ငသန်းရွှေ၏ မြေး ယာဉ်မတော် တဆဖြစ်

တခါတည်းပွဲချင်းပြီး သေသင့်တယ်........

ဧရာဝတီမှ...
စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်သည် လွန်ခဲ့သည့် တပတ်က ၎င်း၏ နေအိမ် အနီးတွင် ယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖိုးလပြည့်သည် သူငယ်ချင်းများနှင့် နိုက်ကလပ်က အပြန် ၎င်း၏ နေအိမ်ခြံရှေ့ မရောက်ခင် လမ်း အကွေ့ တနေရာ၌ ကားမတော်တဆမှု ဖြစ်ပွားခဲ့သော်လည်း တစုံတရာ ထိခိုက်ခြင်း မရှိကြောင်း စစ်အစိုးရ ဗိုလ်ချုပ် သားသမီး များနှင့် နီး စပ်သူ တဦးက ပြောသည်။

ကား မတော်တဆ ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ် သားသမီးများနှင့် နီးစပ်သူက အတည်ပြု သော်လည်း အသေးစိတ် အချက် အလက်များ ကိုမူ မသိရှိရ သေးကြောင်း ဆိုသည်။

တချို့ သတင်း ရပ်ကွက် များကမူ ဖိုးလပြည့်သည် ၎င်း၏ သူငယ်ချင်းများနှင့် ကားပြိုင် မောင်းရင်း ကားမှောက် ခဲ့ကြောင်း၊ ဒဏ်ရာ အနည်းငယ် ရသောကြောင့် ကျောင်းမတက် နိုင်သည်မှာ ၁၀ ရက်ခန့် ရှိပြီ ဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် အာဏာပိုင် အသိုင်းအ၀န်းမှ သားသမီးများနှင့် ငွေကြေးတတ်နိုင်သော အသိုင်းအ၀န်းမှ သားသမီးအများစုမှာ ကား အကောင်းစားများကို စိတ်ဝင်စားကြပြီး အပြိုင် အဆိုင်စီးကြသော အလေ့အထရှိသည်ဟု သိရသည်။

ဖိုးလပြည့်သည် ပြိုင်ကားများကို အလှဆင်ရာတွင် ၀ါသနာပါသူ တဦးဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။

ယခု လက်ရှိတွင် ဖိုးလပြည့်သည် ဥက္ကာဦးသာ (ဒီဂျေ) နှင့် သီချင်း တိုက်နေကြောင်းလည်း ဂီတအသိုင်းအ၀န်းနှင့် နီးစပ်သူများက ပြောဆိုနေကြသည်။

0 comments:

Post a Comment