FNG သတင်းမှ.............
၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အရ စစ်အစိုးရက နေ အတည်ပြုလိုက်တဲ့ စစ်မှုမထမ်းမနေရအမိန့် ကို ပြည်သူတစ်ရပ်လုံးကအုံကြွှတွန်းလှန်သွား မည် ဟု Freedom News မှာမြန်မာ နိုင်ငံတစ်ဝှမ်းမှ ပြည်သူများ ၏သဘောထားများကို မေးမြန်းသွားရာယခုကဲ့သို့ မှတ်ချက်ပေးကြသည်။
ထင်ရှားသည့် ရန်ကုန် အခြေစိုက် ရက်(ပ) အဆိုတော် တစ်ဦးကလည်း ” ဒီကိစ္စကိုတော့ ပြတ်ပြတ်သားသားဆန့် ကျင်ရမယ် စစ်တပ်ထဲမှာ ဘာဥပဒေမှရှိတာမဟုတ်ဘူး ၊မိုင်းရှင်းဖို့ ပေါ်တာထမ်းဖို့ ခေါ်မှာ” ဟု ဆိုသည်။
မန္တလေး မြို့ လမ်း ၈၀ တရုတ်တန်းမှလက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကမူ” ဒီပြဿနာ က ၂၀၀၇မှာစက်သုံးဆီ ဈေး တွေတက်လိုက်သလို ပြည်သူတွေ ရဲ့ ဒေါသတွေ ကို ဆွပေးတာ လူထုအုံကြွမှုဖြစ်ပြီး ပြဿနာ ဖြစ် နိုင်တယ်” သုံးသပ်ပြောကြားသည်။
စစ်ကိုင်းတိုင်း ကလေးမြို့ မှ ရဲအရာ ရှိ တစ်ဦး ၏ သားဖြစ်သူက မူ ” စစ်ထဲတော့မ၀င်တော့ ကြီးနိုင်ငယ်ညှင်းများတယ်နိုင်ငံခြားဘဲထွက်တော့ မယ်” ဟု ဆိုသည်။
စစ်မှု မထမ်းမနေ ရ အမိန့် ထုန် ပြန် ပါကစစ်တပ်တွင်းသို့ မ၀င်လိုသူများကနည်းမျိုးစုံဖြင့်ဆန့် ကျင်နိုင်မည် ဖြစ်ပြီးစစ်တပ်တွင်းသို့ မ၀င်လို သူများ ငွေကြေးဖြင့် ဖျက်ဆီးမှုကြောင့်တပ်တွင်း စာရိတ္တပျက်ပြား နိုင်သည် ဟု ပျဉ်းမနား မြို့ နေ တပ်မတော် အရာရှိ ဟောင်း
တစ်ဦးက Freedom News Group သို့ ပြောသည်။
မင်းဘူး မြို့ မှ နိုင်ငံရေးလှုပ်ရှားတက်ကြွှသည့် ကျောင်းသားတစ်ဦးက “နအဖ ကိုယ့်သေတွင်းကိုယ်တူးတာပဲ ပြည်သူတွေစစ်တပ်ထဲ ရောက်ပြီ ဆိုရင် ဘာပဲ ပြောပြောစစ်ပညာတွေ နဲ့ ရင်းနှီးသွားတော့ ဆန္ဒပြရင် တောင် အရင်လို မဟုတ်တော့ ဘူး ၊ စစ်ပညာနဲ့ ရင်းနှီး တဲ့ နိုင်ငံတွေ မှာ နေတဲ့ ပြည်သူ တွေ ဆန္ဒပြရင် အောင်မြင် တာချဉ်းပဲ ဟု သူ၏အမြင် ကို ပြောသည်။
စစ်မှုမထမ်း မနေ ရ အမိန့် ကို ပြည်သူတို့ အံတုရန် ပြင်ဆင်
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အနားယူတော့မလား
ဧရာဝတီ မှ..........
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး နေပြည်တော်ရှိ အစိုးရပိုင် နေအိမ်မှ ပြောင်းရွှေ့ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟူသော သတင်းများကြောင့် လာမည့် အစိုးရ အဖွဲ့အသစ်တွင် ပါဝင်တော့မည် မဟုတ်ဟု စစ်အစိုးရ အသိုင်းအ၀န်းက ထင်ကြေးပေး ပြောဆိုနေကြသည်။
ယခုကဲ့သို့ အိမ်ပြောင်းရွှေ့ရန် ပြင်ဆင်နေသည့် အချိန်သည် အစိုးရအဖွဲအသစ်၏ လွှတ်တော်သုံးရပ် ခေါ်ယူမည်ဟု ကြေညာချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ ယမန်နှစ် ဇွန်လအတွင်းကလည်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် လက်ရှိ ရာထူးမှ အနားယူတော့မည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သေးကြောင်း စစ်အစိုးရ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။
“ဦးအေးက မနှစ်ကတည်းက နားဖို့ပြောနေတာ ဗိုလ်ချုပ်မှူးကြီးက တားလို့ မနားတာလို့ ပြောတယ်။ ဗိုလ်ချုပ်မှူးကြီး နားမယ်လို့တော့ အသံမထွက်သေးဘူး” ဟု ၎င်းက ဆိုသည်။
ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ရာထူးမှ အနားယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယမန်နှစ် သြဂုတ်လအတွင်း၌ တပ်တွင်း ရာထူး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နေရာကို ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့ဖြင့် အစားထိုးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေရာကို ဆက်ခံမည်ဟု အများက ယူဆနေသည့် ဗိုလ်ချုပ်ကြီး ရွှေမန်းမှာမူ တပ်မတော်မှ အငြိမ်းစား ယူသည့်စာရင်းတွင် ပါဝင်ခဲ့ပြီး ၎င်း၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပေးလိုက်ရသည်။
၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က လွှတ်တော် အမတ်နေရာ အများစုတွင် အနိုင်ရခဲ့ပြီး လာမည့် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့ကို ခေါ်ယူမည်ဖြစ်သည်။
နိုင်ငံတော် သမ္မတရာထူးအတွက် မည်သူတာဝန်ယူမည် ဆိုသည်ကို မသိရသေးသော်လည်း ဗိုလ်ချုပ်ကြီးဟောင်း ရွှေမန်းအား ရွေးချယ်ထားသည်ဟု လည်းကောင်း၊ ဗိုလ်ချုပ်မှူး သန်းရွှေပင် ဆက်လက် လုပ်ကိုင်မည်ဟူ၍လည်းကောင်း သတင်းများ ထွက်ပေါ်နေသည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော ပြည်ထောင်စု လွှတ်တော်မှ သမ္မတနှင့် ဒုတိယ သမ္မတများကို ရွေးချယ်မည်ဖြစ်သည်။
ယမန်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက “ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အပေါ်မှာ အတော်သံယောဇဉ်ရှိပါတယ်။ တိုးတက်ဖို့လည်း အမြဲတွေးတောနေတာပါ။ ဒါကြောင့်လည်း ဒီလို တိုးတက်မှုတွေ ဆောင်ရွက်မယ့် အဖွဲ့အစည်းကို ထူထောင်တာပါ။ ဒါပေမယ့် သူမပါပါဘူး” ဟု ပြောဆိုခဲ့သည်။
ထို့အပြင် ကြံ့ဖွံ့ပါတီ အနိုင်ရခဲ့လျှင် တင်သွင်းမည့် သမ္မတလောင်း စာရင်းကို ထိုစဉ်ကတည်းက လျာထားပြီး ဖြစ်ကြောင်းလည်း ပြောသွားသည်။
အကျဉ်းသား ပေါ်တာများ လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးခံနေရ
ဧရာဝတီ မှ...........
ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖတပ်က အကျဉ်းသား ပေါ်တာများကို လူသား မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုနေကြောင်း သိရ သည်။
မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၆၀၀ ခန့်ကို ယင်းသို့ လူသား မိုင်းရှင်း ကိရိယာများ အဖြစ် အသုံးပြုနေခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။
“ဒီအကျဉ်းသား တွေဟာလည်း လူသားတွေပဲ ဖြစ်ပါတယ်၊ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဒီလိုမျိုး မလုပ်သင့်ပါဘူး၊ အခု စစ်အစိုးရ ကျင့်သုံးနေတဲ့နည်းက အကျဉ်းသားတွေကို သတ်နေတာနဲ့ အတူတူ ပါပဲ”ဟု ၎င်းက ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သတင်း အချက်အလက် တိတိကျကျ ရရှိရန်နှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ် မှု ဖြစ်သောကြောင့် အရေးယူ ဆောင်ရွက်နိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟုလည်း ဦးဘိုကြည်က ပြောသည်။
ထို့သို့ မိုင်းရှင်းကိရိယာများ အဖြစ် အသုံးခံနေရသည့် အန္တရာယ်မှ လွတ်မြောက်လို သောကြောင့် မကြာသေးခင်က အကျဉ်းသားပေါ်တာ ၁၂ ဦးခန့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဘက်သို့ တိမ်းရှောင်လာကြကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းက ခေါ်ဆောင်လာသော မကွေးတိုင်း ပခုက္ကူထောင်မှ ၎င်းအပါအ၀င် အကျဉ်း သား ၃၀ ခန့်သည် ထိုသို့ မိုင်းရှင်းခိုင်းမှု ကြုံခဲ့ရသည်ဟု အကျဉ်းသားပေါ်တာ တဦးဖြစ်သည့် ကိုသောင်းဌေးဦး အသက်၂၈ နှစ် ကလည်း ဧရာဝတီသို့ ပြောသည်။
ကိုသောင်းဌေးဦးက"ကျနော်တို့ က ပခုက္ကူထောင်ကနေ ငွေမပေးနိုင်လို့ရှေ့တန်းကို အပို့ခံရတဲ့လူတွေပါ၊ ပခုက္ကူထောင် က အယောက် ၃၀ ပါ တယ်၊ ရှေ့တန်းမှာ စစ်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ ထမ်းရတဲ့အပြင် ထမင်းချက်ရတယ်၊ ရေခတ် ရတယ်၊ တိုက်ပွဲဖြစ်ပြီးလို့ စစ်သားတွေ ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလိုက် ကောက်ပေးရတယ်၊ အဆိုးဆုံးကတော့ မိုင်းတွေရှိတဲ့နေရာတွေဆိုရင် အကျဉ်းသားပေါ်တာတွေကို ရှေ့ကနေသွားခိုင်းတာပဲ မိုင်းနင်းမိတဲ့လူလည်း မနည်းဘူး၊ ဒါကြောင့် ဒီဘက်ကို အရဲ စွန့်လာရတာ"ဟု ပြောပြသည်။
ယမန်နေ့က ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသ ပလောတပို့ တပ်စခန်းမှ ကိုသောင်းဌေးဦးအပါအ၀င် ကိုတင်ဇော်မင်း ၂၁ နှစ်၊ ကိုမိုးရာဇာ ၁၇ နှစ် တို့ အကျဉ်းသား ပေါ်တာ ၃ ဦးသည် မဲဆောက်မြို့နယ် ကော်မနောင်း သို့ ရောက်ရှိလာရာ ဒုက္ခသည်အရေး ကူညီသူများက လက်ခံကူညီထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
၎င်းတို့ ၃ ဦး သည် ရဲ အပါအ၀င် ဒေသခံ အာဏာပိုင်များ၏ ဖိနှိပ်အနိုင်ကျင့်မှုအား ပြန်လည်ခုံခံရာမှ ရာဇ၀တ်မှု ကျူးလွန် သည့် ပုဒ်မများဖြင့် ပခုက္ကူထောင်၌ ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြောင်းလည်း သိရသည်။
အကျဉ်းသားပေါ်တာ ကိုမိုးရာဇာ ကလည်း"ကျနော်တို့အမေကို ရဲက အသားလွတ် ပါးရိုက်တဲ့အတွက် ဒေါသဖြစ်ပြီး ကျနော့် အစ်ကို တင်ဇော်မင်းနဲ့ ကျနော်ဝိုင်းရိုက်လိုက်တာ လက်လွန်သွားပြီး ထောင် ၅ နှစ်စီ ကျသွားတာပါ၊ ဟိုမှာလည်း အနိုင်ကျင့် ခံရ ဒီရောက်လည်း ထပ်ခံရတာနဲ့ မထူးတော့တဲ့အတူတူ သေသေရှင်ရှင် ဒီဘက်ထွက်လာဖို့ ဆုံးဖြတ်လိုက် တာပါ"ဟု ပြောသည်။
ပခုက္ကူထောင်တွင် ရှေ့တန်း စစ်မြေပြင်သို့ အပို့ခံရမည့် အကျဉ်းသားများ အနေနှင့် ထောင်ပိုင်ကို တဦးလျှင် ကျပ် ၁ သိန်း ခန့် ပေးနိုင်ပါက ရှေ့တန်းသွားရန်မလိုဘဲ ငွေမပေးနိုင်သည့် အကျဉ်းသားများနှင့် အစားထိုးသည်ဟုလည်း ကိုမိုးရာဇာ က ဆက်ပြောသည်။
လက်ရှိ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ၌ နအဖ တပ်များက အကျဉ်းသားပေါ်တာ ရာနှင့်ချီ အသုံးပြုမှု ရှိနေကြောင်း လည်း ကိုသောင်းဌေးဦး က ပြောပြသည်။
ယင်း အကျဉ်းသား ပေါ်တာများသည် ပခုက္ကူ ၊ မော်လမြိုင်၊ ဘားအံ စသည့် ထောင်များအပါအ၀င် နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ ဖြစ်သည်ဟု သိရသည်။
တိုက်ပွဲအတွင်း နအဖ တပ်များက အကျဉ်းသား ပေါ်တာများကို အရှေ့တွင်ထား၍ တိုက်ခိုက်မှုများကို ကြုံခဲ့ရသည်ဟု DKBA တပ်မဟာ ၅ ဖလူး ဒေသ စခန်းထိုင် စစ်ဦးစီး တတိယတန်း ဗိုလ်ကြီး စောသရီးထူးလည်း ပြောဆိုသည်။
“အကျဉ်းသား ပေါ်တာတွေကို အရှေ့က တက်ခိုင်းတယ်၊ ကျနော်တို့က ငဲ့ညှာပါတယ်၊ သူတို့ ကို ကာဗာယူတယ်၊ ကျနော် တို့ကလည်း အပစ်မဖြစ် ပစ်ရတယ်၊ သူတို့ ကျနော်တို့ ရှေ့မှာပဲ ကျတယ်၊ သိတယ်၊ ဒါ ကျနော်တို့ မကြည့်ရက်ဘူး၊ ဒါပေ မယ့် ကျနော်တို့ကလည်း မဆုတ်ပေးနိုင်ဘူး ဆိုတော့ ကျနော်လည်း ပစ်ရတာပဲ”ဟု ၎င်းက ဆိုသည်။
အကျဉ်းသား ပေါ်တာများထွက်ပြေးလာသည့် မြ၀တီခရိုင် ဖလူးဒေသ တွင် နအဖ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ တပ်ရင်း ၇ ရင်း စစ်ရေးလှုပ်ရှားလျက် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် တနင်္ဂနွေ နှင့် တနင်္လာ နေ့ တိုက်ပွဲကာလအတွင်း နအဖ တပ်များက DKBA တပ်များ ရှိနိုင်သည့် နေရာများသို့ လက်နက်ကြီး ကျည် ရာနှင့်ချီ၍ ပစ်ခတ်ရာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲသည့် အတွက် ယမန်နေ့က မြန်မာမာစစ်အစိုးရကို ထိုင်းအာဏာပိုင်များက ကန့်ကွက်စာ ပေးပို့ထားသည်။
ပြီးခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဘက် တပ်များ ဒဏ်ရာရ ကျဆုံးမှု ရှိကြောင်း သိရသော်လည်း သီးခြား အတည်ပြုချက် ရယူ နိုင်ခြင်း မရှိသေးပေ။
ရွေးကောက်ပွဲ ကျင်းပနေစဉ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါးတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
ထိုင်းက မြန်မာကို ကန့်ကွက်စာပို့
ဧရာဝတီ သတင်းမှ.........
ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် နအဖတပ်က ပစ်ခတ်မှုကြောင့် ထိုင်းနယ်မြေပေါ်သို့ လက်နက်ကြီး ကျည်များ ကျရောက်မှုနှင့် ပတ်သက်ပြီး ထိုင်းအာဏာ ပိုင်များက ယနေ့ ကန့်ကွက်စာ ပေးပို့ကြောင်း သိရသည်။ယင်းစာကို ထိုင်း-မြန်မာ နယ်ခြား ကော်မတီမှ တဆင့် မြန်မာ စစ်အစိုးရထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းသတင်းဌာန တခုဖြစ်သည့် Manager သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
မြန်မာအစိုးရ တပ်များသည် DKBA တပ် များနှင့် တိုက်ခိုက်ခဲ့ရာ ယမန်နေ့က ထိုင်းနိုင်ငံ မဲဆောက် မြို့နယ် မယ့်ကိုကင်း ကျေးရွာအနီးသို့ လက်နက်ကြီး ကျည်များ ကျရောက် ပေါက်ကွဲခဲ့ သကဲ့သို့ ပြီးခဲ့သည့် တနင်္ဂနွေ နေ့ကလည်း ထိုင်းနိုင်ငံ နယ် နိမိတ် အတွင်း လက်နက်ကြီး ကျည်များ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် အမှတ် ၄ စစ် ဒေသမှူး၏ တင်ပြချက်များကို ကိုးကား၍ Manager က ရေးသားထားသည်။
ထို့ကြောင့် မြန်မာအစိုးရ တပ်များအနေနှင့် DKBA ကို တိုက်ခိုက်ရာတွင် လည်းကောင်း၊ လက်နက်ကြီးများ ပစ်ခတ်ရာတွင် လည်းကောင်း ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထိခိုက်မှု မရှိစေရေး အတွက် ဆင်ခြင်ပေးရန် တောင်းဆိုသည့်စာ ပေးပို့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့နှင့် တနင်္ဂနွေနေ့က ဖြစ်ပွားသည့် နှစ်ဘက်တိုက်ပွဲတွင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ)၁၂ လက်အောက် ခံ နအဖ တပ်ဖွဲ့ဝင်များက DKBA တပ်ဖွဲ့များရှိသည်ဟု ယူဆရသည့် နေရာများသို့ လက်နက်ကြီး ကျည်များ ရာနှင့်ချီ၍ ပစ် ခတ်ရာ ထိုင်း နယ်နိမိတ်အတွင်း အလုံး ၂၀ ခန့် ကျရောက် ပေါက်ကွဲခဲ့ကြောင်း ထိုင်းစစ်တပ်ဘက်က ပြောဆိုထားသည်။
နောက်ဆုံးရရှိသည့်သတင်းများအရ ယနေ့နံနက်ပိုင်းကလည်း ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသအတွင်း DKBA တပ်များစစ်ရေးလှုပ်ရှားသည့်နေရာများသို့ နအဖ တပ်များက လက်နက်ကြီး ကျည် ၁၂ လုံးခန့် ပစ်ခတ်မှုရှိကြောင်း၊ ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။
ယခု ဖြစ်ပွားနေသည့် စစ်ပွဲတွင် နအဖ ဘက်မှ စကခ ၁၂ လက်အောက်ခံတပ်ရင်း ၅ ရင်းပါရှိသည်ဟု DKBA က ပြော သည်။
ဖလူးတပ်စခန်းထိုင် DKBA စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်က"ဒီလ ၉-၁၀ ရက်တိုက်ပွဲမှာ နအဖ ဘက်က တနေ့ကို လက်နက်ကြီးအလုံး ၁၀၀ ကျော်သုံးပြီးတိုက်တယ်၊ ကျနော်တို့ဘက်က ခံစစ်ရှင်ပြောက်ကျားနည်းနဲ့ပဲ ပြန်တိုက်တယ်"ဟု ပြောသည်။
တနင်္ဂနွေနေ့က စတင်သည့် ၂ ရက်တာတိုက်ပွဲသည် DKBA နှင့် နအဖ တပ်များအကြား နှစ်လကျော်ကြာဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲကာလအတွင်း အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သည် ဟုလည်း ဆိုသည်။
အဆိုပါတိုက်ပွဲတွင် DKBA အဖွဲ့မှ ၁ ဦးဒဏ်ရာရရှိပြီး ၂ ဦးကျဆုံးကာ နအဖ ဘက်မှ ဗိုလ်မှူးတဦး အပါအ၀င် ၈ ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့သဖြင့် ၎င်းတို့ကို ထိုင်းဘက်ခြမ်းမှတဆင့် မဲဆောက်မြို့ကိုဖြတ်ကာမြ၀တီမြို့သို့ သယ်ဆောင်သွားသည် ဟု ထိုင်း နယ်ခြားစောင့် တပ်မှူးတဦးက ပြောသည်။
နယ်စပ်တိုက်ပွဲများတွင် ဒဏ်ရာရရှိသည့် နအဖ တပ်ဖွဲ့ဝင်များကို ထိုင်းဘက်ခြမ်းမှတဆင့် မြ၀တီသို့သယ်ဆောင်ခြင်းကို မြန်မာဘက်မှ အကူအညီတောင်းသည့်အတွက် မဲဆောက်-မြ၀တီ မြို့နယ်အဆင့် နယ်ခြားကော်မတီက စီစဉ်ပေးရခြင်း ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် နှစ်ဘက်တိုက်ပွဲများအတွင်း ထိခိုက် ဒဏ်ရာရ သေဆုံးမှုများနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
မြ၀တီမြို့ခံ အစိုးရ၀န်ထမ်း တဦးက"တနင်္ဂနွေ တနင်္လာ နှစ်ရက်ဖြစ်တဲ့ ဖလူးတိုက်ပွဲမှာ အစိုးရ ဘက်ကလည်း ထိတာရှိတယ်၊ အဲဒီလို တိုက်ပွဲကြီးတွေဖြစ်တော့ မြ၀တီတမြို့လုံး ထိတ်လန့်နေကြတယ်"ဟု ပြောသည်။
ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့်ကြာအင်း ဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
တိုက်ပွဲအတွင်း နအဖတပ်မှ ကလေးစစ်သား အများစု သေဆုံးခဲ့
မိုက်ရိုင်းတဲ့ မအေလိုး စိုးသန်းခေါင်းရရင် ဘယ်လောက်ပါဝင်ကြမလဲ........
BNI သတင်းမှ.......
(စောသိန်းမြင့်) ကေအိုင်စီ.....
ကရင်ပြည်နယ် ဝေါ်လေဒေသတွင် နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား နေ့စဉ် ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖဘက်က ထိခိုက်သေဆုံးသူများထဲတွင် အများစုမှာ ကလေးစစ်သားများ ဖြစ်ကြသည်ဟု ယမန်နေ့က KNU ထံသို့ ထွက်ပြေး ရောက်ရှိလာသည့် နအဖ ကလေးစစ်သား တဦးက ထုတ်ဖော်ပြောဆိုသည်။
အသက် ၁၇နှစ်အရွယ် တပ်သား အောင်ကိုလင်းသည် နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)တပ်ရင်းမှဖြစ်ပြီး ယခုလ ၇ရက်နေ့ မနက် ၄နာရီတွင် ၎င်း၏တပ်စခန်းမှ ထွက်ပြေးကာ KNU တပ်ရင်း(၁၀၁) ထံသို့ ယမန်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး ယခုလပိုင်းအတွင်း နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ၌ ၎င်းကိုယ်တိုင်တွေ့ကြုံခဲ့ရမှုများကို ပြန် လည်ပြောပြခဲ့သည်။
၎င်းက “ကျနော်တို့တပ်ဖွဲ့တွေ အပစ်ခံရပြီဆိုရင် အရင်ဆုံးသေတာ ကျနော့်အရွယ်လို စစ်သားတွေပါပဲ။ တခေါက်က ဆွဲမိုင်း တွေနဲ့ ကျနော်တို့စစ်ကြောင်း ၀ိုင်းပစ်ခံရတယ်။ တခါတည်း အယောက် ၂၀ကျော်လောက် ထိတယ်။ ခြေပြတ်လက်ပြတ်၊ ရုပ် ပျက်ဆင်းပျက်တဲ့လူတွေလည်းရှိသလို တချို့ကောင်တွေ နှစ်ပိုင်း၊ သုံးပိုင်း ပြတ်သွားတဲ့လူတွေလည်း ရှိတယ်။ အထူးသဖြင့် ကလေးစစ်သားတွေပါ။ ကျနော်လည်း နည်းနည်းထိတယ်။”ဟု ပြောသည်။
ထိုတိုက်ပွဲများအတွင်း ပွဲချင်းပြီး သေဆုံးသွားခဲ့သည့် စစ်သည်များရှိသလို အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက် လည်း ဆေးဝါးအလုံအလောက်မရှိသောကြောင့် ဒဏ်ရာများကို ဖြစ်သလိုကုသရပြီး တပ်တွင်းရိက္ခာ ပြတ်လပ်မှုများကြောင့် ထွက်ပြေးလာရခြင်းဖြစ်ကြောင်း တိုက်ပွဲပေါင်း ၁၀ခုကျော် တွေ့ကြုံခဲ့ရသူ အောင်ကိုလင်းက ဆိုသည်။
“စခန်းထဲမှာ ရိက္ခာကုန်တာပေါ့နော်။ အထက်ကလည်း ရိက္ခာလာမချပေးဘူး။ လူတွေကလည်း ထင်ရာစိုင်းကြပြီး ရွာထဲဆင်း၊ ရွာသားတွေရဲ့ ဆန်ကို အတင်းတောင်းယူစားတယ်။ မရရင် ပေါ်တာဆွဲတယ်။ အဲလို ကိုယ်ထင်ရာကိုယ်စိုင်းနေတဲ့ တပ်ရင်းမှာ မနေချင်တော့ဘူး။ စိတ်ကလည်း ကျဉ်းကြပ်တော့ ထွက်ပြေးလာတယ်။ တပ်ထဲမှာတော့ ကျနော့်အရွယ်တပ်သားတွေ ၂၀ ကျော် ရှိတယ်။ သူတို့လည်း အများစုက ထွက်ပြေးချင်နေကြတယ်။”ဟု ပြောသည်။
စစ်သားအဖြစ် အဓမ္မ စုဆောင်းခံရသူ စစ်သက်တမ်း ၂နှစ်ရှိ တပ်သားအောင်ကိုလင်းသည် ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်နေ့က ဝေါ်လေကျေးရွာ၌ ဖြစ်ပွားခဲ့သည့် မုဒိမ်းလူသတ်မှုမှာ ၎င်းတို့တပ်ရင်းမှ တပ်ကြပ်ကြီးစိုးသန်းနှင့် သူ၏တပည့် ၃ဦးတို့၏ လုပ်ရပ်ဖြစ်ကြောင်း အောင်ကိုလင်းက ယခုလို ပြောသည်။
“သူတို့လမ်းမှာ ထိပ်တိုက်တွေ့တော့ ကုပ်ဆွဲလိုက်တယ်။ ဆရာကြီးစိုးသန်းက ပထမ လုပ်တာပေါ့။ သူက တယောက်ပေါ့နော်။ သူ့နောက်လိုက်တပည့် ၃ယောက်ကတော့ အခြားတယောက်ကိုပေါ့။ ဆရာကြီးလုပ်တဲ့အမျိုးသမီးကိုတော့ ခေါင်းဖြတ်ပြီး သတ် ပစ်လိုက်တယ်။ သူ့တပည့်တွေ လုပ်တဲ့တယောက်ကတော့ ဒီအတိုင်းပဲ သတ်လိုက်တယ်။” ဟု ပြောသည်။
ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် နအဖတပ်ရင်းများ၏ အခြေချရာ စခန်းပတ်ပတ်လည်တွင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား တပ်မတော် ABSDF တပ်ဖွဲ့ဝင်များ၏ ၀ိုင်းရံထားမှုကြောင့် ရိက္ခာပြတ်လပ်သည့်ပြဿနာများ ကြုံတွေ့နေရသည့်အပေါ် တပ် မှူးတပ်သားများမှာ ၎င်းတို့တပ်တွင်းမှ မကြာခဏ ထွက်ပြေးလျှက်ရှိသည်။
စစ်အစိုးရက DKBA စခန်းကို သိမ်းယူရန် ကြိုးစား
(ဇော်ကြီး) သတင်း - သတင်းနှင့်မီဒီယာကွန်ယက်
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBAတပ်ဖွဲ့ အခြေစိုက်သည့် တပ်စခန်း တစ်ခုအား စစ်အစိုးရ တပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဖက် ဖလူးဒေသရှိ တာ့ကိုကျိုးစခန်းအား ယမန်နေ့ နံနက်ပိုင်းမှစ၍ စစ်အစိုးရတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ယင်းစခန်းအား ယနေ့နံနက် ၃ နာရီ အချိန်ခန့်က အင်အားအလုံးအရင်းဖြင့် စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု DKBA ခွဲထွက် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နုတ်ခမ်းမွေးခေါ် ဗိုလ်မှူးကြီး စောလားပွယ်၏ အနီးကပ် အရာရှိတစ်ဦးက ယခုလို ပြောသည်။
“မနေ့ညကတော့ သူတို့အတင်းတက်လုံးတယ်။ မရတော့ ပြန်ဆုတ်သွားတယ်ပေါ့နော်။ မနက် (၃)နာရီလောက်ကနေ (၄)နာရီခွဲလောက်ထိပေါ့။ တက်လာတဲ့လူတွေကို ပြောင် (အကာအကွယ်မဲ့) ကြီးမှာ ပစ်ချတယ်ဆိုတော့ တော်တော်လေးတော့ ထိတယ်လေ။ သယ်ထုတ်တာတွေလည်း မြင်နေရတယ်။ မှန်းတာကတော့ အဲဒီမှာ (၁၅)ယောက်၊ အယောက်(၂၀)၀န်းကျင် လောက်တော့ ရှိမယ်ထင်တယ်။”
ထို့အပြင် ယနေ့နံနက်(၈)နာရီအချိန်ခန့်မှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး မွန်းလွဲပိုင်းအချိန်အထိ လက်နက်ကြီး အလုံး(၃၀)ခန့် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆက် ပြောသည်။
ယခုဖြစ်ပွားနေသည့်တိုက်ပွဲ၌ အကျဉ်းသားများအား ပေါ်တာအထမ်းသမားများအဖြစ် စစ်အစိုးရ တပ်က အသုံးပြုနေသည်ဟု အမည်မဖော်လိုသည့် (DKBA)တပ်မှူးတစ်ဦးက ယခုလိုပြောသည်။
“သေခြာတယ် ခေါ်သုံးနေတယ်နော်။ ဘယ်လိုလဲဆိုတော့ ကျနော်တို့ အပေါ်ကုန်းကနေ လှမ်းမြင်ရတယ်လေနော်။ အဲဒီအကျဉ်းသားသမားတွေရော လူနာတွေကို ထမ်းရပို့ရသယ်ရတယ် လေနော်။”
လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်ခန့်မှစ၍ အင်းစိန်၊ မော်လမြိုင်နှင့် ဖားအံ အကျဉ်းထောင်များမှ ထုတ်ယူလာသည့် အကျဉ်းသား (၈၀၀)ခန့်ရှိပြီး ၎င်းတို့အား စစ်မြေပြင်၌ အထမ်းသမားအဖြစ် အသုံးပြုမည်ဟုခန့်မှန်းရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)အဖွဲ့၏ စစ်ကော်မရှင် အတွင်းရေးမှူး ကိုခင်ကျော်က ယခုလိုပြောသည်။
“ဘာကြောင့်လည်းဆိုတော့ လောလောဆယ် တိုက်ပွဲဖြစ်နေစဉ်တလျှောက်လုံးမှာ ပုံမှန်သုံးနေတဲ့ ယာဉ်သုံးတဲ့လမ်းတွေက သူတို့သုံးလို့မရဘူး၊ လုံခြုံမှုမရှိဘူးလို ဖြစ်နေတဲ့အခါကျတော့ စစ်ချီ စစ်တက်လမ်းကြောင်းတွေက တောတောင်တွေပေါ် အများဆုံး အားထားပြီးတော့ အသုံးပြုရမယ့် သဘောဖြစ်တော့ အဲဒီတောတောင်တွေမှာ ယာဉ်တွေက အသွားအလာလုပ်လို့မရတော့ အဲဒီအထမ်းသမားတွေကိုဘဲ အဓိက အသုံးပြုမယ့်သဘောတော့ ရှိတယ်။”
ထို့အပြင် လွန်ခဲ့သည့်ရွေးကောက်ပွဲကာလကစတင်၍ ဒီဇင်ဘာလကုန်ပိုင်းအထိ ကရင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲပေါင်း (၅၆)ကြိမ်အနက် တိုက်ပွဲကြီး အကြိမ်(၂၀)ခန့် ဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်မှ အရာရှိနှစ်ဦးအပါအ၀င် လူပေါင်း(၆၀)ခန့် ကျဆုံးခဲ့ကာ(၁၅၀)ကျော် ဒဏ်ရာရခဲ့ပြီး မဟာမိတ်တပ်ဖက်မှ (၃)ဦးကျဆုံး၍ (၉)ဦး ဒဏ်ရာရခဲ့သည်ဟု သိရကြောင်းဆက်ပြောသည်။
လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းကစ၍ ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် တိုက်ပွဲများ တွင် စစ်အစိုးရဖက်မှ တပ်ရင်း (၁၈)ရင်းခန့် အင်အားတိုးမြှင့်လာပြီး မကြာမီထိုးစစ်ကြီး အနေနှင့် ဆင်နွဲလာနိုင်ကြောင်း ကိုခင်ကျော်က သုံးသပ်ပြောဆိုသည်။
“အခုလောလောဆယ် တရက်နှစ်ရက်လောက်ကစပြီးတော့ ရန်သူ့ရဲ့ လှုပ်ရှားမှုက ထိုးစစ်အပြုအမူ ဖက်ကို နည်းနည်းပါလာတယ်။ ပြီးတဲ့အခါကျတော့ ရန်သူသွေးတိုးစမ်းလှုပ်ရှားမှုတွေ ရှိလာတဲ့ အခါကျတော့ ထိုးစစ်အပြုအမူတော့ နည်းနည်းစလာပြီပေါ့။ မကြာခင်မှာတော့ ထိုးစစ်တခုခုကို စမယ့်သဘောတော့ ရှိမယ်လို့ ကျနော်သုံးသပ်တယ်။ အထူးသဖြင့်တော့ DKBA နဲ့ အခုဖြစ်နေတဲ့ စစ်ပွဲဂွင်နဲ့ ပတ်သက်လို့ပေါ့နော်။”
ယခုဖြစ်ပွားနေသည့် တိုက်ပွဲများတွင် (DKBA) တပ်ဖွဲ့နှင့်အတူ ကရင်အမျိုးသား အစည်းအရုံး (KNU)လက်အောက်ခံ တပ်ဖွဲ့များနှင့် (ABSDF) တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့သည်။
စစ်မှုထမ်းဥပဒေကြောင့် တင်းမာမှု တိုးလာနိုင်
ချင်းမိုင်(မဇ္စိ္ဈမ) ။ ။ အရွယ်ရောက်ပြီးသူတိုင်းကို စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့်ရှိသော ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်ရာ စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား တင်းမာမှု ပိုတိုးလာစေနိုင်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များနှင့် နိုင်ငံရေးလေ့လာသူများက ပြောသည်။
မဇ္ဈိမက လက်ခံရရှိထားသော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ မနှစ် နိုဝင်ဘာလ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ အမှတ် ၂၇/၂၀၁၀ ပြန်တမ်းမိတ္တူအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။
စစ်မှုထမ်းဆင့်ခေါ်ရန် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့နှင့် မြို့နယ်အဖွဲ့များကိုလိုအပ်သလို ဖွဲ့စည်းနိုင်ခွင့် ဥပဒေက ခွင့်ပြုထားသည်။
ဆရာဝန်၊ အင်ဂျင်နီယာစသဖြင့် အတတ်ပညာတရပ်ရပ်ဖြင့် အသက်မွေးဝမ်းကြောင်း နေထိုင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်မပြည့်ခင်အထိ ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။
ကျွမ်းကျင်သူ စစ်မှုထမ်း အမျိုးအစားတွင် ၃ နှစ်အထိ ဝင်ရောက်စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပါရှိသည်။ထို့အပြင် အရေးပေါ်အခြေအနေတွင် အစိုးရအနေဖြင့် စစ်မှုထမ်းကာလကို ၅ နှစ်အထိ သတ်မှတ်နိုင်ခွင့်လည်း ပေးထားသည်
ရပ်ကွက်အာဏာပိုင်များက မိမိကျေးရွာအုပ်စု သို့မဟုတ် ရပ်ကွက်တွင် နေထိုင်သူများအနက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စစ်မှုထမ်းရမည့် အရွယ်ရောက်သူများ စာရင်းကို နှစ်စဉ် ဇန်နဝါရီ ၁ ရက်နေ့အရောက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး မြို့နယ်အဖွဲ့ကို ပို့ရမည် ဖြစ်သည်။
သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂင်္ါ မသန်စွမ်းသူများ၊ တပ်မတော် ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် မသင့်လျော်ကြောင်း သတ်မှတ်ထားသူများ၊ ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ စစ်မှုထမ်းခြင်းမှ ကင်းလွတ်စေရမည်ဟု ဆိုထားသည်။
သို့သော် နိုင်ငံဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားစောင့်ရှောက်သူ မရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါး ဖြတ်ရန် ဆေးကုသမှု ခံယူနေသူများနှင့် ထောင်ဒဏ်ကျ ခံနေသူများသည် သက်ဆိုင်ရာ တပ်မတော် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ဖြင့် ယာယီရွှေ့ဆိုင်းနိုင်သည်ဟု ဖော်ပြထားသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် အဖွဲ့အင်အားကို ထိခိုက်လာနိုင်သည်ဟု အင်အား ၁ သောင်းခန့်ရှိမည် ခန့်မှန်းထားသော ကချင်လွတ်လပ်ရေးအဖွဲ့ အရာရှိများက စိုးရိမ်နေကြသည်။
စစ်အစိုးရနှင့် ဆက်ဆံရေး ယိုယွင်းသွားသော ကေအိုင်အို၏ လက်နက်ကိုင်တပ်တွင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အကြား စစ်သည်အင်အားက ၉၀ ရာခိုင်နှုန်းရှိနိုင်သည်ဟု ကချင်အရာရှိတဦးက ပြောသည်။
စစ်မှုထမ်း ဥပဒေသစ်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ခိုက်ရန် အင်အားတိုးချဲ့ခြင်းသာ ဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး(KNU)မှ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက ပြောသည်။
“ပြဿနာတွေ အများကြီးဖြစ်လာနိုင်တာပေါ့။ စစ်အာဏာရှင် တည်မြဲဖို့အတွက် တိုင်းရင်းသားတွေကို သတ်ဖြတ်ဖို့အတွက် ထုတ်တယ်လို့ မြင်တယ်။ … အတင်းအဓမ္မ စစ်သားစုဆောင်းရေးတွေ ဖြစ်လာနိုင်မယ်”ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။
စစ်ဆင်ရေးကာလများတွင် ပေါ်တာဆွဲခွင့်ကို တရားဝင်ဖြစ်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်ဟု မြန်မာ့အရေး လေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းက သုံးသပ်သည်။
“ဒီဥပဒေက တတိုင်းပြည်လုံးနဲ့ ဆိုင်တယ်လို့ ရေးမထားဘူး။ သူက တိုင်း၊ ပြည်နယ်၊ ခရိုင် ဒါမှ မဟုတ်ရင် အောက်မှာ မြို့နယ်အလိုက် အရေးပေါ်အခြေအနေပေါ် မူတည်ပြီးတော့ ဒီဥပဒေကို ပြဋ္ဌာန်းနိုင်တယ်။ အကယ်၍ မြန်မာပြည်ကြီးမှာ အေးချမ်းနေတယ်၊ ဥပမာ ကရင်ပြည်နယ်မှာ စစ်ဖြစ်တယ်ဆိုရင် ကရင်ပြည်နယ် တခုထဲ လုပ်လိုက်လို့ ရတယ်။ ရှင်းအောင်ပြောရရင် ပေါ်တာကို တရားဝင် ဆွဲလို့ရအောင် လုပ်လိုက်တာပဲ”ဟု ဦးဘိုဘိုကျော်ငြိမ်းက ပြောသည်။
ရဲအရေးပိုင်ခွင့်ရှိသော ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းရန်ရှိသော်လည်း ပျက်ကွက်သူကို ထောင်ဒဏ် ၃ နှစ်ထိ အပြစ်ပေးခွင့်နှင့် ဟန်ဆောင်ကာ တိမ်းရှောင်လွှဲဖယ်လျှင် ထောင်ဒဏ် ၅ နှစ်ထိ အပြစ်ပေးရန် သတ်မှတ်ထားသည်။
ထို့ပြင် ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများကို အရေးပေါ် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်နိုင်သည်ဟုလည်း ဆိုထားသည်။
တခြားနိုင်ငံများ၏ ရန်ပြုလာမှုပေါ်မူတည်၍ ထုတ်ပြန်ရမည်ဖြစ်ပြီး လက်ရှိ မြန်မာပြည် အခြေအနေအရ ပြည်ပရန်လည်းမရှိသဖြင့် တိုင်းပြည်အတွက် စည်းလုံးညီညွတ်မှုရယူပြီးမှ အဆိုပါ ဥပဒေများကို ထုတ်ပြန်ရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
“တိုင်းပြည်မှာ တကယ်လုပ်သင့်တာက စည်းလုံးညီညွတ်မှုရအောင် ယုံကြည်မှုရအောင် လုပ်ကိုင်ပေးနိုင်တဲ့ အခြေအနေကျရင် ဒီကစ္စဆွေးနွေးသင့်တယ်။ လုပ်ကိုင်သင့်တယ်ဗျာ၊ ခုတော့ ပြည်ပရန်ဖြစ်လာဖို့ မရှိဘဲနဲ့ လုပ်နေတာက အင်မတန် စဉ်းစားစရာကောင်းတဲ့ အချက်ပါဘဲ”ဟု သူက မဇ္စိ္ဈမကို ပြောသည်။
သို့သော် လေ့လာသူများက ကောင်းကျိုးအားဖြင့် စစ်ပညာတတ်မြောက်သူ များလာနိုင်သည်ဟု ပြောသည်။
အစိုးရသစ် မပေါ်ပေါက်မီ ပြဋ္ဌာန်းလိုက်ခြင်းက စစ်အစိုးရ မလိမ့်တပတ်လုပ်ခြင်းဟု မြန်မာ့အရေးလေ့လာသူ ဦးဌေးအောင်က ပြောသည်။
“စစ်အစိုးရက မလိမ့်တပတ် လုပ်ထားတာမျိုး တွေ့တယ်လေ။ မဆလခေတ်တုန်းက အခြေခံ ဥပဒေ ရေးဆွဲပြီးရင် လူထုကို ၃ ကြိမ် ချပြရတယ်။ လူထုကနေ အမျိုးသား ညီလာခံထဲမှာ ဆွေးနွေးရမယ်။ …သူ့အတွက် လျှို့ဝှက်ပြီး ကလိမ်ကကျစ်လုပ်မယ့် အကြောင်းအရာ တခုခုတော့ ရှိနေလိမ့်မယ်ထင်တယ်”ဟု ဦးဌေးအောင်က ပြောသည်။
စစ်အစိုးရက အရန်တပ်ဖွဲ့ဲ့ဥပဒေ ကိုလည်း နိုဝင်ဘာလ ၄ ရက်က ထုတ်ပြန်ထားသည်။ စစ်မှုထမ်းတဦး စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့် သို့မဟုတ် အငြိမ်းစားယူခွင့် ရရှိသည့်နေ့ရက်မှစ၍ ၅ နှစ်ထိ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းရမည် ဖြစ်သည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုထားသော တိုင်းရင်းသားအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်အောက်သို့ ထည့်သွင်းမည့် နယ်ခြားစောင့်တပ်ပြောင်းရေး အစီအစဉ် မအောင်မြင်ဖြစ်နေ၍ စစ်အစိုးရနှင့် ယခင်အပစ်ရပ် တိုင်းရင်းသားအဖွဲ့များအကြား ဆက်ဆံရေး ယိုယွင်းနေဆဲ ဖြစ်သည်။
တိုက်ပွဲသတင်း
ဆုံဆည်းရာ မှ.........
ဇန်န၀ါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အကျဉ်းအသား ၄ ဦးထက်မနည်းသေဆုံးပြီး ၆ ဦး ဒဏ်ရာရှိကြောင်းသိရှိသည်။ ကရင်ပြည်နယ် ဝေါလေဒေသ နအဖ ထိုးစစ်တွင် နအဖ ဘက်မှ စစ်အင်အား ၃၀၀ ကျော်အသုံးပြုပြီး အကျဉ်းသား အင်အား ၅၀၀ ကျော် အသုံးပြုကြောင်း သိရပါတယ်။ အကျဉ်းသားများကို ခြေထောက်တွင် သံခြေကျင်းခတ် ၅ ယောက်တတွဲကြိုးချည် ရင်ဘောင်တန်းခိုင်းပြီး မိုင်းတွင်းများကို ဖြတ်သန်းခိုင်းနေကြောင်း သိရှိရသည်။ အချို့အကျဉ်းသားများကို လက်နက်နှင့် ရိက္ခာသယ်ယူရာတွင် အသုံးပြုကြောင်း သိရသည်။
ဇန်န၀ါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် နအဖ စစ်သားအယောက် ၂၀ ကျော်ဒဏ်ရာရှိပြီး ဒဏ်ရာရသူများကို ထိုင်းနိုင်ငံဘက်မှတဆင့် မြ၀တီမြို့သို့ ပို့ဆောင်နေကြောင်း သိရပါတယ်။
ကရင်ပြည်နယ် ဝေါလေဒေသတွင် ဒီကေဘီအေ စခန်းကို နအဖ ဘက်မှ တပ်ရင်း ၈ ရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ မြ၀တီမြို့တွင် နအဖ တပ်မမှူး ကိုယ်တိုင် ဦးစီးအမိန့်ပေးမှုများ ပြုလုပ်နေပြီး စကခ (၁၂) ဗျူဟာ (၁)၊ (၂) လက်အောက်ခံတပ်ရင်းများဖြစ်သည့် တပ်ရင်း ခလရ (၂၃၁)၊ ခမရ(၅၄၆)၊ ခမရ (၅၄၈)၊ ခမရ(၅၄၉)၊ ခမရ(၃၅၆)၊ ခမရ(၃၅၇)၊ ခမရ (၃၅၉)နှင့် ခမရ(၅၄၅) တပ်တို့မှ အင်အား အင်းအား ၃၀၀ ကျော်နှင့် ထိုးစစ်ဆင်တိုက်နေတာပါ။
တပ်ကြပ်ကြီးအုန်းတောမှရသည့်သင်္ခန်းစာ
ရေးသားသူ - ဖူးဒို

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အုန်းတော ရွာမှလာသည့်အတွက် အများက သူ့ကို အုန်းတောသား သိုမဟုတ် အုန်းတောဟုခေါ်ပါသည်။ လက်ရှိတွင် KNU အောက် KNLA ၏ တပ်မဟာ ၄ တွင် တပ်ကြပ်ကြီး တစ်ဦးအဖြင့် တာဝန် ထမ်းဆောင်နေပါသည်။ တော်လှန်ရေးတွင်ပါဝင်ရန် ဖြစ်ပေါ်လာသော ကြောင်းအရင်း နှင့် သူ၏ တော်လှန်ရေးအတွေ့အကြုံသည် စိတ်ဝင်စားစရာပြင် သင်္ခန်းစာယူသင့်သည့် အချက်အလက်များ ပါဝင်နေပါ သဖြင့် သူ့အကြောင်းကိုရေး၇န်ဖြစ်လာပါသည်။
ကျောင်းသားဘ၀ အသက် ၁၃ နှစ်ခန့်တွင် မဆလ တပ်မှ KNU ၏ မဲလ၊ ၀မ်ခ နှင့် မော်ဖိုးကေ စခန်းကို စစ်ဆင် ရေးပြုလုပ်ချိန်ဖြစ်ပါသည်။ မဆလ တပ်သားများ ရွာထဲသို့ဝင်ရောက်ပြီး အထမ်းသမားပေါ်တာများကို အတင်း အဓမ္မ ဆွဲခေါ်၏။ ဗမာ့တပ်မတော်သားများသည် ပေါ်တာဆွဲရာတွင် ရိုးရိုးမခေါ် ရွာသားများကို ထိုးကြိတ် ရိုက်နှက်ပြီး လိုက်ဆွဲ၏။ ခလေးသာဖြစ်သော်လည်း ရွာသားများ အနှိပ်စက်ခံ ရသည်ကို မြင်သဖြင့် အုန်းတော သည် ရှေ့ထွက်ပြီး-
အုန်းတော=ဒီမှာဦးလေးရဲဘော်..တပ်မတော်ဆိုတာပြည်သူအသက်အိုမ်းအိမ်စည်းစိမ် ကာကွယ်ရမယ်။ အခုဘာဖြစ်လို့ကျနော်တို့ရွာသားတွေကိုညဉ်းပန်း နှိပ်စက်ရတာလည်း
မဆလရဲဘော်= မင်းစကားတော်တော်တတ်တဲ့ကောင်။ မင်းတို့ကရင်တွေအားလုံးဟာ ငပွေးတွေဘဲ
အုန်းတော = ကျနော်တို့ဟာ ငပွေး တွေမဟုတ်ဘူး၊ တွေ့လည်းမတွေ့ဖူးဘူး
မဆလရဲဘော်သည် အုန်းတော ကို စတင်ထိုးကြိတ်သဖြင့် အုန်းတော လဲသွားပါသည်။ ထို့နောက် လည်ပင်းကို စစ်ဖိနပ်ဖြင့်တက်နင်းပြီး-
မဆလရဲဘော်=မင်းတော်တော်စကားများတဲ့ကောင်။ငါကိုင်တဲ့လက်နက်မင်းသိလား၊ မင်းသေချင်လား
အုန်းတော = မင်းတို့ပစ်သတ်ရင်လည်းသေရမှာဘဲ၊ ဒါပေမဲ့ ကျနော်ဟာ ငပွေးမဟုတ်ဘူး။ ဒီလက်နက်ဟာ ငါ့ကို ထမင်းကျွေးတာမဟုတ်ဘူး၊ ငါ့ကိုထမင်းကျွေးတာ ငါ့မိဘ၊ အဒေါ်ဦးလေး နဲ့ အဖိုးအဖွားတွေဘဲ၊ ဒီလက်နက်ကိုကြောက်ရင် စကားတောင်ခံမပြောပါဘူး။
န၀တ တပ်မှရဲဘော်သည် အုန်းတော် ကို (၂) ခါ ထပ်ကန်၏။ အုန်းတော ၏ စိတ်ထဲတွင်ကား-
________________________________________
“..အင်း..ငါသေရင်တော့ ကောင်းတာဘဲ။ အေး..ငါမသေရင်တော့ တစ်နေ့ကျရင် တော်လှန်ရေးလုပ်ပြီး မင်း တို့ ကို ပြန်ပြီး ကလဲ့စားချေမယ်။ မင်းတို့တွေကို များများသတ်နိုင်အောင်ကြိုးစားမယ်..”
၁၃ နှစ်အရွယ် ကျောင်းသား အုန်းတော သည် စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါသည်။ သို့သော်လည်း အုန်းတော သည် အခြားသူတွေလို ကိုယ်ခံခဲ့ရသည့် အဖြစ်အပျက် ကို လုံးဝမမေ့။ ဆုံးဖြတ်ချက်ချထားသည့်အတိုင်း၁၉၉၀တွင်KNLAတပ်မဟာ(၇) သို့လက်မှတ်ထိုးဝင်ရောက်ခဲ့ပါသည်။ တပ်မဟာ (၇) မှလည်း အသက်ပြည့် ပြီး အထက်တန်းပညာ ပညာသင်ခဲ့ရသော အုန်းတော ကို စစ်သင်တန်းသို့ ပို့လိုက်ပါသည်။ သင်တန်းပြီးသော အုန်းတောသည် စစ်မြေပြင် သို့ရောက်သည် နှင့် မိမိ၏ ဆုံးဖြတ်ချက်အတိုင်း အကောင်အ ထည်ဖေါ်ပါတော့သည်။

ထိုနေ့မှစ၍ အုန်းတောသည် တိုက်ပွဲဝင် သည့် အတွေ့အကြုံ နှင့်မှတ်တမ်းကို မိမိ၏ မှတ်စု လေးတွင် ရေး မှတ်လာပါတော့သည်။ တိုက်ပွဲ အတွေ့အကြုံ များလောသော အုန်းတောသည် ထူးချွန်ပြီး ရဲစွမ်းသော ရဲဘော် တစ်ဦးအ ဖြင့် အများက အသိအမှတ်ပြုခြင်းခံရပါသည်။ KNLA တပ်မဟာ (၇) မှ တပ်မဟာ (၆)၊ ထို့နောက် တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် သို့ တာဝန်ပြောင်းလည်း ထမ်းဆောင်ခဲ့ပါသည်။
လက်နက်ချသော ရန်သူများကို လက်နက် သိမ်းပြီး ရန်သူကို အစာရေစာ ပေးပြီးပြန်လွှတ်ပေး၏။ ပေါ်တာများကို မိပါက၊ လုံခြုံသော လမ်းကြောင်း၊ နေရာ သို့ လမ်းညွန်ပေးခြင်း၊ လိုအပ်လျင် လိုက်ပို့ပေးပြီး ပြန်လွှတ်ပေး၏။
အုန်းတော မှတ်တမ်းစာရင်းထဲ ရန်သူကို သတ်ဖြတ်လာသည့်စာရင်းသည် တဖြည်းဖြည်းများလာ၏။ စစ်သက် ၂၀ ကျော် လာသော တပ်ကြပ်ကြီး အုန်းတော၏ မှတ်စုလေးတွင် ရန်သူတွေကို သုတ်သင်ရှင်းလင်းသည့်စာရင်းသည်အယောက် ၁၀၀ နီးပါး ရှိလာပါပြီ။ ဒိပြင် သူ့မှတ်တမ်းစုလေးထဲတွင် နအဖစစ်တပ် ၏ အရာရှိ နံမည်လည်းပါဝင်လာပါသည်။
အုန်းတော၏ ၁၉၉၈ မှတ်စု လေးတွင် ခလရ ၂၈၀ နှင့်တက်လာသော သူရမောင်နီ အားသူသတ်ဖြတ် သည့်စာ ရင်းထဲတွင် ရေးသွင်းခဲ့ပါသည်။
၁၃ နှစ်အရွယ်ကျောင်းသားဘ၀တုန်းက န၀တ တပ်သားတစ်ဦး၏ နိုင်ထက်စီးနှင်းခြင်း မှ ဖြစ်ပေါ်လာသော မခံ ချင်စိတ်ဖြင့် ကလဲ့စားချေလာသော အုန်းတောသည် ယခုချိန်ထိ ဗမာ့တပ်မတော်မှ အရာရှိ နှင့် ရဲဘော်ပေါင်း ၁၀၀ နီးပါး ကို ပြန်လည် သတ်ဖြတ်ခဲ့ပြီးဖြစ်ပါသည်။
စာရေးသူ၏ရည်ရွယ်ချက် တစ်ခုမှာ အုန်းတော၏ ဘ၀ ကို ကြည့်ခြင်းဖြင့် နှစ်ဦးနှစ်ဖက် အားလုံး သင်္ခန်းစာ ယူနိုင်ရန် ဖြစ်ပါသည်။
တစ်ဖက်သား ကို စိတ်နာအောင် မလုပ်မိဖို့ အလွန်ပင်ရေးကြီးကြောင်း လူတိုင်းသတိထား တတ်ရန်လိုပါသည်။
မေတ္တာဖြင့်
ဖူးဒို
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၁
နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များ တိုက်ပွဲ နှစ်ဘက်ထိခိုက်မှုများရှိ
KIC သတင်းမှ.................
စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဝေါ်လေဒေသ၊ ဖလူးကျေးနယ်တွင် နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား ယမန်နေ့နှင့် ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ယခင်တိုက်ပွဲများထက် ပြင်းထန်သောကြောင့် နှစ်ဘက်ထိခိုက်မှုများရှိသည်ဟု သိရှိရသည်။
ယနေ့ နံနက် ၈နာရီခန့်မှ ညနေ ၄နာရီအကျော်အထိ ဖြစ်ပွားခဲ့သည့် KNLA၊ DKBA ပူးပေါင်းတပ်ဖွဲ့နှင့် နအဖ စကခ(၁၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲတွင် နအဖဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု အတိအကျ မသိရှိရသော်လည်း နအဖ ဘက်မှ လက်နက်ကြီးကျည်မြောက်များစွာ ပစ်ခတ်ခဲ့သောကြောင့် DKBA တပ်သား ၂ဦး ကျည်ဆံထိမှန်ခဲ့သည်ဟု ဒီကေဘီ အေ တပ်မဟာ ၅မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။
၎င်းက “နအဖဘက်က လက်နက်ကြီး အလုံး ၁၀၀ထက်မနည်း လိုက်လံပစ်ခတ်တော့ ကျနော်တို့ဘက်က ၂ယောက် ထိတယ်။ ဒဏ်ရာအပြင်းအထန်တော့ မဟုတ်ဘူး။ ကျနော်တို့လူတွေလည်း တက်လာတဲ့ နအဖစစ်ကြောင်း အပိုင်စောင့်ပစ်တော့ နအဖ ဘက်ကလည်း တော်တော် အထိနာတယ်။ အရေအတွက်တော့ မသိရှိရသေးဘူး။”ဟု ပြောသည်။
အလားတူ ယမန်နေ့ကလည်း အဆိုပါ တပ်ဖွဲ့ဝင်များအကြား နှစ်ဘက်ပစ်ခတ်မှုတွင် နအဖတပ်မှူးတပ်သား ၂၀ဦးခန့် ထိခိုက် သေဆုံးခဲ့ရာ နအဖဘက်မှ လက်နက်ကြီးကျည်အလုံး ၁၀၀ကျော် ပစ်ခတ်ခဲ့သော်လည်း ကရင်တပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိ ကြောင်း ကရင်တပ်ဖွဲ့ဘက်က ပြောသည်။
ထိုပစ်ခတ်မှုကြောင့် ထိုင်းဘက်ခြမ်းရှိ မဲဆောက်မြို့နယ် မဲ့ကော်ကင်းကျေးရွာအနီးတွင် လက်နက်ကြီးအလုံး ၁၀ကျော် ကျ ရောက်ခဲ့သောကြောင့် ထိုင်းဘက်ခြမ်းမှ နယ်စပ်လုံခြုံရေးတပ်များ တိုးမြှင့်ချထားလိုက်သည်ဟု သိရသည်။
၎င်းတိုက်ပွဲများကြောင့် မြန်မာပြည်ဘက်ခြမ်းရှိ ရာနှင့်ချီသည့် ဖလူးကျေးနယ်မှ ဒေသခံလူထုများ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်ဟု ၎င်းယာယီစစ်ပြေးဒုက္ခသည်များအား ကျန်းမာရေးနှင့် နေထိုင်ရေးနှင့် စားနပ်ရိက္ခာများကို ကူညီဆောင်ရွက် ပေးနေသည့် ကျန်းမာရေးလုပ်သားများက ပြောသည်။
DKBA နှင့် နအဖ တိုက်ပွဲကြောင့် ထိုင်းစစ်တပ် နယ်စပ်လုံခြုံရေး တိုးမြှင့်
ဧရာဝတီ သတင်းမှ.............
ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ်ဖွဲ့များအကြား ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည်များ ထပ်မံ ကျရောက် ပေါက်ကွဲသဖြင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေး တိုးမြှင့်ထားလိုက်သည်။
ယနေ့နံနက် ၇ နာရီခန့်က စတင် ဖြစ်ပွားသည့် နှစ်ဘက် တိုက်ပွဲတွင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ နအဖ တပ်ဖွဲ့ဝင်များက DKBA တပ်ဖွဲ့များ ရှိသည့်ဟု ယူဆရသည့် ကဆောဝါးလေး တောင်တန်း တလျှောက် လက်နက်ကြီး ကျည် အလုံး ၁၀၀ ခန့် ကြိုကြား ပစ်ခတ်လျက်ရှိရာ ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် ၆ လုံး ယနေ့ မွန်းလွဲပိုင်းတွင် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်က ပြောသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် နှစ်ဘက် တိုက်ပွဲတွင်လည်း နအဖ တပ်ဘက်မှ လက်နက်ကြီးကျည် အလုံး ၁၀၀ ခန့်ပစ်ခတ်ခဲ့ရာ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် မဲ့ကိုကင်း ရွာရှိ ကော်မနောင်း အနီးတွင် ၁၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
နအဖ ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းဘက်ကျရောက် ပေါက်ကွဲမှု ဖြစ်စဉ်ကို ထိုင်းဘက်မှ စစ်ဆေးလျက် ရှိပြီး လိုအပ်ပါက ထိုင်း-မြန်မာ နယ်ခြား ကော်မတီမှ တဆင့် မြန်မာဘက်သို့ ကန့်ကွက်သွားမည်ဟု မဲဆောက် အခြေစိုက် အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်မှ တပ်မှူးတဦးက သတင်းထောက်များကို ပြောသည်။
တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ ဖလူးဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင် က နှစ်လတာ တိုက်ပွဲကာလအတွင်း DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်ဖွဲ့ဝင်များ၏ ပြောက် ကျားစနစ်ဖြင့် ချုံခိုတိုက်မှုကြောင့် နအဖ ဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးမှုများစွာ ရှိခဲ့သည့်အတွက် ဖလူးဒေသကို စိုးမိုးမှု အမြန်ရယူရန် ယခုကဲ့သို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
“နအဖ က ပြောက်ကျားစနစ်ကို ကြောက်တယ်။ သူတို့ဘက်က အကျအဆုံးထဲမှာ ကျနော်တို့နဲ KNUပူးပေါင်း တပ်ဖွဲ့တွေရဲ့လက်ဖြောင့် တပ်ဖွဲ့ဝင်(စနိုက်ပါ သမား)တွေကြောင့် ဖြစ်တယ်”ဟု ဗိုလ်မှူးဆန်းအောင်က ဆိုသည်။
၎င်းက ဆက်လက်ပြီး“လက်နက် အင်အား၊ လူအင်အားချင်း ကွာခြားမှုအရ ကျနော်တို့က ပြောက်ကျားစစ်နစ်ကို သုံးတာဖြစ် တယ်။ ဒီနည်းနဲ့ နအဖ ဘက်က တလကို ထိခိုက်ကျဆုံးမှု များတာရှိတဲ့အတွက် အခုလိုမျိုးကျနော်တို့ကို လက်နက်ကြီး အလုံး ရေ ရာနဲ့ချီပြီးတော့ တိုက်နေတာဖြစ်တယ်”ဟု ပြောသည်။
ပြီးခဲ့သည့် နှစ်ဘက်တိုက်ပွဲများအတွင်း ထိခိုက် ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး နအဖ တပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှုကို မသိရှိရသေး သော်လည်း DKBA ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မှူး တဦးက ပြောသည်။
တိုက်ပွဲကြောင့် ယနေ့နှင့် ယမန်နေ့က ရာနှင့် ချီသည့် ဖလူး ဒေသခံ ရွာသားများ ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ် အတွင်း သို့ ၀င်ရောက်ခိုလှုံလျက်ရှိသည်ဟု ၎င်းတို့၏ ကျန်းမာရေးနှင့် စားဝတ်နေရေးကိစ္စများကို ကူညီဆောင်ရွက် ပေးနေသည့် မဲဆောက်မြို့ မယ်တော် ဆေးခန်းမှ ဆေးမှူး စောနေဦးက ပြောသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ ယမန်နေ့ကစတင်သည့် နအဖ ထိုးစစ်သည် ဖလူးဒေသကို စစ်မျက်နှာဖွင့်ထားပြီး DKBA တပ်မဟာ(၅)ဌာနချုပ် ရှိသည့် ဝေါ်လေဒေသသို့ နအဖ တပ်များ ထိုးစစ်ဆင်ရန်အတွက် စစ်ချီရာတွင် လွယ်ကူစေရန် စစ် ပရိယယ် သုံးခြင်းဖြစ်သည်ဟု ထိုင်း နယ်ခြားစောင့် တပ်မှူးတဦးက သုံးသပ်ပြောကြားသည်။
မြ၀တီခရိုင်မှတဆင့် ဝေါ်လေဒေသရှိ DKBA တပ်မဟာ(၅)ကိုရောက်ရှိရန် နအဖ တပ်များ လာမည့် ပုံမှန်လမ်းကို DKBA နှင့် KNU တပ်များ ပိတ်ဆို့ထားသဖြင့် အခြားတောလမ်းများမှ လာရောက်ရန်ကြိုးစားနေသော နအဖ တပ်များ မိုင်းကွင်းများနှင့် ပြောက်ကျား စစ်ကြောင့် အဆိုးဝါးဆုံး အနေအထားများနှင့် ရင်ဆိုင်ကြရမည်ဟု ဝေါ်လေအခြေစိုက် KNU တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင် ကလည်း ပြောသည်။
ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့်ကြာအင်း ဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲ များ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
စစ်မှု မထမ်းမနေရ အမိန့် ကြောင့် စစ်အစိုးရ ကို ဖြုတ်ချရန် စစ်လိုလားသည့် လူငယ်များ အခွင့်အလမ်းပေါ်
FNG မှ.................
မြန်မာ စစ်အစိုးရသည် မြန်မာ နိုင်ငံသား တိုင်း စစ်မှု မထမ်းမနေရ အမိန့် ကို ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေ အရ ထုတ်ပြန် လိုက်သည် ဟု သတင်းရရှိသည်။ စစ်မှုထမ်းသက်မှာ အမျိုးသမီးများ အဖို့ အသက် ၁၈ နှစ် မှ ၃၅ နှစ်ကြား ဖြစ်ပြီး ၊ အမျိုးသားများ အတွက် အသက် ၁၈ နှစ်မှ ၄၅နှစ်ကြား ဖြစ်သည်။
စစ်မှုထမ်း ဥပဒေ နဲ့ ပတ်သက်ပြီး ရန်ကုန် မြို့ က လူငယ် တစ်ဦးတော့ “စစ်တပ်ထဲ ဝင်သွားပြီးလက်နက်တွေထုတ်လာမယ်။ ဆန္ဒပြရင် လက်နက်တွေ ရှိပြီး ပြန်ပစ်တတ်တာပေါ့ ။ အရေးကြီး စစ်စခန်း
မြေပုံတွေ ကို အင်တာနက်မှာ တင်မယ် ၊ ပြည်သူတွေ ဆန္ဒပြရင် သူငယ်ချင်းတွေ နဲ့ တိုင်ပင်ပြီး စစ်စ
ခန်း တွေ ကို ဗုံးခွဲ ပစ်မယ် ၊ ရမ်ဘို ကား ထဲက လို” ဟု သူ၏ အမြင် ကို Freedom News Group သို့ 
ပြောသည်။
တိုက်ပွဲသတင်း
ဆုံဆည်းရာ မှ........
ယခုတိုက်ခိုက်နေသည့် ကရင်ပြည်နယ်အတွင်းရှိ နအဖ ရဲ့ စစ်ဆင်ရေးများတွင် လက်နက်ကြီးကျရောက်သည့် ကိုက်တရာအတွင်းရှိ လူများ နားစည်များမှ သွေးယိုသည့် ဓါတုလက်နက်ပစ္စည်းများ စမ်းသပ်အသုံးပြုမည်ဟု ကောလဟာလ သတင်းများထွက်ပေါ်နေကြောင်း သိရှိရသည်။
နအဖ ဘက်မှ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားသော ယခု စစ်ဆင်ရေးများတွင် အင်းစိန်ထောင်၊ မော်လမြိုင်ထောင်၊ ဘားအံ(တောင်ကလေး)ထောင်တို့မှ အကျဉ်းသားများအပြင် လက်နက်ရိက္ခာသယ်ယူရန်နှင့် လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုရန် အကျဉ်းသားများမလုံလောက်သဖြင့် တောင်ငူထောင်မှ အကျဉ်းသားများကိုလည်း ထပ်မံခေါ်ယူထားကြောင်းသိရှိရသည်။
နအဖ စစ်ဆင်ရေးနဲ့ ကွပ်ကဲရေးဌာန လက်အောက်ခံတပ်ရင်းများ ကေအန်ယူ တပ်မဟာ (၁)၊ တပ်မဟာ (၆)နဲ့ တပ်မဟာ (၇) နယ်မြေတွေကို ယမန်နေ့ကနေ့စတင်ပြီး အင်အားအလုံးအရင်းနဲ့ တပြိုင်နက် ထိုးစစ်ဆင်လာတာတွေ့ရပါတယ်။
- နအဖ တပ်များမှာ စကခ(၁၂) နည်းဗျူဟာ(၁)နှင့် (၂)လက်အောက်ခံ ခလရ(၂၃၁)၊ ခမရ(၅၄၆)၊ ခမရ (၅၄၈)၊ ခမရ(၅၄၉)၊ ခမရ(၃၅၆)၊ ခမရ(၃၅၇)နှင့် ခမရ(၅၄၅) တပ်ရင်းများဖြစ်ပြီး ကေအဲန်ယူ၊ ဒီကေဘီအေတပ်များနှင့် ထိပ် တိုက်ရင်ဆိုင်နေရသည့် နအဖတပ်များမှာ
- စကခ(၁၉) နည်းဗျူဟာ(၂)မှ ခလရ(၂၉၉)မှ ချူကလီးဒေသတွင် ထိုးစစ်ဆင်၊
- ခမရ(၅၈၆)မှ အူးကလေးထာ့ရွာတွင် အခြေစိုက်လှုပ်ရှားနေပြီး ဖားအံမြို့အခြေစိုက် လှုပ်ရှား၊
- နအဖ တပ်မ(၂၂) လက်အောက်ခံ နည်းဗျူဟာ(၂၂၂) လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခမရ (၂၀၉)၊ (၂၀၁)၊ (၂၀၂)နဲ့ (၂၀၅)တပ်ရင်းမှာ ကမမောင်းကျေးရွာဘက်သို့ ထိုးစစ်ဆင်လှုပ်ရှား၊
- မာနယ်ပလော နယ်မြေတွင် စစ်ဆင်ရေး လှုပ်ရှားဖို့အတွက် နည်းဗျူဟာ(၂၂၃)သည် ရှမ်းရွာသစ်ဘက်တွင် ထိုးစစ်ဆင်ပြီး၊
- နည်း ဗျူဟာ(၂၂၃) လက်အောက်ခံတပ်များဖြစ်သည့် ခလရ(၈၁)၊ ခမရ(၂၀၄)၊ (၂၀၈) တပ်များမှာ ဆင်ဖြူတောင်(ကဆောဝါးလေး)ဒေသ ဘက်သို့ ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။
ယမန့်နေ့က ဝေါလေဒေသ ဖလူးကျေးရွာနားမှာ နအဖ တပ်တွေနဲ့ ဒီကေဘီအေ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ယမန့်နေ့ မနက်ပိုင်းမှ စပြီး နအဖ စစ်တပ်တွေ ဒီကေဘီအေတပ်တွေကို အရှိန်အဟုန်မြင့်ပြီး တိုက်ခိုက်လာတာတွေ့ရပါတယ်။
ဖလူးဒေသ ကို နအဖ စစ်တပ် က အပြင်းအထန် ထိုးစစ်ဆင်
FNG မှ.........
၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက် ပွဲ ကျင်းပသည့် နေ့ ကတည်းက မြ၀တီ မြို့ ကို ၀င်ရောက် သိမ်းပိုက်ပြီး စစ်အစိုးရ တပ်ဖွဲ့ များ ကို ယှဉ်ပြိုင် တိုက်ခိုက်နေသည့်ဗိုလ်မှုးချုပ် စောလားပွယ် ဦးစီးသည့် DKBA တပ်များ ကို ထိုးစစ် ဆင်ရန် စစ်သည် နှစ်ထောင်
ကျော် နှင့် လက်နက်ကြီးများ တင်ဆောင် ထားသည့် နအဖ တပ်ရင်း ၊ တပ် ဖွဲ့ များ သည် ဒီကေဘီအေအခြေစိုက်ရာ ဖလူး နှင့် ဝေါလေ ဒေသ ကို ဇန်န၀ါရီ လ ၉ ရက်နေ့ တွင် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည် ဟု သတင်းရရှိသည်။
ယနေ့ မနက် ၇ နာရီ အချိန်ခန့် ကတည်း က ဖလူးဒေသ နှင့် မြ၀တီ မြို့ တောင်ဘက်မိုင်၂၀ခန့် အကွာမှာတပ်စွဲထား ပြီး ကနဲ့ လေးဒေသ ကို လည်း လက်နက် ကြီး တွေ နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့လို့ ဒေသ ခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေတယ်ဟု သတင်းရရှိသည်။
စစ်ဆင်ရေးကို နေပြည်တော်က ဗိုလ်မှုးချုပ်အဆင့်တာဝန်ရှိသူတစ်ဦးက မြ၀တီ မြို့ မှရုံးထိုင်ပြီး စီမံခန့် ခွဲ နေတာ ဖြစ်ပြီးဗိုလ်မှုးကြီးချစ်သူရဲ့  ၉၉၉ တပ်မဟာ ဒီကေဘီအေတပ်ဖွဲ့ ဝင်များကတော့နအဖစစ်ကြောင်းတွေရဲ့လက်နက်ကြီးပစ်ကူတွေကိုအကာအကွယ်ယူပြီးနယ်မြေရှင်းလင်းရေး လုပ်ငန်း တွေ ကို ဆောင်ရွက် ရမှာ ဖြစ်တယ် လို့  ဒီကေဘီအေ အရာရှိ တစ်ဦးကFreedom News Group သို့ ပြောသည်။
ဒီကေဘီအေ ခွဲထွက်တပ်ဖွဲ့ ကတပ်မှုးတစ်ဦးက တော့ မြန်မာစစ်တပ်ကလက်နက်ကြီးတွေနဲ့ ပစ်တာ နှစ်ရက်ရှိနေပေမယ့် နယ်မြေစိုးမိုးထား နိုင်ဆဲဖြစ်တယ်ဟု ပြောသည်။
နယ်စပ် ဒေသမှာပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်နေတာကြောင့်ထိုင်း နိုင်ငံကလည်းနယ်ခြားစောင့်တပ် တွေကိုအင်အားတိုး မြှင့်ချထါးပြီးဥတပေါနဲ့  နခွန်ဝန် လေတပ်စခန်းက စစ်တပ်ရဟတ်ယာဉ်တွေ ကလည်းမဲဆောက် လေဆိပ် ကို ရောက်ရှိလာ ကာ နယ်ခြား တစ်လျှောက် ကင်းလှည့် ပျံသန်းမှု များ လုပ်နေသည် ဟု သတင်းရရှိသည်။

