ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ တပ်သား အောင်အောင် ဒီကေဘီအေ ထံ လာရောက်ပူးပေါင်း

နေ့သစ်မှ.......

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ တပ်သား အောင်အောင် အသက် ၂၁ နှစ်ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က ဒီကေဘီအေ တပ်ဖွဲ့မှ ဗိုလ်ကော်ဒိုစိုး ထံ လာရောက် ပူးပေါင်းခဲ့ပါတယ်။
နယ်ခြားစောင့်တပ်မှ တာဝန်ထမ်းခံစဉ်က သူရဲ့ အတွေ့အကြုံတွေ ခံစားချက်များကို မေမြန်းခဲ့ရာ …

“အခုက ရာထူးတွေ လခတွေ သတ်မှတ်ထားလိုက်တော့ ကျနော်တို့တွေဟာ အရင်ကလို ညီအစ်ကိုစိတ်ဓါတ်တွေ နည်း လာတာတွေ့ရတယ်။ လခကြတော့ ရဲဘော်အဆင့် ၃၆၀၀၀ ကျပ် ရတယ်။ တရစ်ဆိုရင် ၆၀၀၀ ပိုရတယ်။ စစ်အစိုးရဆီ က လခယူထားတော့ သူတို့ ခိုင်းတာတွေ လျောက်လုပ်ရတော့တာပေါ့။ စစ်ဆင်ရေးရှိလို့ လမ်းပြခိုင်းတာမျိုး၊ သူတို့နဲ့ တွဲ ပြီး စစ်ဆင်ရေးလုပ်ခိုင်းတာမျိုး တွေပေါ့။ ကြာရင်တော့ နယ်ခြားစောင့် တပ်အချင်းချင်းလည်းကွဲပြဲတာတွေ ဖြစ်လာမယ် လို့ ထင်တာပဲ၊ ခုကြည့်လေ စီးပွားရေးလုပ်ပိုင်ခွင့်တွေအကုန်လုံး ချစ်သူ လက်ထဲ စုပြီးထဲ့ထားတာ၊ ဒါ ကျနော်တို့ အချင်း ချင်းသွေးကွဲဖို့ လုပ်လိုက်တာပဲ မဟုတ်လား။ နောက်တခုက ဗိုလ်မုတ်သုန် တပ်ရင်းကို ဗိုလ်ချစ်သူ တပ် လက်အောက်ကို ပြောင်းပစ်မယ် ကြားနေရပြန်တယ်။ စစ်အုပ်စုကို အားကိုပြီး ကပ်နေရင်တော့ တချိန်မှာ တစစီဖြစ်ပြီး ပြောက်သွားမှာပဲ၊ အခုလဲ တိုင်းရင်းသားအဖွဲ့တွေကို ငြိမ်း ချမ်းရေးစကားတွေ ပြောမယ်လဲ ပြောသေးတယ်၊ လက်တွေ့ကြတော့ ထိုးစစ်တွေ လုပ်နေတယ်၊ အပြောနဲ့ လက်တွေ့မကိုက်ဘူး” လို့ ပြောပြသွားပါတယ်။
ကရင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးတည်းဆောက်ရေးလုပ်ဖို့ ကြံ့ဖွံ့စစ်အစိုးရဘက်က ကိုယ်စားလှယ်တွေ စေလွှတ်ပြီး တိုင်း ရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ စကားပြောဆွေးနွေးတာတွေ ရှိသလို၊ တပြိုင်နက်တည်းမှာပဲ ကရင်ပြည်နယ်အတွင်း က တော်လှန်ရေးအဖွဲ့အစည်းတွေကို သဲကြီးမဲကြီး ထိုးစစ်ဆင် ချေမှုန်းဖို့ကြိုးစားတာတွေလည်း ရှိနေပါတယ်။

0 comments:

Post a Comment