ရင်ဆိုင်တိုက်ပွဲနှင့်စစ်ခွေးအချင်းချင်းပြန်ကိုက်သောသတင်း

တပ်မဟာ(၆) ဒူးပလာယာခရိုင်။
- ၁၄.၆.၂၀၁၀နေ့ နံနက်၇း၃၀အချိန်တွင် KNU/KNLAတပ်ရင်း(၁၆) နှင့် ခလရ(၂၈၄) စစ်ကြောင်း(၁/၂)တို့အပြင်အမြောက်တပ်ပါ ပါဝင်ပြီး ခိုးခေါလေးခို ထိအရပ်မှာ တိုက်ပွဲဖြစ်ရာ ရန်သူဘက်မှ ၃ဦးဒဏ်ရာရ၊ KNU/KNLA ဘက်မှထိ ခိုက်မှုမရှိ။
- ၁၇.၆.၂၀၁၀နေ့၁၁း၃၀အချိန်တွင်ခမရ(၄၀၇)စစ်ကြောင်း(၂)မှဒုရင်းမှူးဒုဗိုလ်မှူးအောင် ဇော်မျိုးနှင့်စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးမှူးတာဝန်ယူထားသည့်ဒုခွဲမှူးဗိုလ်ကြီးမိုး အောင်ကျော်တို့အချင်းချင်းစကားများကြရာမှပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒုရင်းမှူး၏လက်ချောင်း များပြတ်ထွက်၊အဲဒီနောက်အနားမှာရှိတဲ့ရဲဘော်တွေက၀ိုင်းထုကြတော့ထောက်လှမ်းရေးမှူး သတိလစ်မေ့မျောသွားခဲ့သည်။ထို့နောက်ပစ်ခတ်သူဗိုလ်ကြီးမိုးအောင်ကျော်ကိုအပြစ်ပေးအရေးယူရန်အတွက်ဝေါ်လေအခြေစိုက်နည်းဗျူဟာ အမှတ်(၂)သို့ ထိုနေ့တွင်ပင် ပို့ဆောင်ခဲ့သည်။

0 comments:

Post a Comment