ရင်ဆိုင်တိုက်ပွဲ နှင့် လူမဆန်မှု သတင်း (၁၂.၀၁.၂၀၁၀)

ဇန်နဝါရီ ၁၂ ရက် ၂၀၁၀ ခုနှစ်

တပ်မဟာ(၁) ဒူးသထူခရိုင်
၁.၁.၂၀၁၀ ဘီးလင်းမြို့နယ်တွင်းရှိ DKBA 333 မှကျော်မင်းသည်နော်ဘယ်ဘော အား သက်ကယ်မိုးအင်ဖက် ၁၅၀၀ခက်ကို ကတဲထိ ကားဂိတ်သို့၂.၁.၂၀၁၀တွင် အတင်းအကျပ်အရောက်ပို့ခိုင်း။။။။။ဒါ့အပြင်လာကျိုးခေါ်ထိကျေးရွာကိုလည်းအတင်းအကြပ်ထပ်မံပို့ဆောင်ခိုင်းပြန်တယ်။။။။။။။။။။
၁၀.၁.၂၀၁၀ DKBA 333 ၏လူ လော်အယ်သည် ပဒါဒေါ် ကျေးရွာအား ၂၀၀၀ခက်ကို၎င်း၊ စာကုန်း နှင့်
ညာဆှူထာကျေးရွာတို့အားအင်ဖက်
 ၁၅၀၀ ခက်အားပဒါဒေါ်တွင်စခန်းဆောက်လုပ်ရန်အတွက်တောင်းဆိုပြီး တဆက်တည်း ဘဲ တာအုခီးရွာ ၁၀၀၀ခက် နှင့် တာအုနီရွာအား ၂၀၀၀ခက်တို့ကို ၅.၁.၂၀၁၀ တွင်အတင်းအကြပ် တောက်တက်ကုန်းစခန်းသို့ပို့ဆောင်ခိုင်းပြန်တယ်။။။။။။။။။

တပ်မဟာ(၂) တောင်ငူခရိုင်
ကေအဲန်အယ်လ်အေနှင့် နအဖ တပ်တို့  အကြားတိုက်ပွဲအဆက်မပြတ်ဖြစ်ပွားရာ


၅၊ ၁၊ ၂၀၁၀ ရက်နေ့ ၀၉း၃၀ နာရီအချိန်၌ဘောလေးဒါးနှင့်ဒါခယ်ဒါးနယ်မြေကြား တကြိမ် နအဖ စစ်တပ်(၃)ဦးသေ (၂)ဦးဒဏ်ရာရ။
၈၊ ၁၊ ၂၀၁၀ရက်နေ့၁၉း၀၀နာရီအချိန်ခူလယ်ဒါးနယ်မြေထီးပေါ်ကူးထာ၌တကြိမ် နအဖ စစ်သား(၁)ဦး ဒဏ်ရာရ၊
၉၊ ၁၊ ၂၀၁၀ ရက်နေ့  ၆း၃၀ အချိန် ထီးပယ်ညာလိုနှင့်လိုထူဘိုးနယ်မြေ၌တကြိမ် နအဖ စစ်သား (၁)ဦးဒဏ်ရာရ၊
၁၀၊ ၁၊ ၂၀၁၀ ရက်နေ့  ၇း၃၀ နာရီ ကိုးဒေးနယ်မြေ လူဒေး၌ တကြိမ် နအဖ တပ် (၁)ဦးဒဏ်ရာရ၊ ၁၉း၀၀ နာရီ လာခလာဒေး ၌ တကြိမ် နအဖ တပ်(၁)ဦးဒဏ်ရာရ ကြောင်းသိရှိရပါသည်။။။။။
၁၁.၁.၂၀၁၀ ဒေါဖခိုကော်ဆာ ခမရ ၄၂၄ မှ ထွန်းထွန်းနိုင် သည် မော်ကိုးဒဲရွာမှ ရွာသားများအား သူတို့စခန်းချဖို့အတွက် တအိမ်တယောက် အတင်းအဓမ္မ တဲစ ခန်းဆောက်လုပ်ခိုင်း။။။။။။။။။။

တပ်မဟာ(၅) ဖာပွန်ခရိုင်
၁၊ ၁၊ ၂၀၁၀ ရက်နေ့ ပါမှာလေးခို၌ တကြိမ် နအဖ တပ် (၁)ဦးဒဏ်ရာရ၊
၅၊၁၊၂၀၁၀ရက်နေ့တာလူခိုတာခယ်ဒါး၌တကြိမ်၊တဖန်တာခယ်ဒါး၌နောက်တကြိမ်တိုက်ပွဲဖြစ်ရာ နအဖ တပ်မှ (၁)ဦးသေ (၁)ဦးဒဏ်ရာရ။
၆၊၁၊၂၀၁၀ရက်နေ့၀၅း၄၅အချိန်နာရီ၌KNLAတပ်မဟာ(၅)ဗဟိုတပ်ခိုဖယ်သူးကွန်မန်ဒိုတပ်ရင်းနှင့်ဂေါ်ကော်တပ်ရင်း(၁)ပူးပေါင်းတပ်ဖွဲ့ဝင်များသည်နအဖတပ်စခန်းတခုဖြစ် သောဒါးကြူခိုနအဖစစ်တပ်အဆင့်မြင့်ဆက်သွယ်ရေးအမျိုးမျိုးနှင့်ကြေးနန်းဆက်သွယ်ရေး စစ်စခန်းအား ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုစခန်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာ၌ နအဖ စစ်သားအလောင်း(၁၁)လောင်းကျန်ခဲ့ပြီး၆၀မမတစ်လက် အသီးအလုံး၄၀၊လက်နက်ငယ်ကျဉ်တောင့်၂၀၀၀ထောင့်၊ဆက်သွယ်ရေးစက်အကြီးတလုံး၊ အသေးတလုံး ကို KNLA မှ သိမ်းဆည်းရရှိ၊ ဆက်သွယ်ရေး တိုင်လည်းပြိုလှဲ ပျက်စီး၊ ဆက်လက်ပြီး စခန်း၌ ရှိသော ဆီ ၃၀၀ ဂါလံ၊ ဘိလပ်မြေအိတ် ၂၀၀၊ ထုံး ၁၀ အိတ် အပါအ၀င် နအဖ စစ်စခန်းအားဖျက်စီးပစ်ကြောင်း သတင်း ရရှိ။။။
၇.၁.၂၀၁၀ ရက်နေ့ ၌ ဆဲဒါးခိုနှင့်ဒါခယ်ဒါး ကြားတွင် ရင်ဆိုင်တိုက်ပွဲဖြစ် နအဖ စစ်တပ် (၁)ဦးဒဏ်ရာရ၊။။။။။။။

တပ်မဟာ(၆) ဒူးပလာယာခရိုင်

FP/ စရဖ တင်မောင်ထွန်း နှင့် ဒေါက်တာစိန်ဝင်း(ကျုံဒိုး)သည် ၂.၁.၂၀၁၀ တွင်အနီးတ ဝိုက်မှ ကျေးရွာသူကြီးများနှင့် တွေ့ဆုံပြီး မီးသတ်ကားတစီး ဝယ်ဖို့ရန်အတွက်ထီလက် မှတ်များကို ရောင်းခိုင်းကြောင်းသတင်းရရှိ။။။။
စောင်ရေ၁၀၀ပါသောထီတစ်အုပ်လျှင် တစ်ရွာနှူန်းဖြင့် တစ်စောင်လျှင် တန်ဖိုးငွေကျပ်
၁၀၀၀ ဖြင့် အိမ်အရေအတွက်များသည်ဖြစ်စေ နည်းသည်ဖြစ်စေ အတင်းအကြပ်မကုန် ကုန်အောင် ရောင်းချခိုင်းပါသည်။။
ထိုကိစ္စကြောင့်ရပ်ရွာလူကြီးများအခက်အခဲများကြုံတွေ့နေရပါတယ်။။။။ဘာကြောင့်လဲဆိုတော့ FP/ စရဖ၏ငွေရဖို့အတွက်လိမ်လည်ညစ်ပတ်မှုများကို ရွာသူရွာသားများ ကကြိုတင်သိထားနှင့်သောကြောင့် လုံးဝလုံးဝမဝယ်ယူလိုသောကြောင့်ဖြစ်သည်။။
အောက်ပါကျေးရွာများမှ ထီလက်မှတ်များကို အတင်းအကြပ်ရောင်းချခံခဲ့ရပါတယ်။။။
(၁) နွားခြံကုန်း(၂)ကော့ဝါးလဲ(၃)ရွာကလေး(၄)ကော့ထိုကေ(၅)ကော့ကျ(၆)ကရင် ကျောက်ဖျာ(၇)ကုလားကျောက်ဖျာ(၈)မိုင်နာကုန်း(၉)ဖားပူ(၁၀)ရေပုံကြီး(၁၁)မီးကလို ကျေးရွာများဖြစ်ပါတယ်။။။။။။

၈၊ ၁၊ ၂၀၁၀ ရက်နေ့ ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆)နှင့် နအဖတပ် ခလရ ၄၀၂ စစ်ကြောင်း(၂)မောင်မောင်မျိုးဦးစီးသောတပ်တို့ထီးလိုဆောနှင့်ခေါ်ကလားဒေသကြားတွင် တိုက်ပွဲဖြစ်ရာ နအဖတပ်မှ တပ်ကြပ်ကြီး (၁)ဦးသေ။

တပ်မဟာ(၇) ဖားအံ့ခရိုင်
၅၊ ၁၊ ၂၀၁၀ ရက်နေ့ ၌ ထီးတောထာ ဒေသတွင်တိုက်ပွဲဖြစ်ရာ နအဖ ခလရ ၆၂ တပ်မှ (၃)ဦးသေ (၂)ဦးဒဏ်ရာရ။
၇၊ ၁၊ ၂၀၁၀ရက်နေ့တွင်ဒီကေဘီအေနှင့်ထီးဘော်သိုကလိုး၌တိုက်ပွဲဖြစ်ရာဒီကေဘီအေ (၂)ဦးဒဏ်ရာရ၊ စသည်ဖြင့် သိရှိရပါသည်။

0 comments:

Post a Comment