ဘုရားသုံးဆူနဲ့ ကော့ကရိတ် အနီးဝန်းကျင်းက တိုက်ပွဲ ၂ ပွဲ

ဘုရားသုံးဆူဒေသ တာ့ဒိန်ရွာနဲ့ သံဖြူဇရပ်အကြားရှိ တဒိန်းရွာချောင်းနေရာမှာ ကြံ့ဖွတ်အစိုးရစစ်တပ် စကခ ၅ လက် အောက်ခံ ခမရ ၅၄၃ တပ်ရင်းကို ဒီကေဘီအေ ၉၀၂ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီးအေဝမ်း ဦးစီးတဲ့ တပ်ဖွဲ့တွေက ဒီက နေ့ အောက်တိုဘာလ ၆ ရက်နေ့ မနက် ၉ နာရီလောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ လောက်ကြာခဲ့ပြီး ကြံ့ဖွတ်အစိုးရ စစ်တပ်ဘက်မှ ၂ ယောက် ဒဏ်ရာရပြီး ၂ ယောက် သေဆုံးတယ်လို့ သိရှိရတယ်။
အလားတူ ဒီကနေ့ နေ့လည် ၁၁ နာရီဝန်ကျင်လောက်က ကော့ကရိတ်မြို့အနီး နန်ရွှေမိတ်ရွာနဲ့ မဲဖာလဲ့ရွာကြားမှာ ကြံ့ ဖွတ်အစိုးရစစ်တပ်နဲ့ ဒီကေဘီအေ ကလိုထူးဝါးဗျူဟာမှ ဗိုလ်ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေ အချိန်တနာရီလောက်ကြာ တဲ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲရဲ့ ထိခိုက်သေဆုံးတာတွေကိုတော့ မသိရှိရသေးပါ။

0 comments:

Post a Comment