လူမဆန်မှုသတင်း

တပ်မဟာ(၂) တောင်ငူခရိုင်။

ထန်းတပင်မြို့ နယ်၊ ၂၆.၁၀.၂၀၁၀နေ့ တွင်နအဖတပ်ပိုင် မြေတူးစက်ကားဖြင့် ခလယ်လာရွာ အနီးတဝိုက်တွင်မြေတူးလမ်းဖောက်ပြီး နအဖတပ်များခလယ်လာကားလမ်းမှစပြီး ခလေးစိုးခီးထိလုံခြုံ ရေးယူထားကြောင်းသတင်းရရှိသည်။

၂၇.၁၀.၂၀၁၀နေ့ တွင်ရှားစီးဘိုရှိရန်သူနအဖတပ်ခလရ(၇၃)သည် ရှားစီးဘိုရွာသားများအားအင်ဖက်၈၀ခက်အားသူတို့စခန်းသို့ အတင်းအကြပ်ပို့ဆောင်ခိုင်းခဲ့သည်။

တပ်မဟာ(၆) ဒူးပလာယာခရိုင်။
၂၀၁၀ရွေးကောက်ပွဲအတွက်(ဖလုံရှောင်ပါတီ ကရင်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ကျိုက်မယောမြို့နယ် စောသန်းဦး) ၂၃.၁၀.၂၀၁၀နေ့ တွင်ဖာသေရွာသို့ သူ၏လူ၂ဦးနှင့်အတူ ရောက်ရှိခဲ့သည်။

၂၉၇.၁၀.၂၀၁၀နေ့ တွင်နယ်ခြားစောင့်တပ် စောအောင်ရင်၏သား စောမာယာသည်ဝါကပ်၊သ မီးဒို့ ၊ ခိုနီရွာရှိ ရာဘာခြံ ပိုင်ရှင်များအား ရာဘာ၁ဧကလျှင် ၁၀၀၀ကျပ်နှုန်းဖြင့်အခွန်ငွေကို ၆.၁၁.၂၀၁၀နေ့ တွင်ဝေါ်ပိုရွာသို့ အရောက်ပေးပို့ဆောင်ရန်အတင်းအကြပ်တောင်းဆို ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment