ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

March 22, 2010

တပ်မဟာ(၂) တောင်ငူခရိုင်။
- ထန်းတပင် မြို့နယ် ၅.၃.၂၀၁၀နေ့ ခလရ(၇၃၊၃၉) သည် ပယ်တော်ဒေးရွာသူရွာသားများ၏ပစ္စည်းများကို အတင်းအဓမ္မလုယက်ယူဆောင်သွားသည်။
(၁) နော်ထူးလီ၏ငွေသား၆၀၀၀၀ကျပ်၊ ကြက်၂ကောင်၊ စားဆီ၁ပုလင်း။ (၂) စောစေးလို၏ဓားမ ၁ချောင်း၊ ကြက်၁ကောင်။(၃)စောကျောနေထူး၏ ဓားမ၁ချောင်း၊ ကြက်၂ကောင်၊ အချိုမှုန့်၁ထုပ်။(၄) စောစဲမစယ်၏ ကြက်၁ကောင်။(၅) စောဖိုးစိန်မောင်၏ဓားမ၂ချောင်း၊ကြက်၁ကောင်။ (၆)စောကာတွန်း၏ ကြက်၃ကောင်။ (ရ) စောဝင်းစိန်ထူး၏ ကြက်၂ကောင်။(၈)စောဖိုးစိန်ပြေ၏ ဓားမ၁ချောင်း။(၉)စောရော်ဘင်၏ဓားမ၁ချောင်း၊ ငါး ခြောက်၁၀ပိသာ၊အချိုမှုန့်၁ထုပ်။ (၁၀)စောဖိုးနေတိုး၏ ကြက်၁ကောင်။(၁၁) စောစေးစေး၏ကြက်၁ကောင်။ (၁၂)စောမြမင်း၏နာရီ၁လုံး။(၁၃) နော်ဃဲ၏ကြက်၂ကောင် တို့ကိုအတင်းအဓမ္မလုယက်ယူဆောင်သွားသည်။
- ထန်းတပင်မြို့နယ် ၁၈.၃.၂၀၁၀ နေ့ခမရ(၄၂၁)သည် ကလောမီးဒဲရွာသား(၂၀)ယောက်အားသူတို့၏ရိက္ခာ ခြောက်များကို ကလောမီးဒဲမှပလဲဝသို့အတင်းသယ်ယူခိုင်း။

- ၂၀.၃.၂၀၁၀နေ့ ၀၄း၀၅အချိန် ကိုးဒေးအရပ်တွင် မိမိတို့၏ပြောက်ကျားတိုက်ခိုက်မှုကြောင့် ရန်သူ၁ဦးဒဏ် ရာရ။ အဆိုပါတရက်ထဲ ၀၇း၅၇အချိန် ကော်သေးဒဲစခန်းအနီးတွင် ထပ်ပြီးတိုက်ခိုက်ရာ ရန်သူ၁ဦးထပ်ပြီးဒဏ် ရာရ။
- ၂၁.၃.၂၀၁၀နေ့ ၀၉း၀၀အချိန် ကလေစိုးခီးအရပ်တွင်ပြောက်ကျားတိုက်ခိုက်မှုကြောင့် ရန်သူ၁ဦးဒဏ်ရာရ။

တပ်မဟာ(၃)ညောင်လေးပင်ခရိုင်။
- တပ်ရင်း(၇) ၁၅.၃.၂၀၁၀နေ့ ကွီးတရော်အရပ်တွင် ရင်ဆိုင်တိုက်ပွဲကြောင့် ရန်သူ၁ဦးဒဏ်ရာရ။
- ၁၉.၃.၂၀၁၀နေ့ စောသဲခီးအရပ်တွင် ရင်ဆိုင်တိုက်ပွဲကြောင့် ရန်သူ၁ဦးဒဏ်ရာရ။
- တပ်ရင်း(၈) ၁၈.၃.၂၀၁၀နေ့ မိမိတို့ပြောက်ကျားအဖွဲ့(၂)၏မောလေးအရပ်တွင်၂ကြိမ်တိုက်ခိုက်မှု ကြောင့်ရန်သူ၂ဦးဒဏ်ရာရ။
- ၁၉.၃.၂၀၁၀နေ့ မောလေးအရပ်တွင်ရန်သူနှင့်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ရန်သူ၁ဦးဒဏ်ရာရ။
- တပ်ရင်း(၉) ၁၅.၃.၂၀၁၀နေ့ ဃဲဒဲအရပ်တွင်မိမိတို့ပြောက်ကျားအဖွဲ့(၂)နှင့် ရန်သူတို့ရင်ဆိုင်တိုက်ပွဲ ၃ကြိမ်ဖြစ် ပွားရာ ရန်သူ၃ဦးဒဏ်ရာရ။
- ၁၆.၃.၂၀၁၀နေ့ ဒိုဒေါ်ခီးအရပ်တွင်ပြောက်ကျားအဖွဲ့(၂)၏တိုက်ခိုက်မှုကြောင့် ရန်သူ၁ဦးဒဏ်ရာရ။
- ၁၈.၃.၂၀၁၀နေ့ ဃဲဒဲအရပ်တွင်ပြောက်ကျားအဖွဲ့(၂)၏တိုက်ခိုက်မှုကြောင့် ရန်သူ၁ဦးဒဏ်ရာရ။

နေရာအရပ်ဒေသနာမည်ကိုပြောင်း။
တပ်မဟာ(၅) ဖာပွန်ခရိုင်။
၁၅.၃.၂၀၁၀နေ့ ဖြတ်ခိုအုပ်စုတွင်ဝင်ရောက်လှုပ်ရှားသောရန်သူတပ်သည် ကူဒေးအရပ်ရှိတပ်ခွဲနေရာပြင်ဆင်ပြီး ကူဒေးရွာသား စောကပြေ ၄၅နှစ်ကို ၀၉း၄၀အချိန်တွင်ပစ်သတ်သွား။

0 comments:

Post a Comment