လူမဆန်မှုသတင်း

တပ်မဟာ(၁) သထုံခရိုင်။

၃.၈.၂၀၁၀ နေ့တွင် ဘီလင်းမြို့နယ်ပညာရေးမှူး ပူးတွဲတာဝန်ဦးမျိုးဝင်းသည် ထိုမြို့နယ်အနီးတဝိုက်ရှိ ပညာရေးဝန်ထမ်း ဆရာ ဆရာမများအားလုံးကို မဲရုံမှူး ဒုမဲရုံမှူး မဲရုံအဖွဲ့ဝင် စသည့်သင်တန်းများကို ဘီးလင်းအထက်တန်းကျောင်းသို့ ၁၅.၉.၂၀၁၀ နေ့တွင် သွားရောက်တက်ရောက်ရန်မှာကြားသည်။

၎.၉.၂၀၁၀ နေ့တွင် နအဖတပ် ခမရ(၂၀၆) မှဗိုလ်မျိုးညိုညွန့်သည် ဝါပူရွာသား စောမောင်ဝင်းရဲ့ ၃၀၀၀၀ကျပ်တန်ဘိုးရှိတဲ့ ဆိတ်တစ်ကောင်ကို အတင်းအကျပ်တောင်းစားပြီး ပိုက်ဆံမပေးခဲ့။

၎.၉.၂၀၁၀နေ့တွင် နအဖတပ် ခမရ ၃၃ တပ်ရင်းမှူးရန်နောင်စိုး သည် ကဒီပူအုပ်စု အားဝါး ၅၀ ချောင်း၊ ဃါ ၄၀လုံးတို့ကို ၆.၉.၂၀၁၀နေ့ တွင်အရောက်ပို့ ခိုင်းပြီး ကျသင့်တန်ဘိုးငွေကိုလုံးဝမပေးခဲ့။

တပ်မဟာ(၅) ဖာပွန်ခရိုင်။

၂၉.၈.၂၀၁၀ နေ့ DKBA ၅၅၅ မှစောတပျူနှင့်စောတိုဘော တို့ ဦးဆောင်ပြီး မလေးလယ်ရွာသား စောတာလာ အသက်၃၅နှစ်အားလည်လှီးပြီးသတ်ခဲ့။ သတ်ရသောအကြောင်းမှာ သူတို့ လူမောင်မြင့် ဦးသည်KNUနှင့်သွားရောက်ပူးပေါင်းသောကြောင့်ဖြစ်သည်။ ဒါ့အပြင်ကွီးတမံရှိ DKBA အုပ်စုသည် နောက်နောင် မိမိတို့ ဘက်မှလူတဦးပျောက်ခဲ့ရင်ရွာသူကြီးတဦးပျောက်စေရမည်ဟု လူထုအားခြိမ်း ခြောက်ပြောဆိုထားသည်။

DKBA 999နှင့်333 အုပ်စုသည် နိုထာရွာသားများနှင့် မလေးလယ်အုပ်စုမှ ရွာသူရွာသားများအား လယ်ယာထဲသွားလာလုပ်ကိုင်ခွင့်ကိုတားဆီးတဲ့အပြင်မိုင်းများကိုယခင်ကထက်ပိုပြီးထောင်ထားသည်ဒါ့အပြင် ရွာသူရွာသားများအားသတ်ပစ်မည်ဟုခြိမ်းခြောက်ပြောဆိုသေးသည်။

မတ်ထောစခန်းရှိ DKBA နှင့် နအဖတပ် ခမရ (၇၀၁)ပူးပေါင်းပြီး ထိုအနီးတဝိုက်ရွာများအားအ တင်းအကြပ် ဝါးများကိုခုတ်ခိုင်းပြီး၂၃.၉.၂၀၁၀နေ့တွင်အရောက်ပို့ ခိုင်းသည်။

နအဖတပ်ခမရ ဒု-ရင်းမှူး သန်းနိုင်ထွန်းတို့ အုပ်စုသည် လယ်ဝါးခိုရွာသား မောင်ကြည်သာ အသက်၂၈နှစ်ကို မြန်မာစကားမပြောတတ်တဲ့အတွက်ဖမ်းဆီးနှိပ်စက်ခဲ့သည်။

၁.၉.၂၀၁၀နေ့ ခူသူထါစခန်းရှိ ခမရ(၇၀၄)တပ်ရင်းမှူးအောင်ဆန်းလွင်သည် ထိုဂွင်တဝိုက်ရှိရွာ များကိုအတင်းအကြပ် ခိုင်းစေကြောင်းသတင်းရရှိသည်။

တပ်မဟာ(၆) ဒူးပလာယာခရိုင်။

၃.၉.၂၀၁၀နေ့ အင်အား၂၀ရှိ BGF ဒုခွဲမှူးအကြည်သည် သူတို့ လှုပ်ရှားသောဂွင်တဝိုက်ရှိရွာများကို တစ်လလျှင်ရွာတိုင်းပေါ်တာကြေး ၄၀၀၀၀ကျပ်ပေးရန်အတင်းအကြပ်တောင်းဆိုကြောင်းသတင်းရ ရှိသည်။

0 comments:

Post a Comment