တချိန်က လက်တွဲခဲ့သော ညီအစ်ကို DKBA များသို့

ကွယ်လွန်သွားခဲ့သော တေးရေးဆရာ စောဘီးချယ် သီကုံးရေးစပ်ခဲ့သော ဒီသီချင်းကို တေးဆို စောအယ်လယ်သ ကသီဆိုထားပါတယ်. သီချင်းရဲ့ ခေါင်းစဉ်ကတော့ မြန်မာလိုဘာသာ ပြန်ရမယ်ဆိုရင်............... "သံလွင်မြစ်နှင့်သောင်ရင်းမြစ်ကိုစံနမူနာအတုယူပါ" လို့...........တခါထဲပဲ သီချင်းကို အကျဉ်းချုပ်ဘာသာပြန်ပေးလိုက်ပါရစေ...ကရင်လူမျိုးကိုချစ်ပြီးကရင်စကားကိုဂဃဏနသိပ်နားမလည်သေးသောညီအစ်ကိုများအတွက်ကိုရည်စူးပြီး......................
 "တခုထဲသောအလံတော်အောက်မှာရှင်သန်နေတဲ့တို့ရဲ့ကရင်လူမျိုးများဘာကြောင့်တစိတ်တဝမ်းထဲမရှိကြတာလဲ?"..
"ကျွန်တော့်ထင်မြင်ယူဆချက်မမှားဘူးဆိုရင် တို့ရဲ့အလံတော်သည် (၂)ခု မရှိ..ဒီအတိုင်းပဲ ချစ်တဲ့ကရင်ပြည်ဟာလည်း (၂)ခုမရှိ"....."ကျွန်တော်တို့အားလုံး တစုတစည်းထဲစည်းစည်း လုံးလုံး ဖြစ်သင့်ပြီ"........
" သံလွင်မြစ် နှင့် သောင်ရင်းမြစ် ကိုကြည့်မယ်ဆိုရင် ဒီမြစ်နှစ်စင်းဟာ ဘယ်ကပဲ စီးဆင်းလာပါစေ.. နောက်ဆုံးတော့သူတို့နှစ်စင်းဟာ မြစ်ကြီးတစင်းအနေနဲ့ ပေါင်းစပ်ပြီး ပင်လယ်ထဲကို စီးဆင်းသွားပါတယ်"... ဒီမှာကျွန်တော်ပြောချင်တာ ကတော့တို့ကရင်လူမျိုးများဟာ ဘယ်လိုပဲစကားတွေ ဘာသာတွေကွဲပြားနေ ပါစေ ကျွန်တော်တို့ဟာ "ကရင်" ဆိုတဲ့လူမျိုးစုကြီးကနေဆင်းသက်လာတာပါ...ဒီလိုကွဲပြားနေတဲ့ အမြင်အ ယူအဆ တွေကို ပြုပြင်ပြောင်းလဲပစ်ပြီးတော့ စည်းစည်းလုံးလုံး တစိတ်တဝမ်းထဲနဲ့ လိုရာပန်းတိုင်ကို ချီ တက်ကြပါစို့လို့တိုက်တွန်းချင်ပါတယ်









1 comments:

Anonymous said...

dkba ညီကိုများ ဒီသီချင်းလေးကို နားထောင်ပြီး နောင်တရကြပါစေ လို့မျှော်လင့်ပါတယ် ဗျာ......

Post a Comment