ဒုက္ခသည်တွေ လုံခြုံမှုကင်းတဲ့အတွက် နေရပ်ရင်းကို မပြန်လို

VOA သတင်းမှ............

ရွေးကောက်ပွဲအပြီး နိုဝင်ဘာလဆန်း ကတည်းက DKBA ကရင်ဗုဒ္ဓဘာသာ အဖွဲ့နဲ့ မြန်မာစစ်အစိုးရတို့ ကြားက တိုက်ပွဲတွေကြောင့် ထိုင်း၊ မြန်မာ နယ်စပ်ဘက်ကို ထွက်ပြေးလာခဲ့ကြတဲ့ တိုင်းရင်း ကရင် ဒုက္ခသည်တွေကို ထိုင်းအစိုးရက နေရပ်ရင်း ပြန်ပို့နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဒုက္ခသည်တွေရဲ့ နေရပ်တွေမှာ မြန်မာစစ်တပ်ဘက်က တပ်စွဲထားပြီး ရွာသူရွာသားတွေရဲ့ ရိက္ခာတွေကိုလည်း ယူငင် စားသောက်နေတာကြောင့် ဒုက္ခသည်တွေဟာ နေရပ်ရင်းကို မပြန်ချင်ကြဘဲ ရှိနေပါတယ်။ ဒါကြောင့် ထိုင်းဘက်ကို ထွက်ပြေးလာကြတဲ့အခါ ဒုက္ခသည်တွေဟာ စခန်းတွေကို သွားကြရမယ့်အစား နီးစပ်ရာ နေရာတွေမှာ ပုန်းအောင်းနေကြရတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင်ထဲက ဖလူးကြီး၊ ဖလူးလေး ကျေးရွာနဲ့ ၀ါးလေဒေသဘက်က စစ်ပြေး ဒုက္ခသည်တွေကို ထိုင်းနိုင်ငံဘက်က မကြာသေးခင်က ပြန်လည် ပို့ဆောင်ခဲ့ပေမဲ့ မြန်မာစစ်တပ်တွေက သူတို့ရွာတွေမှာ ကတုတ်ကျင်းတူးပြီး အခြေချ တပ်စွဲထားကာ သူတို့ရဲ့ စားနပ်ရိက္ခာတွေကို စစ်ပွဲအတွင်း ရိက္ခာအဖြစ် ယူဆောင်နေတာကြောင့် ရွာသားတွေက စစ်တပ်နဲ့ ဝေးရာကို ရှောင်ရှားနေရကြောင်း DKBA တပ်မှူးတဦးက အခုလို ပြောပြပါတယ်။
“၀ါးလေဘက်မှာ နေနေတယ်။ ၀ါးလေဘက် သူတို့နေတဲ့ နေရာမှာ ကတုတ်ကျင်း တူးတယ်လေ။ သူတို့ နေတဲ့နေရာမှာ ပစ်ကျင်းတွေ၊ ကတုတ်ကျင်းတွေ တူးတယ်။ ရွာထဲမှာ သူတို့ရောက်တဲ့ နေရာမှာ ကတုတ်ကျင်း တူးတယ်။ တောမှာရောက်ရင် တောထဲမှာ၊ ရွာရောက်ရင် ရွာထဲမှာ ကတုတ်ကျင်း၊ ပစ်ကျင်း တူးတယ်။ ရွာသားတွေကလည်း သူတို့ရှိတယ်ဆိုရင် လာပြီး အတွေ့မခံဘူး။ ဥပမာ ဖလူးလေးဆိုရင် ရွာလုံးကျွတ် မရှိဘူး။ ဖလူးကြီးဆိုရင် အနည်းအကျဉ်းပဲ ရှိမယ်။ ရွာသားတွေက လက်ရှိ သူတို့ လာမယ်ဆိုရင် အမြင်မခံ၊ အတွေ့မခံတဲ့ အနေအထားမှာ ရှိတယ်။”
ဝါးလေဒေသဘက်မှာ အခြေစိုက်ထားတဲ့ တပ်တွေအနေနဲ့ ၂ လကျော်ကြာ တိုက်ပွဲတွေဖြစ်ပြီး ရိက္ခာလမ်းကြောင်းတွေကို DKBA တပ်တွေက ဖြတ်ပြီး တိုက်ခိုက်နေတာကြောင့် ကျေးရွာသားတွေ ထံကနေ ရိက္ခာတွေကို မြန်မာစစ်တပ်က ယူဆောင် စားသောက်နေကြောင်းလည်း ပြောပြပါတယ်။
“ရှိတဲ့တပ်က သူတို့ အရပ်သားထဲမှာ တောင်းစားတယ်လို့ ပြောတယ်။ ရွာက စားနပ်ရိက္ခာတွေ ယူပြီး စားနေတယ်ပေါ့။ သူတို့ ၀င်တဲ့ ရွာတွေ၊ သူများအိမ်မှာရှိတဲ့ ဆန်တွေ၊ အဲဒါတွေနဲ့ သူတို့ စားနေတယ်။”
ဒီရွာတွေဟာ အရင်က DKBA ထိန်းချုပ်ရာ ကျေးရွာတွေ ဖြစ်နေတာကြောင့် ရွာသားတွေကိုလည်း ပေါ်တာဆွဲတာ၊ သတ်ဖြတ် ညှဉ်းဆဲတာတွေကို ပြီးခဲ့တဲ့ အပတ်တွေတုန်းက မြန်မာစစ်တပ်က လုပ်ဆောင်ခဲ့တာကြောင့် ရွာသားတွေ အနေနဲ့ နေရပ်ရင်းကို မပြန်လိုကြပါဘူး။ အခုအခါမှာတော့ ဖလူးဒေသဘက်မှာ မြန်မာစစ်တပ်က အင်အားတွေ ထပ်ပြီး တိုးချဲ့ ချထားလာကြောင်းကိုလည်း DKBA ဘက်က ပြောပါတယ်။
“အခြေအနေက တပ်အင်အား၊ တပ်မ ၄၄ လက်အောက်ခံတပ် မနေ့က ရောက်လာတယ်။ ၀ါးလေမှာ သွားမယ်ဆိုတော့ သူတို့က ဒီလမ်းကြောင်းကို ဆင်းရမယ်။ ဒီလမ်းကြောင်းကို ဆင်းလို့ရမှ ဖလူးက ပိုတဲ့ရိက္ခာ ပို့ပေးရမယ်လေ။”
အခုအခါမှာတော့ မြန်မာစစ်တပ်နဲ့ DKBA ကြားမှာရှိတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာလည်း ဘာမှ မရှိတော့သလို DKBA ဘက်ကလည်း ကရင်တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ရည်ရွယ်ချက်က နံပါတ်တစ်၊ ကျနော်တို့ တိုင်းရင်းသား အားလုံးတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတဲ့အထိ မျှော်မှန်းတယ်၊ ကျနော်တို့နဲ့တကွ လက်ရှိ ကျနော်တို့နဲ့ တွေ့ဆုံတဲ့ တိုင်းရင်းသားတွေလည်း ရှိတယ်။ ကျနော်တို့က ကိုယ်ပိုင် ပြဋ္ဌာန်းနိုင်ခွင့် ရတဲ့အထိ အဲဒီလောက်ထိ ရည်မှန်းတယ်။ ပြီးတော့ အဖိနှိပ်ခံ လူတန်းစားတွေ အားလုံး လွတ်မြောက်ဖို့အတွက် အဲဒီလောက်အထိ ရည်မှန်းချက် ရှိတယ်။ နိုင်ငံရေး အဖြေထွက်ဖို့ စစ်ရေးအရ ကျနော်တို့ ပြောက်ကျားစစ်နဲ့ တိုက်ရမယ်၊ မြို့ပေါ်မှာလည်း ၀င်ရောက် ထိုးဖောက်နိုင်ရင်လည်း ၀င်ရောက် ထိုးဖောက်နိုင်သလောက် လှုပ်ရှားရမှာပဲ။
“တကယ်လို့ ဒီစစ်ကြီးက မကောင်းဘူး၊ စစ်အနိဋ္ဌာရုံအောက်မှာ လူသားတွေ ဒုက္ခရောက်တယ်၊ အဲဒီအမြင်မှန်နဲ့ ပြန်ပြီးဆွေးနွေးမယ် ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ အားလုံး အဖိနှိပ်ခံ ပြည်သူလူထုတွေနဲ့ ဆွေးနွေးပြီး ပြန်ပြီးတော့ ငြိမ်းချမ်းရေး ယူမယ်ဆိုရင်တော့ အဲဒါ နည်းနည်းလေး နီးစပ်ရင် နီးစပ်မယ်။ ဘာမဟုတ်တဲ့ ကျနော်တို့ တစုတည်းကိုပဲ ပေးမယ်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တစုပြီး တစု၊ တစုပြီး နှစ်စုဆိုပြီး သူတို့က မှည့်ချွေသွားမယ်။ ဒါတွေလည်း ကျနော်တို့ အတွေ့အကြုံရှိတယ်။ နည်းနည်းပါးပါး မြင်တတ်၊ တွေးတတ်လာပြီလေ။”
မနေ့ကတော့ မြန်မာစစ်အစိုးရပိုင် သတင်းစာမှာ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၁၁ ဦး လက်နက်ချကြောင်း ကြေညာ ပြောဆိုခဲ့ပေမဲ့ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်တွေကတော့ သူတို့အဖွဲ့ဝင်တွေ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
ငြိမ်းချမ်းရေးကောင်စီဟာ မြန်မာစစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် လုပ်ရေးကို ငြင်းဆိုထားတဲ့ အပစ်ရပ်အဖွဲ့တခု ဖြစ်ပြီး သူတို့ရဲ့ တပ်ဖွဲ့ဝင် ၇ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ မြန်မာစစ်အစိုးရ တပ်တွေက သတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ ကရင်ပြည်နယ်အတွင်းမှာ မြန်မာစစ်အစိုးရ တပ်တွေက ကရင်လက်နက်ကိုင် ဘယ်အဖွဲ့ကိုမဆို ယုံကြည်မှုတွေ မရှိတော့သလို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေလည်း ဘာမှ မရှိတော့ဘူးဆိုပြီး ကရင် အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေက ပြောလာကြပါတယ်။ ဒီအခြေအနေတွေကြောင့် ကရင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်မယ့် အလားအလာတွေ ရှိနေပြီး ဒုက္ခသည်တွေ အတွက်ကတော့ နေရပ်ရင်းကို ပြန်တဲ့အခါမှာ လုံခြုံမှုမရှိတဲ့ အခြေအနေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Read More...

ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် UNHCR ပြော

ဧရာဝတီ မှ.......

နယ်စပ် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည် ၁၆၆ ဦးကို ပြန်ပို့လိုက်ခြင်းနှင့် ပတ်သက်၍ အတင်းအကျပ် ပြန်မပို့ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ထိုင်းအာဏာပိုင်များကို တိုက်တွန်း ပြောကြားလိုက်သည်။
ယင်းစစ်ပြေး ဒုက္ခသည်များတွင် ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည်ဟူသော ထိုင်းဒေသခံ ရွာသားများ၏ အကြောင်းပြချက်
ဖြင့် ထိုင်း အာဏာပိုင်များက မြန်မာဘက်သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီး ၅၀ ကျော်နှင့် ကလေး ၇၀ ကျော် ပါဝင်နေသည့် အဆိုပါဒုက္ခသည်များမှာ စစ်ဖြစ်နေဆဲ ဝေါ်လေဒေသသို့ ပြန်ရန် အသင့်မဖြစ်သေးဟု သိရကြောင်း ယမန်နေ့က UNHCR ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်း ရှောင်လာသည့် ဒုက္ခသည်များကို ထိုင်းနိုင်ငံ အနေဖြင့် နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများ အရ အကာအကွယ်ပေးသင့်ကြောင်းလည်း UNHCRက ဆိုသည်။

ထိုင်း အာဏာပိုင်များက ဒုက္ခသည်များကို ပြန်ပို့သော်လည်း ဒုက္ခသည်အများစုက နီးစပ်ရာ အသိမိတ်ဆွေများထံသို့ တိမ်း ရှောင်နေကြရသည်။ သို့သော် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)နှင့် နအဖတပ်များ တိုက်ပွဲ များ ဆက်လက် ဖြစ်ပွားနေကြောင်း ဒုက္ခသည်များကို ကူညီဆောင်ရွက် နေသူများက ပြောသည်။

“ထိုင်းနိုင်ငံမှာ ခိုလုံခွင့်ဟာ လုံးဝ အတည်တကျ မရှိတော့ဘူး၊ တချိန်လုံးပဲ ဟိုရွှေ့ဒီရွှေ့လုပ်နေရတယ်၊ ရွာထဲမှာ တကယ် မပြန်ရဲဘူး၊ စစ်တပ်ကို ကြောက်တယ်၊ ပေါ်တာဆွဲမှာ ကြောက်တယ်၊ တိုက်ပွဲဖြစ်ရင် ပြေးလို့ မရဘူး အချောင်သေမယ်၊ အဲဒါ ရွာသားတွေက ပြောပြကြတယ်”ဟု ယမန်နေ့က ဒုက္ခသည်များကို တွေ့ဆုံစကားပြောခွင့်ရခဲ့သည့် ကရင် အမျိုးသမီး အစည်း အရုံး(KWO) ပြောရေး ဆိုခွင့်ရှိသူ နော်ဘလူးမင်း နိုက်ဇန်က ဧရာဝတီသို့ ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသော စစ်ပြေး ဒုက္ခသည်များထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၄ ဦးပါဝင်သည်ဟု ကြားသိရ
ကြောင်း ၎င်းက ဆိုသည်။

စစ်ပြေးဒုက္ခသည်များသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရှိ ဝေါ်လေဒေသ၌ DKBA နှင့် နအဖ တပ်များ အကြား နိုဝင် ဘာ လဆန်းပိုင်းမှ စတင်ဖြစ်ပွားနေသည့် ရက်ရှည် တိုက်ပွဲများ ကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။

ဒုက္ခသည်များကို မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း(MTC) အဖွဲ့၊ ကရင် လူ့အခွင့်အရေးလှုပ်ရှား နေသော အဖွဲ့များ အပါအ၀င် ထိုင်း - မြန်မာ နယ်စပ်တလျှောက် ကူညီစောင့် ရှောက်ရေး ညွန့်ပေါင်း အဖွဲ့(TBBC)တို့က ကူညီပေးထားသည်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW)ကလည်း ယင်း စစ်ပြေး ဒုက္ခသည်များသည် ထွက်ပြေး တိမ်းရှောင်လာ လိုက်၊ ပြန်လည် အပို့ခံရလိုက်နှင့် ပင်ပေါင် ဘောလုံးကဲ့သို့ ကြုံတွေ့နေကြရကြောင်း ဝေဖန်ပြောဆိုထားသည်။

ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးရောက်ရှိလာသော ဒုက္ခသည်များ ကို အချိန်မတန်သေးဘဲ ပြန်မပို့ရန်လည်း HRW က ထိုင်း အာဏာပိုင်များအား ဒီဇင်ဘာ ၄ ရက်နေ့က တောင်းဆိုထားသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့်ကြာအင်းဆိပ် ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ......

ဖလူးဒေသ စူးကလိ အနီး ကွိတာအူးတွင် ယနေ့နေလည် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် နအဖ စစ်တပ်မှ ခမရ ၅၈၇ စစ်တပ်များကတဖက် ဒီကေဘီအေ နဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တို့မှတဖက် တိုက်ပွဲဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ တဖက်နဲ့ တဖက် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေဆဲပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းဘုရင့်သမီးတော် လာရောက်တဲ့အတွက် ဝေါလေဒေသမှာ တိုက်ပွဲ အနည်းငယ် ဆိတ်ငြိမ်ခဲ့ရာမှာ ယမန်နေ့ညမှစတင်ပြီး တိုက်ပွဲများ တဖန်ပြန်လည် ဖြစ်ပေါ်ခဲ့တာပါ။

ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်မှာ ကရင်ပြည်နယ်၊ ကျိုင်းဒုံ-ဝေါလေ ကားလမ်းရှိ ထီးတီမူထီးနေရာတွင် နအဖ စစ်တပ်မှ ရှေ့တန်းအထိုင်တပ်များအတွက် ရိက္ခာတင်ဆောင်လာသော ကားများကို ဒီကေဘီအေနဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရိက္ခာ ကားတစီးအား သိမ်းယူနိုင်ခဲ့သည်။ သိမ်းယူခဲ့သော ရိက္ခာကားမှ ရိက္ခာများကို ယူဆောင်ပြီး ကားအား ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဝါလေဒေသ ကနဲလေးတွင် ယမန်နေ့ညနေ ၃ နာရီတွင် နအဖ တပ်များနဲ့ ဒီကေဘီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Read More...

ဒီ X'mas မှာ ဒီလို Rock ရအောင်ဗျာ...

Read More...

Silent Night New version သီချင်းကိုခံစားကြည့်လိုက်ပါဦး

Read More...

နယ်စပ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

ဧရာဝတီ သတင်းမှ...........

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါ်လေ ဒေသတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် တိုးတက်သော ဗုဒ္ဓဘာ သာ ကရင်အမျိုးသား တပ်မတော် (DKBA) ပူးပေါင်း တပ်များက နအဖ တပ်ရင်းများကို ယမန်နေ့က ခြုံခိုတိုက် ခိုက်ခဲ့ကြောင်း သိရသည်။
DKBAနှင့် KNU တပ်ရင်း ၁၀၃ ပူးပေါင်း တပ်များက ဝေါ်လေဒေသတွင် လှုပ်ရှားနေသော နအဖ၏ ခြေမြန်တပ်ရင်း(ခမရ) ၂၂၉ နှင့် ၄၀၁ တပ်ရင်းများကို ပြောက်ကျား စနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဖောဒိုက ဧရာဝတီသို့ ပြောသည်။

ဝေါ်လေဒေသရှိ ခြူးကလီ အပါအ၀င် မောလူခို့ စသည့် နေရာများတွင် အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း ဒေသများတွင်လည်း နအဖ တပ်များ ထပ်မံ၍ လှုပ်ရှားလာပါက တိုက်ပွဲများ ဆက်လက်၍ ဖြစ်ပွားနိုင်ကြောင်း ဗိုလ်မှူး ကြီး ဖောဒိုက ဆက်ပြောသည်။

နောက်ဆုံး သတင်းများအရ ယင်း ဒေသများတွင် တိုက်ပွဲများ မရှိသော်လည်း စစ်အစိုးရ တပ်များက လက်နက်ကြီးများဖြင့် ယနေ့ နံနက် ၁၀နာရီခန့်တွင် ပစ်ခတ်ခဲ့သောကြောင့် အသက် ၃၀ ခန့် အရွယ် ရှိသော ကနှဲလေးရွာသား တဦး ဒဏ်ရာရရှိ သွားကြောင်း သိရသည်။

နအဖ တပ်များက ရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေရာ တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနိုင်ကြောင်း KNLA တပ်ရင်း ၂၀၁ မှ ဒု တပ်ရင်းမှူး ဗိုလ်ကြီး အောင်ကြည်ကလည်း ပြောသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရွာသားများ ၁၀၀ ခန့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် တဖက်ကမ်းသို့ ထွက်ပြေးတိမ်း ရှောင်လာသူများ ရှိသကဲ့သို့ တချို့ဒေသခံများကလည်း နီးစပ်ရာ မိတ်ဆွေများနှင့် တောထဲတွင် ပုန်းအောင် နေကြရကြောင်း သိရသည်။ လွန်ခဲ့သည့် တပတ်မှ ထွက်ပြေးလာသူများ အပါအ၀င် ယခုအခါ စုစုပေါင်း ရွာသား ၃၅၀ ခန့် ရှိ သည်။

တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေသူများကို ထမင်းထုပ်များ ပို့ဆောင်ပေးနေရကြောင်း နယ်လှည့် ကျောပိုးအိတ် ကျန်း မာရေးလုပ်သား အဖွဲ့ (BPHWT) မှ တာဝန်ခံ တဦးဖြစ်သူ ဦးမန်းမန်းက ပြောသည်။

“နယ်စပ်နဲ့ အနီးဆုံး ဝေါ်လေရွာ တနေရာမှာကျတော့ ထမင်းချက်စားဖို့ အဆင်သင့်မဖြစ်ဘူး၊ အဲဒီနေရာတွေကျတော့ ထမင်း ထုပ်တွေ ပို့ပေးနေရတယ်”ဟု ၎င်းက ပြောသည်။

စစ်ပြေး ဒုက္ခသည်များကို မြန်မာ နယ်စပ် တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC)နှင့် တချို့ NGO အဖွဲ့ ၀င် တချို့က ပူးပေါင်း၍ အကူအညီများ ထောက်ပံ့ပေးကြောင်း သိရသည်။

ထို့အပြင် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကိုလည်း ထိုင်းလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ ဥက္ကဌ ဒေါက်တာ နိရန်းဖိ ထ၀ပ်ချာရန်က ယမန်နေ့က သွားရောက်ဆွေ့ဆုံခဲ့သည်။

“ခရီးစဉ်ကတော့ ထိုင်းဘက်မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေရယ်၊ ထိုင်းနဲ့ မြန်မာဘက်မှာရှိတဲ့ နယ်စပ် အခြေ အနေတွေရယ်ကို သိရှိနိုင်ဖို့အတွက် လာရောက်လေ့လာတာဖြစ်တယ်”ဟု ဒုက္ခသည်များကို တွေ့ဆုံနေစဉ် လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌက ပြောကြားခဲ့သည်။

ဒုက္ခသည် အခြေအနေများကို လေ့လာပြီးနောက် မွန်းလွဲပိုင်းတွင် ထိုင်းလူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ နှင့် အဖွဲ့ဝင်များက မဲဆောက်မြို့ရှိ ထိုင်းတာဝန်ရှိသူများ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါ အ၀င် အစိုးရမဟုတ် သော ( NGO ) အဖွဲ့အစည်းများကိုလည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဒေါက်တာ စင်သီယာမောင်က ဒုက္ခသည်များနှင့် ပတ်သက်သော အချက်အလက်နှင့်ဓာတ် ပုံ မှတ်တမ်းများ၊ မြေပုံကားချပ်များဖြင့် ရှင်းလင်း တင်ပြခဲ့သည်။ ယင်း ဆွေးနွေးတင်ပြန်ချက်နှင့် မှတ်တမ်းများကိုလည်း ထိုင်း အစိုးရထံ တင်ပြပေးသွားမည်ဟု ထိုင်း တာဝန်ရှိသူတဦးက ပြောကြားသွားသည်။

နိုဝင်ဘာ ၇ ရက်နေ့က ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့ နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက် တိုက် ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာ လင်းမြိုင် စသည့် ကျေးရွာ ဝန်းကျင်ဒေသများတွင် ဖြစ်ပွားခြင်း ဖြစ်သည်။

ဒုက္ခသည်တဦးက“ထိုင်းလူကြီးက မေးတော့ အမှန်တိုင်းပဲ ပြောလိုက်တယ်၊ မြန်မာဘက်မှာ အခြေအနေ မကောင်းသေးခင်မှာ ထိုင်း စစ်တပ်က ပြန်ခိုင်းတာ အခုဆိုရင် ၄ခါရှိပြီး အေးချမ်းသွားရင် အကုန်လုံးပြန်ကြမှာပါ၊ အိုးအိမ် လယ်ယာတွေ ရှိပါ တယ်၊ ဒီမှာ တသက်လုံး နေခိုင်းလဲ မနေပါဘူး”ဟု ထိုင်းအာဏာပိုင်များကို တွေ့ဆုံနေစဉ် ပြောကြားသည်။

Read More...

စစ်တပ်က မီးရှို့မည်ဆို၍ ရွာခံများ တိမ်းရှောင်ရ

ဧရာဝတီ မှ.....

ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်ရှိ မဲကသာရွာအား နအဖစစ်တပ် ခြေမြန်တပ်ရင်း (ခမရ) ၄၀၂ စစ်ကြောင်း ၂ မှ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြီး အာကာ ဆိုသူက မီးရှို့ရန် စီစဉ်မှုကြောင့် ဒေသခံ ရွာသားများ တိမ်းရှောင်နေရကြောင်း သိရ သည်။
တိမ်းရှောင်နေကြရသည့် မဲကသာရွာသား ၅၀၀ ခန့် ရှိသည်ဟုလည်း ဒေသခံ တဦးက ပြောသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့က ၎င်း အား သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရသောကြောင့် မဲကသာရွာကို မီးရှို့ ရန် ဗိုလ်မှူးကြီး အာကာ က တပ်ဖွဲ့ဝင်များကို အမိန့်ပေး စီစဉ်ခြင်းဖြစ်သည်ဟု ဘုရားသုံးဆူ ဒေသရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ မှ ဗိုလ်ကြီး စောထဲနေက ဧရာဝတီသို့ ပြောသည်။ ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကြီး အာကာ၏ ဘယ်ဘက် လက်ကောက် ၀တ် ကို သေနတ် ထိမှန် သွားကြောင်း
သိရသည်။

“ဘော်လီဘော ကစားနေတုန်း ဘယ်အဖွဲ့ ကမှန်းမသိတဲ့ သေနတ်သမားတဦးက ၀င် ပစ်သွားလို့ ဗိုလ်မှူးကြီး အာကာ ကို မှန်သွားတယ်။ ဒါကြောင့် သူက ရွာကို မီးရှို့ ဖို့ အမိန့် ပေးလိုက်လို့ ရွာသားတွေ မနေရဲတော့ဘူး။ အားလုံး ထွက် ပြေး ကုန်ကြတယ်။ မဲကသာမှာ အိမ်ထောင်စု ၈၃ စု ရှိတဲ့အထဲက ၆၁ စုက တောထဲကို ၀င်ပြေးကြတယ်။၂၁ စု က တော့ ဘုရားသုံးဆူ နဲ့ သဘာဝရွာဘက်ကို ပြေးကြတယ်။ ရွာသူကြီးအိမ်တအိမ် ကျန်တယ်”ဟု ဗိုလ်ကြီး စောထဲနေက ဆိုသည်။

ယင်းကိစ္စဖြစ်ပွားပြီး နောက်တနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်လည်း ခမရ ၄၀၂ စစ်ကြောင်း ၁ မှ စစ်ကူပေးရန် လာရောက်စဉ် အချင်းချင်း မှားယွင်းပစ်ခတ်မှုတရပ် ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု မရှိကြောင်းလည်း သိရသည်။

“ဗိုလ်မှူးကြီး အာကာ ဒဏ်ရာရသွားတဲ့ နောက်ပိုင်း စစ်ကြောင်း၂ ကို ကူဖို့ စစ်ကြောင်း ၁ က မဲကသာ ကို လိုက် လာ တယ်။ အဲဒီမှာ ရွာမှာ အရင်ရောက်နေတဲ့ စစ်ကြောင်း၂ က တတပ်နဲ့ တတပ် နားလည်မှု လွဲသွားတယ် ထင်တယ်။ ရန်သူထင်လို့ လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ လေးချက်ပစ်တယ်။ ဒါပေမယ့် ထိခိုက် ဒဏ်ရာရတဲ့ သတင်းတော့ မကြား ရဘူး”ဟု ကောင်းဝါ(Kaowao) မွန်သတင်းဌာန သတင်းထောက် ကိုမင်းထက်အောင်က ပြောပြသည်။

ယခုအခါ မဲကသာရွာတွင် တပ်စွဲထားသော ခမရ ၄၀၂ စစ်ကြောင်း ၂ ကို ဘုရားသုံးဆူမြို့သို့ ပြန်လည်ခေါ်ယူပြီး ခမရ ၄၀၅ မှ စစ်ကြောင်း ၁ ဖြင့် အစားထိုးလိုက်ကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေကြသူများမှာ ရွာသို့ ပြန်မသွားကြသေး ဘဲ တောထဲတွင် တိမ်းရှောင်နေကြရဆဲ ဖြစ်ကြောင်း သိရသည်။

“ရွာသားတွေဟာ ကြောက်ကြောက်နဲ့ တောထဲကို ထွက်ပြေးနေကြတော့၊ အခုအချိန်မှာ စားရေရိက္ခာလည်း ခက်ခဲ တယ်။ သူတို့တွေ အတော်လေး ဒုက္ခရောက်နေတယ်လို့ သိရတယ်”ဟု ထိုင်း-မြန်မာ နယ်စပ် ၌ တာဝန်ကျနေသော ထိုင်း ထောက်လှမ်းရေးနှင့် နီးစပ်သူ ဖိအာနွန် ဆိုသူက ပြောဆိုသည်။

နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ဘုရားသုံးဆူမြို့နယ်အတွင်း စစ်အစိုးရ တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA)တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ စစ်ပြေးဒုက္ခသည် များစွာ ထိုင်း နိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။ ယင်းနောက်ပိုင်းမှ စ၍ စစ်အစိုးရ တပ်များ ဘုရားသုံးဆူ ဒေသတွင် တိုးချဲ့ ချထားခြင်းဖြစ်ကြောင်း သိရသည်။

Read More...

နအဖနှင့် ဒီကေဘီအေကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

KIC သတင်းမှ........

ကရင်ပြည်နယ် ဝေါ်လေဒေသနှင့် ချူကလီးဒေသဘက်တွင် နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ခဲ့ရာ တိုက်ပွဲအခြေအနေမှာ ယနေ့အထိ ပြင်းထန်လျှက်ရှိသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယနေ့ နေ့လည်တွင် ချူကလီးဒေသ၌ အသစ် ၀င်ရောက်လှုပ်ရှားလာသည့် စကခ(၁၉)လက်အောက်ခံ ခလရ(၂၉၉)၊ ခမရ (၅၈၆)နှင့် ဝေါ်လေကျေးရွာ သုခမြိုင်ဘုန်းကြီးကျောင်းရှိ နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)တပ်ဖွဲ့အား ဒီကေဘီ အေ ကလို့ထူးဘောဗျူဟာမှ ၃ကြိမ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ချူကလီးဒေသတွင် လှုပ်ရှားနေသော ဒီကေဘီ အေ ကလို့ထူးဘောဗျူဟာ လက်နက်ကြီးတပ်ဖွဲ့မှ ဒုဗိုလ်စောစမင်းက ပြောသည်။

သူက “ဒီနေ့ နေ့လည် ၁၂း၁၅မိနစ်အချိန်မှာ ချူကလီးဒေသ မော်ကနော်ခီးမှာ ကျနော်တို့တပ်ဖွဲ့နဲ့ နအဖ ခလရ(၂၉၉)ကြား လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ၁၀မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ကြတယ်။ ၁၂း၄၅မိနစ်အချိန်မှာလည်း ဝေါ်လေမှာရှိတဲ့ နအဖ ခမရ(၄၀၉)တပ်ရင်းကို ၅မိနစ်လောက် ကျနော့်လူတွေ တက်ပစ်တယ်။ ဒီညနေ ၄း၄၅မိနစ်မှာလည်း မော်ကနူခီးတ၀ိုက် မှာပဲ ခမရ(၅၈၆)နဲ့လည်း ၁၀မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ကြတယ်။”ဟု ပြောသည်။

အဆိုပါပစ်ခတ်မှုတွင် နအဖဘက်က ထိခိုက်ကျဆုံးမှုများ ရှိသော်လည်း စာရင်းအတိအကျ သိရှိရန်အတွက် စုံစမ်းနေဆဲဖြစ် သလို ပြောက်ကျားစစ်နှင့် ချုံခိုတိုက်ပွဲဖြစ်သည့်အတွက် ဒီကေဘီအေဘက်က ထိခိုက်မှု တစုံတရာ မရှိကြောင်း ဒုဗိုလ်စောစ မင်းက ဆက်ပြောသည်။

ထို့အပြင် ဝေါ်လေဒေသရှိ ဖလူးကျေးနယ်ဘက်တွင် လွန်ခဲ့သည့် ၃ရက်ခန့်ကတည်းက နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ အကြား ပစ်ခတ်မှု ခေတ္တ ရပ်တန့်သွားသော်လည်း ယခုရက်ပိုင်းအတွင်း နအဖ စစ်တပ်ဘက်မှ စစ်သည်အင်အား ဖြည့်ဆည်း လျှက်ရှိသောကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်မည့် အခြေအနေရှိကြောင်းလည်း ဖလူးရွာသားတဦးက ပြောသည်။

ယခုလို ဝေါ်လေကျေးရွာတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ဝေါ်လေရွာသူရွာသားအားလုံးနီးပါးမှာ မိမိတို့၏ ကျေးရွာမှ ထိုင်း ဘက်ခြမ်းသို့ ယနေ့ ထပ်မံ ထွက်ပြေးလာရပြန်သည်ဟု အမည်မဖော်လိုသည့် ဝေါ်လေရွာသားတဦးက ကေအိုင်စီကို ပြော သည်။

အလားတူ ကရင်ပြည်နယ် ဖားအံခရိုင် လှိုင်းဘွဲမြို့နယ် နိုဒေးဂွင်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့က နအဖ စစ်တပ်နှင့် ဗိုလ်မှူးစောတာမလာ ဦးစီးသည့် KNLA တပ်ရင်း(၂၀၂)တို့ ၃ကြိမ်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ဗိုလ်ကြီးတဦး၊ တပ်ကြပ်ကြီးတဦးနှင့် တပ်သား ၂ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ် မှူးစောအဲဆဲဆဲက ပြောသည်။

“အဲဒီနေ့က သုံးကြိမ်ဖြစ်တာ။ ဒီနိုဒေးဂွင်တစ်ခုထဲမှာပဲ ကျနော်တို့ရဲ့ တပ်ရင်း(၂၀၂)က ဒုရင်းမှူး ဗိုလ်တာမလာရဲ့အဖွဲ့နဲ့ ခမရ (၃၃၈)တို့ မနက် ၉း၁၅ နာရီမှာတကြိမ်။ ခမရ(၅၈၇)နဲ့ မနက် ၉း၃၀နာရီမှာတကြိမ်ဖြစ်တယ်။ နောက်ပြီး အူးမိုးခီးရွာရဲ့ အပြင် ဖက်မှာတော့ ကျနော်တို့ (၂၀၂)တပ်ဖွဲ့နဲ့ ခလရ(၂၈)နဲ့ ၉း၃၀နာရီမှာပဲ ဖြစ်ကြတော့ အဲဒီသုံးပွဲမှာ ကျနော်တို့ဘက်က ထိခိုက်မှု မရှိဘူး။ နအဖဘက်ကတော့ အရာရှိ အပါအ၀င် ၄ဦး ထိခိုက်မှုရှိတယ်။”ဟု ဆိုသည်။

၎င်းအပြင် ယနေ့မနက် ၁၀နာရီဝန်းကျင်တွင် အဆိုပါ ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၂)တပ်ဖွဲ့သည် ပိုင်ကျုံ(တာကရယ်) မြို့နယ် ပွိုင့် ၉၁၃နေရာရှိ နအဖ ခမရ( ၅၈၇)ကို ပြောက်ကျားပစ်ခတ်ခဲ့သော်လည်း နှစ်ဖက် ထိခိုက်မှုမရှိဟု သိရသည်။

Read More...

ဖာပွန်မြို့နယ်ရှိ ခရီးသည်တင်စက် လှေ ၉စီး နအဖ ဖမ်းဆီးထားရာမှ ပြန်မလွှတ်သေး

KIC သတင်းမှ....

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ယွန်းစလင်းချောင်းအတွင်း ဖာပွန်မြို့နှင့် ဘောသေ့ထာ့ ကျေးရွာအထက် တခေါ်တို့ဘော လှေဆိပ်တွင် ပြေးဆွဲနေသည့် ခရီးသည်တင် စက်လှေ ၅၄စီးအနက် ၉စီးကို ဖာပွန်အခြေစိုက် နအဖ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)မှ နိုဝင်ဘာလ ၂၀ရက်နေ့ကတည်းက ဖမ်းဆီးထားရာ ယခုအချိန်ထိ ပြန်မလွှတ်သေးကြောင်း သိရသည်။

အဆိုပါ စဗခ(၁)မှ ဗိုလ်ကြီးအောင်ကျော်ဇော ဦးဆောင်တပ်ဖွဲ့ ဖမ်းဆီးလိုက်သည့် စက်လှေ ၉စီးအနက် ၅စီးမှာ ဘောသေ့ ထာ့ကျေးရွာအုပ်စုရှိ ရွာသူရွာသားများ၏ စက်လှေဖြစ်ပြီး ၄စီးမှာမူ ဖာပွန်မြို့ခံများ၏ စက်လှေများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလက ဖာပွန်နှင့် ကမမောင်းကားလမ်းကို ကရင်အမျိုးသားအစည်းအရုံး(KNU)မှ သွားခွင့်ပိတ်ပင် ထားသည့်အတွက်ကြောင့် နအဖတပ်ဖွဲ့အနေဖြင့် ရှေ့တန်းသို့ ရိက္ခာပို့ရန် ခက်ခဲလာသည့်အပေါ် အကြပ်ကိုင်သည့်အနေ ဖြင့် အရပ်သားစက်လှေများကို ယခုလို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ကေအိုင်စီကို ယခုလို ပြောသည်။

သူက “KNU က ကားလမ်းပြန်ဖွင့်ရင် လှေကို လွှတ်ပေးမယ်လို့ သူတို့(နအဖ)က ပြောတယ်။ ဒီလိုလုပ်တော့ ကျနော်တို့ အခက်တွေ့တာပေါ့။ ဒီမှာရှိတဲ့လူတွေအားလုံးဟာ ဒီလှေတွေကိုစီးပြီး ဖာပွန်မြို့ကနေ အ၀တ်အထည်နဲ့ စားသုံးကုန်ပစ္စည်း တွေကို သွားဝယ်ကြရတာလေ။ ဒီကိစ္စပြေလည်ဖို့ စက်လှေပိုင်ရှင်နဲ့ စက်လှေစပယ်ယာ(စက်လှေနောက်လိုက်သူ)တို့ အခု ဒီဇင်ဘာလ ၁၁ရက်နေ့မှာ အစည်းအဝေးလုပ်ပြီး ဒီဒေသမှာ လှုပ်ရှားနေတဲ့ KNU အရာရှိတွေကို တင်ပြပါတယ်။”ဟု ပြော သည်။

ယင်းသို့ ဒေသခံလူထု၏ တင်ပြချက်အပေါ် နယ်မြေခံ ကေအဲန်ယူ တာဝန်ရှိသူများအနေဖြင့် အလေးထားသော်လည်း လမ်းပြန်ဖွင့်ရန် မဖြစ်နိုင်သေးဘဲ လူထု၏ စပါးရိတ်သိမ်းရမည့် အခြေအနေကို ကြည့်ပြီး စီစဉ်သွားရမည်ဖြစ်ကြောင်း KNU ဖာပွန်ခရိုင်၏ ပြောရေးဆိုခွင့်ရှိသူ ဖူးမောက ယခုလို ပြောသည်။

“လူထုက ဒီလို တင်ပြလာတာကို ကျနော်တို့ အလေးထားပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ စပါးရိတ်တဲ့အချိန်လေ။ လမ်းဖွင့် လိုက်ရင် သူတို့လာပြီး လူထုတွေရဲ့ စပါးခင်းတွေကို ဖျက်ဆီးအုံးမှာပဲ။ ဒီတော့ လမ်းဖွင့်လို့ မဖြစ်သေးဘူး။ လူထုတွေ စပါး ရိတ်ပြီးချိန်ဖြစ်တဲ့ ဇန်န၀ါရီလလယ်လောက်မှ လမ်းပြန်ဖွင့်ဖို့ အစီအစဉ်ရှိတယ်။”ဟု ရှင်းပြပြောဆိုသည်။

ဖာပွန်မြို့နယ်၊ ဘောသေ့ထာ့ကျေးရွာအုပ်စုရှိ ဘောသေ့ထာ့၊ မဲဝါး၊ ဒွယ်လိုး၊ ဘောသေ့ခီး၊ တပယ်ဒဲနှင့် ပါလာ့ရွာများမှ ရွာ သူရွာသားများမှာ ဆန်၊ ဆီ၊ ဆား၊ ငြုပ်သီး၊ အချိုရည်၊ အချိုမှုန့်၊ ဆေးနှင့် အ၀တ်အထည် စသည့်ကုန်ပစ္စည်းမျိုးစုံကို ဖာပွန် မြို့သို့ ပုံမှန် သွားရောက်ဝယ်ယူလေ့ရှိကြသော်လည်း တခေါ်တို့ဘောလှေဆိပ်မှ ဘောသေ့ထာ့ရွာအထိ ၂နာရီကြာ လှေစီး သွားကာ ထိုမှတဆင့် ဖာပွန်မြို့သို့ ၂နာရီကျော် ထပ်မံ လမ်းလျှောက်သွားကြရသည်။

(ဖာပွန်ဒေသခံများ ရေလမ်းအသုံးပြုနေသည့် ယွန်းစလင်းချောင်း)

ပြီးခဲ့သည့် ၂၀၀၉ခုနှစ် စက်တင်ဘာလက ကေအဲန်ယူ တပ်မဟာ(၅)ကို နအဖတပ်များ ထိုးစစ်ဆင်မည့်သတင်းကြောင့် ဖာ ပွန်-ကမမောင်း ကားလမ်းကို ကေအဲန်ယူဘက်က ပိတ်ပင်ခဲ့သည်။ ထို့နောက် လူထု ဆက်လက် သွားလာနေသည့် ယွန်းစ လင်းချောင်း ရေလမ်းကိုလည်း ထိုနှစ် အောက်တိုဘာလတွင် နအဖဘက်က ပိတ်ပင်ခဲ့သော်လည်း ယခုလို လူထုပိုင် စက် လှေများကို ဖမ်းဆီးမှုများ မရှိခဲ့ဖူးကြောင်း ဖာပွန်ဒေသခံများက ပြောသည်။

Read More...

နအဖပစ်ခတ်မှုကြောင့် BGF ၇ဦး ကျ၊ ၂ဦး ထိခိုက်

KIC သတင်းမှ

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့ ညနေ ၅း၂၅နာရီအချိန်တွင် ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်ရှိ တငေါရွာအနီးတ၀ိုက်၌ မိုင်းသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကရင်နယ်ခြားစောင့်တပ်ရင်း (၁၀၁၅)တပ်ဖွဲ့ကို နအဖ အရှေ့တောင်တိုင်း စစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၃၃၉) တပ်ရင်းက သွားရောက်ပစ်ခတ်ရာ အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ဦး ကျဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရှိရသည်။

Read More...

လူမဆန်မှုသတင်း

News 13.12.2010

Read More...

KIC သတင်းမှ.......

ဒီဇင်ဘာလ ၁၃ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် ၀င်းမောင်း(ဝေါမူ)ကျေးရွာအုပ်စုတွင် လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း (၁၀၁၅)မှ တပ်သားတစ်ဦးသည် ၎င်း၏ ဒုတပ်ခွဲမှူးနှင့် ရဲဘော်တစ်ဦးကို ပစ်သတ်ကာ ဒီဇင်ဘာလ ၇ရက်နေ့က တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါတပ်သား စောမြလင်း ၃၉နှစ်သည် နယ်ခြားစောင့်တပ်အဖြစ် ဆက်လက် မလုပ်လိုတော့ဘဲ နှုတ်ထွက်ခွင့်တောင်းရာမှ အချင်းများကြကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒို့က ပြောသည်။

၎င်းက “သူ(စောမြလင်း)ပြောတာက BGF မလုပ်ချင်တော့တာကို သူ့ ဒုတပ်ခွဲမှူးက ဆက်လုပ်ဖို့ အကြပ်ကိုင်လို့ပေါ့နော်။ အဲဒါ နဲ့ သူတို့အချင်းချင်း အပြန်အလှန် စကားများကြပြီး ပစ်ခတ်မှုအထိဖြစ်တော့ လက်လွန်သွားတယ်လို့ ပြောတယ်။ အဲဒီမှာ ဒု တပ်ခွဲမှူးနဲ့ သူ့ကို စောင့်တဲ့တပည့်နှစ်ယောက်ထဲက သူ့ ဒုတပ်ခွဲမှူးနဲ့ တပည့်တယောက် သေတယ်။ ကျန်တဲ့တယောက်က ဒဏ်ရာရတယ်လို့ ကျနော်တို့ ရှေ့တန်းတပ်ဖွဲ့ဝင်တွေက ပြောတယ်။”ဟု ကေအိုင်စီကို ပြောသည်။

ယင်းသို့ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်သားသည် ၎င်းနှင့်အတူ M-16 ၁လက်၊ ကျည် ၂၈လုံး၊ M-79 ၁လက်၊ ကျည် ၁၅လုံးကို သယ်ဆောင်လာပြီး လမ်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA) တပ်ရင်း(၁၀၂)နှင့် တွေ့ဆုံကာ KNLA ထံ ပူးပေါင်းလိုက်ကြောင်းလည်း ဗိုလ်မှူးစောကလယ်ဒို့က ပြောသည်။

ကရင်ပြည်နယ်ရှိ လူထုအတော်များများမှာ ဒီကေဘီအေတပ်ဖွဲ့မှ အသွင်ပြောင်းသွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို ယခင်လို မဟုတ်တော့သည့် ဆက်ဆံရေးများ ပြောင်းလဲသွားသည့်အပေါ် ရေရှည်အားဖြင့် ဆက်လက် လုပ်ကိုင်လိုစိတ်မရှိ တော့သည့်အတွက် ယခုလို နှုတ်ထွက်ခွင့်တောင်းဆိုရခြင်းဖြစ်ကြောင်း စောမြလင်းက KNLA တပ်ရင်း(၁၀၂)ကို ပြောဆိုခဲ့ သည်ဟု သိရသည်။

ဖာပွန်ခရိုင် ဒွယ့်လိုးမြို့နယ်အတွင်း ယခုလို ၀င်ရောက်လှုပ်ရှားသည့် နယ်ခြားစောင့်တပ် (၁၀၁၅)တပ်ရင်းသည် ဖာပွန်ခရိုင် တွင် အခြေစိုက်သည့် တပ်ရင်းမဟုတ်ဘဲ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် အခြေစိုက်ပြီး ၎င်း၏တပ်ရင်းမှူးမှာ ဗိုလ်မှူးစောဝင်း နိုင်စိန်ဖြစ်ကြောင်း KNLA တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက ကေအိုင်စီကို အတည်ပြု ပြောဆိုခဲ့သည်။

ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် ၀င်းမောင်းကျေးရွာအုပ်စုတွင် နယ်ခြားစောင့်တပ်အပြင် နအဖ အမှတ်(၄) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခလရ(၉၆)နှင့် KNLA (၁၀၂)တပ်ရင်းတို့ ပုံမှန် လှုပ်ရှားလျှက်ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း BGF တပ်ဖွဲ့ဝင် ၂ဦးသည် သေနတ် ၄လက်နှင့်အတူ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ KNLA တပ်ဖွဲ့နှင့် လာရောက်ပူးပေါင်းခဲ့သေးသည်။

Read More...

သတင်းစာမျက်နှာ ဖွဲ့ စည်းမှု က ဗိုလ်ချုပ်မှုးကြီးကို လှောင်ရယ် သရော်သလို ဖြစ်နေ

Freedom News Group မှ....











Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ....

ကရင်ပြည်နယ် မြ၀တီမြို့ ကီလိုမီတာ ၂၀ အကွာမှာရှိတဲ့ စူးကလိရွာအထက် ကွိတာအု အနီးတွင် နအဖ စစ်ကူလာသည့် တပ်များကို ယနေ့နေ့လည်ပိုင်း ၁ နာရီခွဲက ဒီကေဘီအေအဖွဲ့မှ ခြုံခိုတိုက်ခိုက်သဖြင့် နအဖ စစ်သား အချို့ထိခိုက်ဒဏ်ရာ ရမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။

ယနေ့နေ့လည်ပိုင်း ၁ နာရီ ၁၀ မိနစ်က မာနယ်ပလောနယ်ဒေသတွင် ကေအန်ယူနဲ့ နအဖ တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြ၀တီမြို့နယ် ဝေါလေဒေသတွင် နအဖ အခြေစိုက်စခန်းကို ဒီကေဘီအေမှ ယနေ့နေ့လည် ၁ နာရီလောက်က ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

Read More...

မဖွံ့ဖြိုးသည့်ကဏ္ဍ မရှိဟု ဗိုလ်ချုပ်မှူးကြီး ပြော

မအေဘေးကြီး...ဗြောင်လိမ်ဗြောင်စား....လူ့ ငနွားကြီး...မဖွံ့ ဖြိုးသေးတဲ့နေရာမရှိဘူးလို့ သူ့ပါးစပ်ကပြောထွက်သေးတယ်...ဦးဏှောက်မရှိတဲ့ ကောင်တွေပဲယုံလိမ့်မယ်.....သူ့ ဦးဏှောက်မဖွံ့ ဖြိုးသေးတာကိုတော့ ထည့်မပြောဘူး...စောက်ကန်း ဘိုချုပ်ပြဲကြီးရဲ့ ....

ဧရာဝတီ သတင်းမှ......

အနှစ် ၂၀ အတွင်း ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကဏ္ဍဟူ၍ မကျန်ရအောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်ဟု ယမန်နေ့က ဗိုလ်လောင်း သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောသွားသည်။ ယင်းအခမ်းအနား မိန့်ခွန်း အစအဆုံးတွင် လမ်း၊ တံတား၊ ဆည်မြောင်း၊ ကျောင်း၊ ဆေးရုံ၊ ဆိပ်ကမ်း စသည်တို့ မည်ရွေ့မည်မျှ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု အရေအတွက် ကိန်းဂဏန်းများကိုသာ ပြောဆိုထားသည်ကို တွေ့ရသည်။

နလဘိန်းတုံး ဘိုအလောင်းတွေကလည်း သူ့ ဒူးမနာအဖေပြောတာကိုစုံလုံးမှိတ်ပြီး ယုံဦးမယ်....

Read More...