နာမည်ဆိုး ကြံ့ဖွံ့ ရွေးကောက်ပွဲ ၀င်ရန် ပါတီ အဖြစ်မှတ်ပုံတင်

freedom news group မှ
ဒီပဲယင်း အရေးအခင်းတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီ
လိုလားသူများအား သတ်ဖြတ်ရန်စီစဉ်ခဲ့သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည့် ကြံဖွံ့ က ရွေးကောက်
ပွဲ ၀င် ရန် အတွက် ပါတီ အဖြစ်မှတ်ပုံတင် လိုက်ပြီ ဖြစ်ကြောင်း ယနေ့ ထုတ် ကြေးမုံ သတင်းစာတွင် ဖော်
ပြထားသည်။နိုင်ငံရေး ပါတီ အဖြစ်အသွင်ပြောင်းမည့်  ရွေးကောက်ပွဲ မှတ်ပုံတင် ကြံဖွတ်အား အရပ်သားအဖြစ် အသွင်
ပြောင်းထားသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် အခြားဝန်ကြီး ၂၅ ဦးတို့ က ဦးဆောင်သွားမှာ ဖြစ်
ကြောင်း ယမန်နေ့ ညက ရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့်သွားခဲ့သည်။

စစ်တပ်ဦးဆောင်သည့် ကြံဖွတ် ရွေးကောက် ပွဲ ၀င်ခြင်းသည် မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲ လုံးဝ တရားမျှတမှု
ရှိမှာ မဟုတ်ခြင်း ကိုပြသခြင်း ဖြစ်သည် ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက ပြောသည်။

ရွေးကောက်ပွဲတွင် ကြံဖွတ် ပါဝင်ခြင်း အားဖြင့် နိုင်ငံရေး ဂယက် များ ဖြစ်ပေါ်လာ နိုင်သည် ဟု တတိယ အင်
အားစု ၀င် တစ်ဦး ကသုံးသပ် သည်။

စစ်အာဏာရှင်များက လွှတ်တော်တွင် စစ်သားများများ ပါဝင် ရေး အတွက် ကြိုးပမ်းခြင်းသည် စစ်အာဏာရှင်
စနစ် သက်ဆိုးရှည်ရန် နည်းမျိုးစုံဖြင့် ပုံဖော်ခြင်း ဖြစ်သည် ။

ဘန်ကောက် အခြေစိုက် မြန်မာ အရေး လေ့လာသူ တစ်ဦးဖြစ်သည့် ဦး ကျော်လင်းဦး က အခုလို စစ်ဗိုလ်ချုပ်ကြီးတွေ
ဘောင်ဘီချွတ်ပြီး ပါတီထောင်တာ သိပ်တော့ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ကျနော်တို့အားလုံး မျှော်လင့်ပြီးသားပဲ။ ဒီလို
စစ်ဗိုလ်ချုပ် ကြီးတွေကို ဘောင်ဘီချွတ်ခိုင်းပြီး ရွေးကောက်ပွဲဝင်ခိုင်းတာ အချက် ၂ ချက်ရှိပါတယ်။ လက်ရှိ ရာထူးယူထားတဲ့
ဝန်ကြီးတွေကို ရွေးကောက်ပွဲ ၀င်ခိုင်းခြင်းအားဖြင့် ရွေးကောက်ပွဲစရိတ်မကုန်တော့ဘူး။ ၀န်ကြီးစရိတ်နဲ့ မဲဆွယ်စည်းရုံးရေးတွေ
ဆင်းနိုင်အောင်လို့ လက်ရှိ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေကို ဘောင်ဘီချွတ်ပြီး ရွေး ကောက်ပွဲဝင်ခိုင်းတာပါ။ ဒုတိယအချက်ကတော့
ဒီလူတွေဟာ ရွေးကောက်ပွဲပြီးသွားယင် လွှတ်တော်ထဲမှာ လွှတ်တော်အမတ်တွေအဖြစ်နဲ့ပဲ အစိုးရကို ထောက်ခံ ရတဲ့ တာဝန်ကိုယူ
ရတော့မှာဖြစ်ပါတယ်။ ဆိုလိုတာက သူတို့ဟာ နောက်အစိုးရမှာ ပါလာစရာအကြောင်းမရှိတော့ပါဘူး။ လက်ရှိဖွဲ့စည်းပုံအခြေခံဥ
ပဒေအရ လွှတ် တော်အမတ်တစ်ယောက်ကို ၀န်ကြီးရထူးပေးမယ်ဆိုယင် လွှတ်တော်အမတ်အဖြစ်ကနေ နှုတ်ထွက်ရမှာ
ဖြစ်ပါတယ်။ ဒါဆိုတော့ နောက်ထပ်ကြားရွေးကောက်ပွဲ တွေ ထပ်လုပ်ရဦးမှာပါ။ စစ်အစိုးရက အဲလောက်အထိ အ
လုပ်ရှုပ်ခံမှာမဟုတ်ပါဘူး။ ဒါကြောင့် အခု လက်ရှိ ရွေးကောက်ပွဲဝင်ခိုင်းတာကို ခံရတဲ့သူတွေ ဟာ နောက်
တက်လာမယ့် ဗဟိုအစိုးရမှာ ပါလာစရာအကြောင်းမရှိတော့ပါဘူး။

0 comments:

Post a Comment