ကရင်ပြည်နယ် မြဝတီမြို့နဲ့ ကော့ကရိတ် အဝေးပြေးကားလမ်းပေါ်က ကြံ့ဖွံ့အစိုးရ စစ်တပ် စစ်ကြောင်းတွေရှိတဲ့ အောက်ဗိုလ်တဲ သစ်ခြောက်ပင် နဲ့ ရန်ကုတ် နေရာသုံးခုမှာ စက်တင်ဘာ ၇ ရက်နေ့ နေ့လည် တနာရီလောက်က DKBA ဗိုလ်မှူး ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့နဲ့ ဗိုလ်ချမူကြေး ဦးဆောင်တဲ့ တပ်ဖွဲ့တွေ ပူးပေါင်းပြီး ၎င်းနေရာသုံးခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
ထိခိုက်ကျဆုံးမှုတွေကိုတော့ မသိရှိရသေးပါ။ DKBA ဗိုလ်မှူးကျော်သက် နဲ့ ပူးပေါင်းတိုက်ပွဲဝင်တဲ့ ဗိုလ်ချမူကြေး ဟာ နယ်ခြားစောင့်တပ် (BGF) တပ်ရင်း ၁၀၂၂ မှ ကြံ့ဖွံ့အစိုးရကို တော်လှန်တိုက်ပွဲဝင်နေတဲ့ DKBA တပ်ဖွဲ့တွေဆီကို မကြာ သေးခင်က လာရောက်ပူးပေါင်း တိုက်ပွဲဝင်သူ ဖြစ်ပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ကလည်း ဘားအံမြို့က ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) က DKBA ဆိုတာ မရှိတော့ဘူးဆိုတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါသေးတယ်။
0 comments:
Post a Comment