း KNLA အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။

ဝေါ်လေတွင် နအဖတပ်ကို DKBA တိုက်ခိုက်

ဧရာဝတီ မှ....

ကရင်ပြည်နယ် မြ၀တီ မြို့နယ်၌ နအဖ စစ်အစိုးရ အရံဗျူဟာ တည်ရှိရာ ဝေါ်လေဒေသရှိ သံမဏိ တောင်ကုန်းကို ယမန်နေ့ည ၁၁ နာရီအချိန်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ကရင် သတင်းစဉ် လက်ထောက် အယ်ဒီတာ ဒေါ်နန်းထူးစံက “ဖြစ်တာက ဒီလိုပါ။ DKBA တွေက ဝေါ်လေမှာရှိတဲ့ နအဖ တပ်တွေကို လက်နက်ကြီး တွေနဲ့ လှမ်းပစ်တယ်လေ။ ရွာသား တွေကတော့ အစကတည်းက ဒီဘက်ကို ပြေးလာ နေကြတာ” ဟု ပြောသည်။

နိုဝင်ဘာ ၇ ရက်နေ့မှစ၍ မြ၀တီနှင့် ဘုရားသုံးဆူ မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြဝတီမြို့အနီး ဝေါ်လေ ဒေသတွင် နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်လျှက် ရှိကြောင်း၊ ယမန်နေ့ ညပိုင်းကလည်း တိုက်ပွဲ ဖြစ်သေးကြောင်း ABSDF စစ်ကော်မရှင် အတွင်းရေးမှူး ကိုခင်ကျော်က ဆိုသည်။

Read More...

လူမဆန်မှုသတင်း

3,12,2010 News

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ....

နံနက်(၉ နာရီ ၃၀ မိနစ်) ယမန်နေ့က သင်္ကန်းညီနောင်မြို့အထိုင်တပ်ဖြစ်တဲ့ ခမရ ၃၅၆ တပ်ရင်းတွေကို နယ်ခြားစောင့်တပ်(BGF)တွေနဲ့ လဲလှယ်နေကြောင်း သိရပါတယ်။ လဲလှယ်သည့် သင်္ကန်းညီနောင်မြို့ အထိုင်တပ် ခမရ ၃၅၆ ကို တိုက်ပွဲများ ဖြစ်ပေါ်နေသည့် နေရာများသို့ စစ်အင်အားအဖြစ် ပို့ဆောင်မယ်လို့ သိရှိရပါတယ်။

နံနက်(၉ နာရီ ) ယမန်နေ့ည ၁၁ နာရီမှာ ဝေါလေဒေသ ဖလူးကျေးရွာအနီး သံမဏိကုန်းပေါ်ရှိ နအဖ ဗျူဟာအခြေစိုက် စစ်စခန်းတခုကို ဒီကေဘီအေ တပ်များ ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှု များပြားကြောင်း သိရှိရပါတယ်။ မြ၀တီ ဆေးရုံနဲ့ ဘားအံဆေးရုံတွေမှာ နအဖ စစ်သားများ ထိခိုက် ဒဏ်ရာမှုများပြားတဲ့တွက် ထားဝယ်၊ မြိတ်၊ မော်လမြိုင်က ခွဲစိတ်ဆရာဝန်တွေကိုလည်း နယ်စပ်ဆေးရုံများသို့ အကူအညီပေးဖို့ အတင်းအကျပ် ပို့ဆောင်စေလွှတ်မှုတွေ ရှိနေကြောင်း သိရပါတယ်။

Read More...

ထောက်လှမ်းရေး အကြီးအကဲဟောင်း နေအိမ် အကျယ်ချုပ် မှ ပြန်လည်လွတ်မြောက်

Freedom News Group မှ...
House Arrests Ex-Spy Chief Release But Probation Era
Updated စနေနေ့ နံနက် ၅ နာရီ မိနစ် ၃၀: နေအိမ် အကျယ်ချုပ်မှ ကွင်းလုံးကျွတ် လွတ်မြာက်ခြင်း မဟုတ်
ပဲ အကန့် အသတ် ဖြင့်သာ လွတ်မြောက်ခြင်း ဖြစ်သည် ဟု ထပ်မံ သတင်းရရှိသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ က မန္တလေး မြို့ မှအပြန်ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင်ဖမ်းဆီးခံရပြီးနောက် အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသားလုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်းခံခဲ့ရသည့်ထောက်လှမ်းရေးအကြီးအကဲ ဟောင်း နှင့်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အားဒီဇင်ဘာလ ၃ရက်နေ့ သောကြာနေ့ ည ၁၂ နာရီခန့် တွင် နေအိမ်အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေးလိုက်သည် ဟု သတင်းရရှိသည်။

Read More...

ထောက်လှမ်းရေးဟောင်း ဗိုလ်ခင်ညွန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဗွီဒီယို အသံပါသည့်ဖိုင်

ဗမာမီဒီယာလောကနှင့် ဖင်တပေါက်တည်းဝါဒ

ရေးသားသူ - မန်းအာကာထက်

သတင်းသမားဆိုတာ မိမိရဲ့ ကိုယ်ပိုင်ခံစားချက် ထင်မြင်ယူဆချက်ကို ရှေ့ တန်းမတင်ဘဲ ဘက်လိုက်မှုမရှိ ပကတိဖြစ်ပေါ်နေသောအကြောင်းအရာအခြေအနေကို ပြည်သူတွေဆီအသိပေးဖို့ သတင်းရေးသားတင်
ပြခြင်းဖြစ်ပါသည်။ သတင်းမေးမြန်းသည့်အခါတွင်လည်း မြှောက်ပင့်လှုပ်ဆော်မေးမြန်းမှု၊ နှိမ့်ချအထင်
သေးမေးမြန်းမှုလည်းမလုပ်ရဘူးလို့  သတင်းသမားတို့ ရဲ့ ကျင့်ဝတ်ထဲမှာ ပါပါတယ်။
ဗမာမီဒီယာ ကျယ်ပြန့် လာတာ ၁၉၈၈ အရေးခင်းကါလနောက်ပိုင်းက စတယ်လို့ ပြောရင်ရမယ်ထင်တယ်။ ယခင်သ တင်း ဌာနအချို့ ရှိပေမဲ့ သတင်းမြန်ဆန်မှုသိပ်မရှိသေးပါ။ ၈၈ အရေးအခင်းနောက်ပိုင်း ဗမာအပါအ၀င် ပြည်တွင်းကပြည်သူများ ကရင်တော်လှန်ရေးနယ်မြေ(မဟာဝါဒီသမားများအခေါ်အရ ကရင်သူပုန်) ထွက်ပြေးလာကြတယ

Read More...

ရိက္ခာသယ်ရန်နှင့် မြေမြုပ်မိုင်း ရှင်းရန် နအဖမှ ကားများ ချောဆွဲ

KIC သတင်းမှ....

ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ နအဖ လှုပ်ရှားတပ်များက ခလယ့်လာ၊ ကော်သေး ဒဲရွာများမှ ရွာသူရွာသားများ၏ ကားများကို နိုဝင်ဘာလအတွင်း ချောဆွဲထားပြီး ရိက္ခာသယ်ပေးရန်နှင့် မြေမြုပ်မိုင်းရှင်းပေး ရန်အတွက် ခိုင်းစေလျှက်ရှိသည်ဟု တောင်ငူခရိုင်မှ လာသည့် သတင်းအရ သိရသည်။

နအဖ စကခ(၇) ဗျူဟာမှူး မျိုးလှနှင့် ၎င်း၏ လက်အောက်ခံ တပ်ရင်းများသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၆ရက်နေ့မှစ၍ အဆိုပါ ရွာနှစ်ရွာမှ ခရီးသည်တင်ကားနှင့် ကုန်တင်ကား ၇စီးကို ချောဆွဲခဲ့ရာ ယခုအချိန်ထိ မလွှတ်ပေးသေးဘဲ လုပ်အား ပေးခိုင်းခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ချောဆွဲခံရသည့် ကားပိုင်ရှင်များမှာ စောတာ့ထို၊ စောယိုနား၊ စောမောင်ကရော၊ စောမောင်ထွေး၊ စောရှေးဒို့၊ နော် လူးနှင့် နော်ချယ်ရီတို့ ဖြစ်ကြပြီး ယခုလို ကားများကို ခေါ်ယူ လုပ်အားပေးခိုင်းစေသည့်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အလုပ် ကို မလုပ်အားတော့ကြောင်း ဒေသခံရွာသားတဦးက ကေအိုင်စီကို ယခုလို ပြောသည်။

Read More...

ဗိုလ်ထိန်မောင်ကို စစ်အစိုးရ စတိုက်ပြီ

ဧရာဝတီ သတင်းမှ....

နအဖ စစ်အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်သော ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KNU/KNLA တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။
အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်များကို ၃ နှစ်တာကာလ အတွင်း စစ်အစိုးရက ပထမဆုံး အကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက်ခဲ့သည်။ ထို့နောက် မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။ အဆိုပါ တိုက်ပွဲသည် မြ၀တီမြို့နယ် ဖလူးကျေးရွာ အနီးတ၀ိုက်တွင် ကော့ကရိတ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၃၀ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည်ဟု ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေး ဆိုခွင့်ရှိသူ စောတီမိုသီ(Timothy)က ဧရာဝတီသို့ ပြောသည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာမှ...

ယနေ့ နအဖ တပ်များနဲ့ ဒီကေဘီအေ၊ ကေအန်အယ်အေ၊ ငြိမ်းချမ်းရေးကောင်စီ တပ်များ အဆက်မပြတ် တိုက်ပွဲတွေ ဖြစ်နေပါတယ်။ နအဖ ဘက်မှ တိုက်ပွဲပြင်းထန်သည့်ကာလ ၂၆ နေ့က စတင်ပြီး အကျအဆုံး ၄၀ ဆယ်ကျော်ရှိပြီလို့ သိရပါတယ်။ သေဆုံးတဲ့အထဲမှာ ခမရ ၂၃၀ ဒု - ရင်းမှူး ပါတယ်လို့သိရှိပါ။ ထို့အပြင် စစ်ဗိုလ်များ နဲ့ တပ်ကြပ်တပ်သား တွေလည်း ကျဆုံးသည့်အထဲတွင် ပါပြီး နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှုလည်း များပြားနေကြောင်း သိရပါတယ်။

ဝေါ်လေဒေသတိုက်ပွဲ ဆက်လက်ဖြစ်ပွား

KIC သတင်းမှ....

ကရင်ပြည်နယ် ဝေါ်လေဒေသတွင် နအဖနှင့် ကရင်တပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့ညက စတင် ဖြစ်ပွားခဲ့ သည့်တိုက်ပွဲသည် ပစ်လိုက်ရပ်လိုက်ဖြင့် ယနေ့အချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သိရသည်။

ဒီကေဘီအေ ကလိုထူးဘောဗျူဟာ (၁)စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က “ဖလူးမှာ မနေ့ညကတည်းက လက်နက် ကြီး လက်နက်ငယ်တွေနဲ့ ပစ်လိုက်ရပ်လိုက် အပြန်အလှန် ပစ်ခတ်ကြတယ်။ ဒီမနက် မိုးလင်းတဲ့အထိပဲ။ နအဖဘက်က ကျ ဆုံးမှုကိုတော့ ကျနော်တို့ မသိသေးဘူး။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။”ဟု ပြောသည်။

ထို့အပြင် ယမန်နေ့မွန်းလွဲ ၃နာရီခန့်တွင် ဖလူးကျေးရွာ၌ ကရင်တပ်ဖွဲ့နှင့် နအဖဘက်မှ ခမရ(၅၄၅)၊ (၅၄၇) ပူးပေါင်းတပ်ရင်း တို့ကြား ပစ်ခတ်မှုတကြိမ် ဖြစ်ပွားခဲ့ရာ နအဖဘက်က ၄ဦး ထိခိုက်သေဆုံးခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောဆိုသော် လည်း ထိုနေ့ညနေ ၆နာရီခန့်တွင် မြ၀တီဆေးရုံသို့ နအဖ စစ်တပ်မှ လူနာ ဗိုလ်မှူး ၁ဦး၊ ဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးနှင့် တပ် သား ၄ဦး ရောက်ရှိလာသည်ဟု ဆေးဝန်ထမ်းနှင့် နီးစပ်သူတဦးက ပြောသည်။

Read More...

ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဝင် ၆ဦး နအဖ ဖမ်းမိ၊ တဦး ပစ်သတ်ခံရ

KIC သတင်းမှ....

ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၆ဦးကို ယနေ့မနက်တွင် နအဖ စစ်တပ်မှ ဖမ်းဆီးလိုက်ပြီး ၁ဦးကို ပစ်သတ်လိုက်သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယနေ့မနက် ၉နာရီကျော်အချိန်၌ ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရှိ ဖလူးကျေးရွာနှင့် မနီးမဝေး ပလောတပို့ဒေသတွင် လှုပ်ရှားသည့် ဗိုလ်တဲခီး ဦးစီးသော ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ကို နအဖ စစ်ကြောင်းက ၀ိုင်းမိပြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ၁ဦး ကျဆုံးကာ ၆ဦးမှာ အရှင်ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ စောတီမသီက “ဒီမနက် ကျနော်ကြားတာ က ဗိုလ်တဲခီးရဲ့ တပ်ဖွဲ့ဝင် ၆ဦးကို နအဖ စစ်တပ်က ဖမ်းဆီးတယ်။ ၁ဦးကို ပစ်သတ်လိုက်တယ်လို့ ကြားတယ်။ ဒါပေမယ့် အသေး စိတ်တော့ မသိသေးဘူး။”ဟု ကေအိုင်စီကို အတည်ပြု ပြောဆိုသည်။

Read More...

ဘုရားသုံးဆူနယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်

VOA သတင်းမှ....

မြန်မာစစ်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ အကြားမှာ တပ်အသွင်ပြောင်းလဲရေး ဖိအားပေး အကျပ်ကိုင်မှုတွေကြောင့် အခြေအနေတွေ တင်းမာနေပါတယ်။ ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ မနေ့ညနေက နယ်ခြားစောင့်တပ် အသွင်ကို လက်မခံတဲ့ DKBA တပ်ဖွဲ့တွေနဲ့ စစ်ရေးအရ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။ ဒါ့အပြင် အခုဆိုရင် ဘုရားသုံးဆူဒေသမှာ မြန်မာစစ်တပ်ဘက်က စစ်အင်အားတွေ တိုးချထားပြီး လုံခြုံရေး အခြေအနေတွေ တင်းကျပ်ထားသလို တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်လာခဲ့ရင် နှစ်ဦးနှစ်ဘက် အကျိုးမရှိသလို ဒေသခံတွေသာ စစ်ပြေးဒုက္ခသည် အဖြစ်နဲ့ ဒုက္ခရောက်ဦးမှာမို့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း စစ်ရေးအရ ထိုးစစ်ဆင်လာရင် အပြန်အလှန် စစ်ရေးအကူအညီ ပေးဖို့နဲ့ တပ်ပေါင်းစု တည်ဆောက်ပြီး စစ်ရေးပြင်ဆင်နေတဲ့ အခြေအနေတွေကို တွေ့နေရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ....

ဝါလေဒေသ၊ ဖလူးကျေးရွာအနီး သရက်တပင်ကျေးရွာမှာ နအဖ စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၀ တပ်ရင်းနဲ့ ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကျော်သက်ဦးဆောင် ဒီကေဘီအေ တပ်များ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ယခုအချိန်အထိ တိုက်ပွဲများ တဖက်နဲ့တဖက် ပြင်းထန်စွာ ပစ်ခတ်လျှက်ရှိကြောင်း သိရှိရသည်။

ယမန်နေ့က ဖြစ်ပေါ်ခဲ့သော နအဖ စကခ ၁၂ လက်အောက်ခံ ခလရ ၆၁ နဲ့ ခမရ ၂၃၀ တပ်ရင်းနဲ့ ဒီကေဘီအေ ကလိုထူးဘောဗျူဟာ ဗိုလ်မှူးကျော်သက်ဦးဆောင်တဲ့ တိုက်ပွဲများကြောင့် နအဖ စစ်သား ၁၇ ယောက်ကျဆုံးပြီး၊ ၂ ယောက်မှာ အပြင်းအထန် ဒဏ်ရာရသောကြောင့် မဲဆောက်ဆေးရုံသို့ ပို့ဆောင် ကုသနေတယ်လို့ သိရှိရသည်။ ဒီကေဘီအေ ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

မြန်မာဘက်ခြမ်း မြ၀တီနဲ့ ကီလိုမီတာ ၂၀ အကွာ ဖလူးကျေးရွာဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ထိုင်းနိုင်ငံ ဖတ်ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာသို့ ဒုက္ခသည် ၄၀၀၀ ကျော်ခန့် လာရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။ လောလောဆယ် စစ်ပြေးဒုက္ခသည်များကို မယ့်ကူကေးကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲတွင် ထားရှိကြောင်း သိရှိရသည်။

လူမဆန်မှုသတင်း

News

ကရင်တပ်ဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် နအဖ ၃၀ဦးကျဆုံး

KIC သတင်းမှ....

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် ကရင်တပ်ဖွဲ့မှ နအဖနှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ကို ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ (၃၀)ဦး ကျဆုံးခဲ့ပြီး လက်နက် (၃၀)လက် ကရင်တပ်ဖွဲ့မှ သိမ်းဆည်းရမိသည်ဟု သိရ သည်။

ယမန်နေ့ နေ့လည်ပိုင်းတွင် ကော့ကရိတ်အခြေစိုက် နအဖ စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၁)တပ်ရင်းနှင့် BGF (၁၀၁၆)တပ်ရင်းတို့ ပူးပေါင်းတပ်ဖွဲ့အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) ကလိုထူး ဘောဗျူဟာ(၁)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၈)တို့ပူးပေါင်း၍ ခုဒုံနှင့် အောင်လိုင်ကျေးရွာ ကြားတနေရာတွင် ချုံခိုတိုက်ခိုက်ခဲ့သည်ဟု ဒီကေဘီအေ ကလိုထူးဘောဗျူဟာ(၁) စစ်ဆင်ရေးမှူး G2 ဗိုလ်မှူးစောဆန်းအောင်က ယခုလို ပြောသည်။


Read More...

ဖာပွန်ခရိုင်တွင် ရွှေတူးလုပ်ငန်း တိုးချဲ့လုပ်ဆောင်ရန် KNU လက်မခံ

KIC သတင်းမှ......

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ မဲ့ကလယ့်လော်ချောင်းတွင် ရွှေလာရောက်တူးဖော်ခဲ့သည့် ကုမ္ပဏီများက ထို ဒေသရှိ နောက်ထပ် ချောင်းနှစ်ချောင်းဖြစ်သည့် မယ်တိုးချောင်းနှင့် မယ်ဝေချောင်းတို့ကိုပါ လာမည့် ၂၀၁၁ အတွင်း ရွှေလုပ်ငန်း များ ထပ်မံ တိုးချဲ့မည့် အစီအစဉ်ကို လက်မခံနိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဆိုသည်။

ယခု နိုဝင်ဘာလ ပထမအပတ်တွင် ရွှေလာရောက်တူးဖော်ခဲ့သည့် ကုမ္ပဏီမှ ကိုယ်စားလှယ်များက အဆိုပါဒေသ၌ လှုပ်ရှားနေ သည့် KNLA တပ်ဖွဲ့နှင့် လာရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ဖာပွန်ခရိုင်ရှိ KNLA တပ်မဟာ(၅)၏ ရုံးထိုင်မှူး ဗိုလ်မှူးစောက လယ်ဒို့က ကေအိုင်စီကို ယခုလို ရှင်းပြသည်။

“ရွှေလုပ်ငန်းတိုးချဲ့ဖို့ဆိုပြီး ကျနော်တို့ကို လာတွေ့တာ နှစ်ခါရှိပြီ။ ပြီးခဲ့တဲ့ ၇လပိုင်းတုန်းက တခါနဲ့ အခုလ အစောပိုင်းမှာ တခါ ပေါ့။ ဒါပေမဲ့ ကျနော်တို့ဘက်က လက်မခံသေးဘူး။ လက်ခံလိုက်ရင် အဲဒီဒေသက ပတ်ဝန်းကျင်ပျက်စီးမှုတွေ များလာမယ်။ နောက် ပြည်သူတွေလည်း ဒုက္ခရောက်မယ်။ ဒါကြောင့် လက်ခံဖို့အတွက်က စဉ်းစားရအုံးမယ်။”ဟု ၎င်းက ဆိုသည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ....

သတင်း
ညနေ(၄ နာရီ) ဝေါလေဒေသ၊ ဖလူးကျေးရွာအနီး တဂေါ်ကျိုးမှာ နအဖ တပ်များနဲ့ နယ်ခြားစောင့်များ အင်အား ၁၀၀ နီးပါး ဒီကေဘီအေ တပ်များနဲံ့ တိုက်ပွဲဖြစ်နေကြောင်း သိရှိရပါတယ်။

နံနက်(၈ နာရီ) ထိုင်းနိုင်ငံ ဖတ်ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာသို့ မြန်မာပြည်ဘက်ခြမ်း ဝေါလေဒေသ၊ ဖလူးကျေးရွာမှ ဒုက္ခသည် ၁၀၀၀ ကျော်ခန့် ယမန်နေ့နေ့လည်ပိုင်းက လာရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။ ယမန်နေ့က နအဖ စစ်တပ် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်းနဲ့ နယ်ခြားစောင့်တပ်များ အင်အား ၁၀၀ ကျော်နဲ့ ကနဲလေးဘက်သို့ စစ်ကြောင်းထွက်လာသည့်အတွက် ဒီကေဘီအေနဲ့ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သောကြောင့် စစ်ပြေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံကြောင်း သိရှိရပါတယ်။

RSS Feed ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း

VOA သတင်းမှ.....

နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ စစ်ကောင်စီအတွင်းရေးမှူး (၁) ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီတို့ တွေ့ဆုံ ဆွေးနွေးကြတာတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတခုဟာ နာမည်ကျော် Facebook စာမျက်နှာကတဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအကြား အင်တာနက်ပေါ်မှာ ပြန့်နှံ့နေပါတယ်။ ဘယ်တုန်းက တွေ့ကြတယ်ဆိုတဲ့ရက်ကို အတိအကျမသိရသလို ဘာတွေဆွေးနွေးကြတယ်ဆိုတာကိုလည်း အသံမပါတဲ့အတွက် မသိကြရပါဘူး။

Read More...

တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေး

KIC သတင်းမှ......

မြ၀တီခရိုင်၊ ဝေါ်လေဒေသတွင် နအဖနှင့် နယ်ခြားစောင့်တပ်တို့ ပိုမိုရောက်ရှိလာသည့်အတွက် နယ်မြေခံ ကရင်တပ်ဖွဲ့များ နှင့် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားလာနိုင်သည့် အခြေအနေကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ဝေါ်လေဒေသရှိ ဖလူးကျေးရွာမှ ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု သိရသည်။

နအဖစစ်တပ်မှ ခလရ(၆၂)နှင့် နယ်ခြားစောင့်တပ်(BGF)များ ပူးပေါင်းသည့် တပ်အင်အား ၁၀၀ကျော်ရှိ တပ်ဖွဲ့သည် ကနဲ လေး၊ ဘုရင့်နောင်ကုန်း စသည့်နေရာများသို့ တက်လာရန် စီစဉ်နေသည်ဟု ဖလူးကျေးရွာတွင် တာဝန်ကျနေသော ကေအဲန် အယ်လ်အေ ဆေးမှူးတဦးက ပြောသည်။

“တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေမှာဆိုတော့ လောလောဆယ် ရွာသားတွေကို ထိုင်းဘက်ခြမ်းကို ရှောင်ခိုင်းထားတယ်။ အထူး သဖြင့် အမျိုးသမီးနဲ့ ကလေးတွေပေါ့နော်။ ရွာမှာဆို အမျိုးသားတွေ တစ်ယောက်တစ်လေပဲ ကျန်တော့တယ်။”ဟု ပြောသည်။


Read More...

နယ်ခြားစောင့်တပ်မှ ပိုးကရင် အဆိုတော် ဗိုလ်ထူ့လွီးအွာအား တပည့်ဖြစ်သူက ပစ်သတ်ခဲ့

KIC သတင်းမှ....

မ၀တီမြို့နယ်၊ ရွှေကုက္ကိုကျေးရွာတွင် အခြေစိုက်သည့် နယ်ခြားစောင့်တပ်ရင်း (၁၀၁၈)မှ ဗိုလ်အဆင့်ရှိသူ ပိုးကရင်အဆိုတော် ထူ့လွီးအွာသည် နိုဝင်ဘာလ ၂၂ရက်နေ့တွင် တပည့်ရဲဘော်တစ်ဦး၏ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။

အမည်မဖော်လိုသူ နယ်ခြားစောင့်တပ်မှူးတစ်ဦးက “ဒီလ ၂၂ရက်နေ့ ည ၁၁နာရီ ၁၅မိနစ်မှာ ဗိုလ်ထူ့လွီးအွာကို သူ့တပည့် ရဲဘော်က ပစ်သတ်လိုက်တာ။ သူ အိပ်ပျော်နေတုန်း အဲဒီရဲဘော်က ကင်းစောင့်နေတာ။ အခြားကင်းသမားက အပြင်မှာမို့ မသိ လိုက်ဘူး။ သေနတ်သံကြားလို့ မေးကြည့်တော့ အဲဒီပစ်သတ်တဲ့ရဲဘော်က ကျည်ဆံလွှတ်ထွက်သွားတာလို့ ပြောပြီးနောက် တော့ ထွက်ပြေးသွားတယ်။”ဟု ကေအိုင်စီကို ပြောသည်။

သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးသွားခဲ့သည့် ဗိုလ်ထူ့လွီးအွာမှာ ပိုးကရင် သီချင်းအတော်များများကို ရေးသား၊ သီဆိုကာ ကိုယ်တိုင် သရုပ်ဆောင်ခဲ့သလို နယ်ခြားစောင့်တပ်ဖွဲ့တွင် ယဉ်ကျေးမှုနှင့် မှတ်တမ်းဌာန၌ တာဝန်ယူခဲ့ပြီး ၎င်း၏ဈာပနကို နိုဝင်ဘာလ ၂၄ရက်နေ့က ပြုလုပ်ခဲ့ပြီးဖြစ်သည်။

Read More...

စစ်ဗိုလ်ချုပ်ကြီးများအား နိုင်ငံတကာခုံရုံးသို့ ပို့မည့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ

ဘယ်လိုသဘောထားလိုက်တာလဲ...ဒီ နအဖ ဖစ်ဆစ်ရဲ့ လူ့အခွင့်အရေးချိုးဖောက် မိုက်ရိုင်းတာကိုနိုင်ငံတကာခုံရုံးတင်ပို့ မှုကိုဒေါ်စုကလက်မခံဘူးဆို တော့တိုင်းရင်းသားလူမျိုးများအတွက် စဉ်းစားစရာတွေဖြစ်ကုန်ပြီး....အင်မတန်လူမဆန်ကမ်းကုန်မိုက်ကန်းတဲ့ ဒီဖစ်ဆစ် နအဖ ကိုသွားပြီးစေတနာ ဂရုဏာရှိနေတော့ ခံခဲ့ရတဲ့ ခံနေရဆဲ လူမျိုးတိုင်းရင်းသားတွေအတွက်ထည့်စဉ်းစားပါဦး...

Freedom News Group မှ.......
လူ့အခွင့်အရေး ချိုးဖေါက်မှုများကြောင့် မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများအားကုလသမဂ္ဂလက်အောက်ခံနိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ တင်ပို့ တရာစွဲ ဆိုမည့် အစီအစဉ်ကိုလက်မခံနိုင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က New York Time သတင်းစာ နှင့်တွေ့ဆုံမေးမြန်း
ခန်းတွင် ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က နအဖစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက်နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာတင်ဖို့ ပြည်ပရောက်အတိုက်အခံ တွေရဲ့ကြိုးစားမှုကို သူမအနေဖြင့် ဘယ်တုန်းကမျှ မထောက်ခံခဲ့ကြောင်းပြောကြားခဲ့သည်။ “ကျမဘယ်တုန်းကမှ သူတို့ကို နိုင်ငံတကာခုံရုံးတင်ဖို့မပြောခဲ့ပါဘူး။ ကျမအနေနဲ့ ဒီကိစ္စကြောင့် သူတို့အတွက်လှုံခြုံမှု၊ကြောက်ရွှံ့စိုးရိမ်မှုတခုဖြစ်ရမှာကို မလိုလားပါဘူး။ ပြီးတော့ ကျမတို့ဟာ သူတို့နဲ့ပုဂ္ဂိုလ်ရေးအရဘာပြဿနာမှမရှိသလို၊ ကျမအနေနဲ့ သူတို့ကိုမကောင်းကြံဖို့စိတ်ထားမျိုးလည်း မရှိတာကတော့အမှန်ပါ။

Read More...