လူမဆန်မှုသတင်း

တပ်မဟာ(၃) ညောင်းလေးပင်ခရိုင်။

၂၀.၁၀.၂၀၁၀နေ့ နအဖတပ် ခလရ(၄၈)မှ တပ်မှူး(၂)တင်မိုးကျော်ဦးဆောင်တဲ့အုပ်စုသည် တယ်ကွယ်လေးခို တွင်လာရောက်ဈေးရောင်းဝယ် သောလူထုများကိုစောင့်ပြီး ရောင်းဝယ်ဖောက်ကားများအရာအားလုံးကိုသိမ်းယူပြီးနောက်(တန်ဘိုးငွေကျပ်၁၀၀၀၀၀) ထိုနေရာဒေသတွင်နောက် နောင်ဈေးရောင်းဈေးဝယ်များကိုမမြင်တွေ့ လိုကြောင်း၊ ဒါ့အပြင်ထိုသို့ မြင်တွေ့ ပါကပစ်သတ်မည်ဟုခြိမ်းခြောက်ပြောဆိုခဲ့သည်။ ထိုကဲ့သို့ ချုပ်ချယ် လိုက်သောကြောင့်လူထုများအခက်အခဲများစွာနှင့်ရင်ဆိုင်နေရကြောင်းသတင်းရရှိသည်။

၁၄.၁၀.၂၀၁၀နေ့ နအဖတပ် ခလရ(၆၀) သည်မီလူမှကိုဖြတ်လေးခိုကားလမ်းမကြီးအထိတပ်အင်အားကိုဖြန့် ချထားခဲ့သည်။
၂၅.၁၀.၂၀၁၀နေ့ တွင် လမ်းပြင်ကား D8(၂)စီး ဓာတ်ဆီတင်ကား(၂)စီးများကို ပို့ဆောင်ခဲ့ပြီး၎င်းတို့ တပ်များ စောခါဒဲ ဂွင်အထိလုံခြုံရေးယူထား သည့်အတွက်ထိုအနီးတဝိုက်ရှိလူထုများတောတောင်ထဲသို့ ထွက်ပြေးပုန်းရှောင်နေရကြောင်းသိရသည်။ ထိုသို့ ထွက်ပြေးပုန်းရှောင်နေရသဖြင့်ရွာသို့ ပြန်ပြီးလယ်ယာများမလုပ်နိုင်သဖြင့် ကျွဲနွားများဝင်ရောက်ဖျက်ဆီးခြင်းကိုခံနေရသဖြင့်ထိုဂွင်အနီးရှိလူထုများအခက်အခဲမျိုးနှင့် ရင်ဆိုင်နေရကြောင်းသ တင်းရရှိသည်။

0 comments:

Post a Comment