လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

March 27,2010.

တပ်မဟာ(၂) တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ်၊ ၄.၃.၂၀၁၀နေ့ ကလော်မီးဒဲ နေနအဖတပ်ခမရ(၄၂၁) သည် ကလော်မီးဒဲရွာ သူရွာသား များ၏တအိမ်လျှင် အရှည်၁၀တောင်ရှိဝါး၁၀ချောင်းဆီကိုအတင်းအဓမ္မခုတ်ယူခိုင်းသည်။ ထိုတရက်ထဲမှာဘဲ ဖြင်စ လိုရှိ နအဖအုပ်စုသည်လည်း ဖြင်စလိုရွာသားများအားအရှည်၁၀တောင်ရှိဝါးအ ချောင်း၆၀ ကိုလည်းအတင်းခုတ်ယူ ခိုင်းခဲ့သည်။


တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
- ကျောက်ကြီးမြို့နယ်၊ ၁၈.၃.၂၀၁၀နေ့ တွင်နအဖစစ်အုပ်စုသည် မူလော်ခီးရွာရှိ အိမ်ခြေ၁၀လုံးကို မီးရှို့ဖျက် စီးခဲ့သည်။ ထို့ပြင် ဒိုဒေါ်ခီးရွာသား စောဖိုးကော်ဟဲ ၏ စပါးတင်း၁၂၀ရှိ စပါးကျီကိုလည်း မီးရှို့ခဲ့သည်။ ဒါတင်မက သေးပါ မူလီခီးရွာသား စောသွယ်ထူး၏ စပါးတင်း၂၀၀ကိုလည်းအ တင်း ယူ ဆောင်သွားသည်။
- ကျောက်ကြီးမြို့နယ်၊ ၂၂.၃.၂၀၁၀နေ့ တွင်နအဖ စစ်အုပ်သည်ဃောထာရွာအားဝင်ရောက်ပစ်ခတ်ရာ ဃဲဒဲအရပ်နေ (၁)နော်လာပွယ်(၃၇)နှစ်၊ ဃိုးလူရွာနေ(၂)နော်ဖောဘိုဝါး(၅)နှစ် နှင့် စောထီးပလာထူး(၅) လသားများသေဆုံးကြောင်းသိရှိရသည်။ဒါ့အပြင် နော်ဖာလာ(၂၇)နှစ်သည်လည်းဝမ်းဗိုက်တွင်ဒဏ်ရာရ။
ထိုနော်ဖာလာသည် သေဆုံးသူ ၅လသားစောထီးပလာထူး၏မိခင်ဖြစ်သည်။ထိုသို့ပစ်ခတ်ခဲ့ပြီးနောက် အဆိုပါဃောထာရွာကိုမီးရှို့ဖျက်ဆီးလိုက်သည်။

တပ်မဟာ(၅) ဖာပွန်ခရိုင်။
- ၁၃.၃.၂၀၁၀နေ့ ကျော်ညနှင့် ပါဟက်အကြားတွင်ရန်သူနှင့်မိမိတို့ပြောက်ကျားအဖွဲ့တိုက်ပွဲဖြစ်ရာ ရန်သူ၁ဦး ဒဏ်ရာရ။
- ၁၆.၃.၂၀၁၀နေ့ ဝေါ်မူအုပ်စု သီးလေလမ်းတကြောတွင် မိမိတို့၏ပြောက်ကျားတိုက်ခိုက်မှုကြောင့် DKBA ၁ဦးသေ ၅ဦးဒဏ်ရာရ။
- ၁၇.၃.၂၀၁၀နေ့ ကျော်ညနှင့် ပါဟက်အကြားတွင်ရန်သူနှင့်မိမိတို့ပြောက်ကျားအဖွဲ့တိုက်ပွဲ(၅)ကြိမ်ဖြစ်ရာ ရန်သူ၅ဦးဒဏ်ရာရ။

0 comments:

Post a Comment