နအဖတပ်မှ အသက်၁၃နှစ်အရွယ် လူငယ်များကိုပေါ်တာအဖြစ်အတင်းအကြပ်ခိုင်း

မေလ ၂၀ရက်နေ့ ၂၀၁၀ခုနှစ်၊ ဘိတ်ထားဝယ်၊ တနသာင်္ရီ ခရိုင်၊ ကေဟော်အရပ်ဒေသမှ တာဝန်ရှိသူဖော်ပြချက်အရ…..နအဖတပ်ရင်း ၅၉၂သည် ခြေလျင်တပ်ရင်း ၅၉၇ နှင့်တပ်ပြောင်း လဲရန်အတွက် ပေါ်တာများစုစုပေါင်း ၁၉ယောက်အတင်းအဓမ္မခေါ်ခိုင်းခဲ့သည်။ ထိုခေါ်ယူခဲ့သော ၁၉ဦးထဲတွင် အသက်၁၃နှစ်အရွယ် ကလေးသူငယ်များလည်းပါဝင်ကြောင်း တနသာင်္ရီခရိုင် ကေဟော်အရပ်ဒေသမှ တာဝန်ရှိသူ ဆရာဘာဘလု ကပြောပြခဲ့ပါတယ်။

ထိုကေဟော်အရပ်ဒေသမှ လူထုများသည် အမြဲပဲ နအဖ စစ်တပ်အတွက် ပေါ်တာလိုက် ထမ်းပေးနေရပါတယ်။ မေလ၁၈ရက်နေ့တွင် ဗိုလ်စိုးတင့် ဦးစီးတဲ့ နအဖခြေလျင်တပ်၅၉၂သည် လဲဆိကျေးရွာ မဲ့ဝါးကျေးရွာ မှရွာသား၁၉ဦးအားသူတို့၏ရိက္ခာပစ္စည်းများကိုပေါ်တာထမ်းခိုင်းခဲ့ပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အခုလိုပေါ်တာထမ်းဖို့အတွက် လူများစီစဉ်ပေးရာမှာ အဆိုပါရွာ များမှ ရွာသူကြီးများ၏အစီအစဉ်မဟုတ်ကြောင်း ပဒိုတာအယ်ဂေ ကပြောကြားခဲ့ပါတယ်။ ဒီပေါ် တာထမ်းဖို့အတွက်ရွာသား၁၉ဦးကို တခြားမှာအလုပ်သွားလုပ်ဖို့အတွက် သက်သေခံစာရွက်စာ တမ်းများသွားရောက်တောင်းဆိုတဲ့အချိန်မှာ တခါတည်းဖမ်းပြီး အတင်းအကြပ်ပေါ်တာထမ်းခိုင်းတာဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး ထိုကိစ္စနှင့်ပတ်သက်လို့ မဲ့ဝါးဘုန်းတော်ကြီးတပါးကလည်းယခုလို မိန့်ပါတယ်။ ထိုဒေသကိုရောက်လာတဲ့ နအဖတပ်တိုင်းဟာ ပေါ်တာလိုချင်လျှင် သူ့ကိုလျှောက် ကြောင်း..ဒါပေမဲ့အခုအဖွဲ့သည် သူတို့ဘာသာသူတို့လုပ်ကြောင်း မိန့်ပါတယ်။ အဆိုးဆုံးက တော့အခုလိုအသက်၁၃နှစ်အရွယ်လူငယ်လေးများကို မတရားသဖြင့် ပေါ်တာအနေနဲ့အတင်း အကြပ်ခိုင်းတာဟာ လူ့အခွင့်အရေးကိုချိုးဖောက်တဲ့လုပ်ရပ်ဖြစ်ပါတယ်….လို့ပြောပါသေးတယ်။

ကွယ်ကလူသတင်းကို ကညောဖိုးအကျဉ်းချုပ်ဘာသာပြန်ထားသည်။

0 comments:

Post a Comment