ကြားဖြတ်သတင်း............

မောင်ချစ်သူမျက်နှာ မကောင်း…..ဘာကြောင့်လဲ? ? ?

ကွယ်ကလူသတင်းကိုကညောဖိုး အကျဉ်းချုပ် ဘာသာပြန်ထားသည်။

မောင်ချစ်သူ ရန်ကုန်မှပြန်ရောက်ကတည်းက မျက်နှာမကောင်း ကြောင်းကို ရွှေကိုက္ကို ရှိလူထု များ၏ပြောပြချက်အရ သိရှိရသည်။ ဒီကေဘီအေနှင့်နီးစပ်တဲ့သူကလည်း မောင်ချစ်သူတို့ နယ်ခြားစောင့်တပ်လုပ်ဖို့လက်ခံလိုက်တဲ့အတွက် ဒီကေဘီအေ လက်အောက်ခံတပ်သားများ သဘောမတူတဲ့အကြောင်း………….ကွယ်ကလူသတင်းအား ပြောပြခဲ့ပါတယ်။

ဒါ့အပြင် တိုင်းမှုးနောက် ရန်ကုန်သို့လိုက်သွားပြီး ပြန်ရောက်ခဲ့ပေမဲ့လည်းမျက်နှာမကောင်းဖြစ် နေဆဲ………ဘာကြောင့်လဲဆိုတော့ နအဖ ကသူ့ကိုဗိုလ်မှုးစောလားပွယ်အား အတင်းသွား ရောက်စည်းရုံးခိုင်းတဲ့အတွက်ဖြစ်သည်။ သူကိုယ်တိုင်ကလည်းသွားပြီး စည်းရုံးမည်ဟုကတိ ကဝတ်ပြုခဲ့……………..

ဒါတင်မကသေးဘူး….. ပြီးခဲ့တဲ့ ဇွန်လိုင် နောက်ဆုံးအပတ်တွင် နအဖမှ တာဝန်ရှိသူများကဒီ ကေဘီအေ တပ်သားများ၏ဓာတ်ပုံများကိုရွှေကိုက္ကို သို့သွားရောက်ရိုက်ယူခဲ့သေးသည်။ အဆိုပါ သတင်းပေးသူပြောပြချက်အရ- ဓာတ်ပုံ သွားရောက်အရိုက်ခံတဲ့ တပ်သားအများစု သည်ခြေပြတ်လက်ပြတ်ဒုတ္ခိများသာဖြစ်ကြောင်း……………….ထို့အပြင်ကောင်းမွန်တဲ့တပ် သားများ လုံးဝ ဓာတ်ပုံအရိုက်မခံကြောင်း….ကွယ်ကလူကိုပြောကြားခဲ့သည်။

0 comments:

Post a Comment