နယ်စပ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

ဧရာဝတီ သတင်းမှ...........

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေ ဒေသတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် တိုးတက်သော ဗုဒ္ဓဘာ သာ ကရင်အမျိုးသား တပ်မတော် (DKBA) ပူးပေါင်း တပ်များက နအဖ တပ်ရင်းများကို ယမန်နေ့က ခြုံခိုတိုက် ခိုက်ခဲ့ကြောင်း သိရသည်။
DKBAနှင့် KNU တပ်ရင်း ၁၀၃ ပူးပေါင်း တပ်များက ဝေါ်လေဒေသတွင် လှုပ်ရှားနေသော နအဖ၏ ခြေမြန်တပ်ရင်း(ခမရ) ၂၂၉ နှင့် ၄၀၁ တပ်ရင်းများကို ပြောက်ကျား စနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဖောဒိုက ဧရာဝတီသို့ ပြောသည်။

ဝေါ်လေဒေသရှိ ခြူးကလီ အပါအ၀င် မောလူခို့ စသည့် နေရာများတွင် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း ဒေသများတွင်လည်း နအဖ တပ်များ ထပ်မံ၍ လှုပ်ရှားလာပါက တိုက်ပွဲများ ဆက်လက်၍ ဖြစ်ပွားနိုင်ကြောင်း ဗိုလ်မှူး ကြီး ဖောဒိုက ဆက်ပြောသည်။

နောက်ဆုံး သတင်းများအရ ယင်း ဒေသများတွင် တိုက်ပွဲများ မရှိသော်လည်း စစ်အစိုးရ တပ်များက လက်နက်ကြီးများဖြင့် ယနေ့ နံနက် ၁၀နာရီခန့်တွင် ပစ်ခတ်ခဲ့သောကြောင့် အသက် ၃၀ ခန့် အရွယ် ရှိသော ကနှဲလေးရွာသား တဦး ဒဏ်ရာရရှိ သွားကြောင်း သိရသည်။

နအဖ တပ်များက ရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေရာ တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနိုင်ကြောင်း KNLA တပ်ရင်း ၂၀၁ မှ ဒု တပ်ရင်းမှူး ဗိုလ်ကြီး အောင်ကြည်ကလည်း ပြောသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသားများ ၁၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေးတိမ်း ရှောင်လာသူများ ရှိသကဲ့သို့ တချို့ဒေသခံများကလည်း နီးစပ်ရာ မိတ်ဆွေများနှင့် တောထဲတွင် ပုန်းအောင် နေကြရကြောင်း သိရသည်။ လွန်ခဲ့သည့် တပတ်မှ ထွက်ပြေးလာသူများ အပါအ၀င် ယခုအခါ စုစုပေါင်း ရွာသား ၃၅၀ ခန့် ရှိ သည်။

တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေသူများကို ထမင်းထုပ်များ ပို့ဆောင်ပေးနေရကြောင်း နယ်လှည့် ကျောပိုးအိတ် ကျန်း မာရေးလုပ်သား အဖွဲ့ (BPHWT) မှ တာဝန်ခံ တဦးဖြစ်သူ ဦးမန်းမန်းက ပြောသည်။

“နယ်စပ်နဲ့ အနီးဆုံး ဝေါ်လေရွာ တနေရာမှာကျတော့ ထမင်းချက်စားဖို့ အဆင်သင့်မဖြစ်ဘူး၊ အဲဒီနေရာတွေကျတော့ ထမင်း ထုပ်တွေ ပို့ပေးနေရတယ်”ဟု ၎င်းက ပြောသည်။

စစ်ပြေး ဒုက္ခသည်များကို မြန်မာ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC)နှင့် တချို့ NGO အဖွဲ့ ၀င် တချို့က ပူးပေါင်း၍ အကူအညီများ ထောက်ပံ့ပေးကြောင်း သိရသည်။

ထို့အပြင် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကိုလည်း ထိုင်းလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ ဥက္ကဌ ဒေါက်တာ နိရန်းဖိ ထ၀ပ်ချာရန်က ယမန်နေ့က သွားရောက်ဆွေ့ဆုံခဲ့သည်။

“ခရီးစဉ်ကတော့ ထိုင်းဘက်မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေရယ်၊ ထိုင်းနဲ့ မြန်မာဘက်မှာရှိတဲ့ နယ်စပ် အခြေ အနေတွေရယ်ကို သိရှိနိုင်ဖို့အတွက် လာရောက်လေ့လာတာဖြစ်တယ်”ဟု ဒုက္ခသည်များကို တွေ့ဆုံနေစဉ် လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌက ပြောကြားခဲ့သည်။

ဒုက္ခသည် အခြေအနေများကို လေ့လာပြီးနောက် မွန်းလွဲပိုင်းတွင် ထိုင်းလူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ နှင့် အဖွဲ့ဝင်များက မဲဆောက်မြို့ရှိ ထိုင်းတာဝန်ရှိသူများ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါ အ၀င် အစိုးရမဟုတ် သော ( NGO ) အဖွဲ့အစည်းများကိုလည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဒေါက်တာ စင်သီယာမောင်က ဒုက္ခသည်များနှင့် ပတ်သက်သော အချက်အလက်နှင့်ဓာတ် ပုံ မှတ်တမ်းများ၊ မြေပုံကားချပ်များဖြင့် ရှင်းလင်း တင်ပြခဲ့သည်။ ယင်း ဆွေးနွေးတင်ပြန်ချက်နှင့် မှတ်တမ်းများကိုလည်း ထိုင်း အစိုးရထံ တင်ပြပေးသွားမည်ဟု ထိုင်း တာဝန်ရှိသူတဦးက ပြောကြားသွားသည်။

နိုဝင်ဘာ ၇ ရက်နေ့က ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့ နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက် တိုက် ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာ လင်းမြိုင် စသည့် ကျေးရွာ ဝန်းကျင်ဒေသများတွင် ဖြစ်ပွားခြင်း ဖြစ်သည်။

ဒုက္ခသည်တဦးက“ထိုင်းလူကြီးက မေးတော့ အမှန်တိုင်းပဲ ပြောလိုက်တယ်၊ မြန်မာဘက်မှာ အခြေအနေ မကောင်းသေးခင်မှာ ထိုင်း စစ်တပ်က ပြန်ခိုင်းတာ အခုဆိုရင် ၄ခါရှိပြီး အေးချမ်းသွားရင် အကုန်လုံးပြန်ကြမှာပါ၊ အိုးအိမ် လယ်ယာတွေ ရှိပါ တယ်၊ ဒီမှာ တသက်လုံး နေခိုင်းလဲ မနေပါဘူး”ဟု ထိုင်းအာဏာပိုင်များကို တွေ့ဆုံနေစဉ် ပြောကြားသည်။

0 comments:

Post a Comment