မြ၀တီ ကို လက်နက်ကြီး ကျ

FreedomNewsGroup မှ.......

မြ၀တီမြို့ တွင်ယနေ့ မနက်ပိုင်းမှာပစ်ခတ်သံများကြားရပြီးလက်နက်ကြီးပေါက်ကွဲမှုသံများလည်းဆူညံနေသည်ဟုမြ၀တီမြို့ ခံတစ်ဦးကFreedom News Group သို့ ပြောသည်။
ယနေ့မတ်လ၁၇ရက်နေ့ နေ့လည် ၂နာရီခွဲအချိန်ခန့်တွင်မြဝတီမြို့ပြင်တံတားကျိုးဘက်လက်နက်ကြီးသွများကြားရပြီး၊လက်နက်ကြီး၎လုံးခန့်ပေါက်ကွဲသံကြားရကြောင်းမြဝတီမြိုခံကပြောသည်။ဗိုလ်မှုးချုပ်စောလားပွယ်ဦးဆောင်သောDKBAတပ်များသည်နအဖ၏ရွေးကောက်ပွဲ နှင့်နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခြင်းကိုလက်မခံဘဲ ပြီးခဲသည့်နိုဝင်င်္ဘာလကတည်းကတိုက်ခိုက်လာခဲ့သည်။

ကရင်ပြည်နယ်အတွင်းတွင်တိုက်ပွဲများ ဖြစ်ပွားစဉ်ကာလအတွင်းနအဖစစ်တပ်မှာပြောက်ကျားစစ်ဆင်ရေးများကြောင့်အထိခိုက်အကျဆုံးများပြားခဲ့ရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုပြီးချိန်တွင်DKBA နှင့်KNUတို့မှနအဖစစ်တပ်ကိုပြောက်ကျားစစ်ဆင်ရေးများအရှိန်တိုးမြင့် တိုက်ခိုက်မည်ဟု သတင်းများကြားနေရကြောင်းကို မြ၀တီ-ကော့ကရိတ် ဆိုင်ကယ်ပြေးဆွဲနေသူယာဉ်မောင်းတဦးက FNG ကိုပြောပြခဲ့ပါသည်။

မတ်လ၁၆ရက်နေ့ညကတည်းက မြဝတီမြို့တွင်နေထိုင်သူများသည်အချို့မှာတိုက်ပွဲများဖြစ်ပွားလာပါကဘေးကင်းရာထွက်ပြေးနိုင်ရန်အထုပ်အပိုးများအဆင့်သင့်ပြင်ထားကြပြီး၊အချို့မှာမိမိတို့နေထိုင်ရာအိမ်ဝင်းအတွင်းတွင်ကတုတ်ကျင်းများတူးထားကြကြောင်းသိရ သည်။ ယနေ့တွင်မြဝတီဈေးနှင့် ရပ်ကွက်အတွင်းဈေးဆိုင်များပိတ်ထားကြကြောင်းသတင်းရရှိပါသည်။
မြ၀တီမြို့ ထဲတွင်စစ်တပ်အင်အားမြောက်များစွာချထားပြီး ဒေသခံများသည်ပေါ်တာနှင့်ချောအဆွဲခံရမည်ကိုထိတ်လန့် နေကြသည်။
မြ၀တီ မြို့ သည် မြန်မာ နိုင်ငံနယ်စပ်ဒေသ၏ အဓိကျသောကုန်သွယ်ရေး မြို့ ဖြစ်သည်။

0 comments:

Post a Comment