စစ်ခွေးနအဖရဲ့ လူမဆန်မှု

 အပြစ်မဲ့ ကရင်ရွာသား ကိုနအဖတပ်မှ ပစ်သတ်…

-၀၄ သြဂုတ်လ ၂၀၁၀ခုနှစ်။
ထန်းတပင်မြို့နယ် တောင်ငူခရိုင်တွင်လှုပ်ရှားသော နအဖခြေလျင်တပ်ရင်း၇၃သည် ဇွန်လိုင်လ ၂၇ရက် နေ့တွင် အေးကျော်ကျေးရွာသို့ဝင်ရောက်ပြီး ဦးနှောက် မ ပြည့်သောဖားတီစောလား၏သားစောမသဲကိုဘုရားကျောင်းထဲတွင်ရက်စက်စွာ ပစ်သတ်ခဲ့ ကြောင်း KNU တပ်မဟာ၂ ၏သတင်းထုတ်ပြန်ချက်အရသိရှိရသည်။
ဘာအကြောင်းကြောင့် ပစ်သတ်ခဲ့သည်ကို ယခုထက်တိုင်မည်သူမျှမသိရှိခဲ့ပါ။

 မုံးမြို့နယ်မှ ကရင်လူထုများနအဖတပ်အတွက်လမ်းဖောက်ပေးရ။
၀၆ သြဂုတ်လ ၂၀၁၀ခုနှစ်။

နအဖ ခြေမြန်တပ်ရင်း ၂၄၂ နှင့် ၄၃၉ တို့ပူးပေါင်းပြီး မုံးမြို့နယ်တွင်းရှိ ကရင်ရွာ များမှ တစ်ရွာလျှင်၁၅ယောက်နှုန်းဖြင့် ရွာသူရွာသား စုစုပေါင်း၂၇၅ယောက်အား နံ့သာကွင်းမှ စ၍အထက်ပိုင်းသို့ ကားလမ်းဖောက်ဖို့အတွက် ဇွန်လိုင်၂၇ရက် တွင်စတင်ပြီးယခုထက်တိုင်အတင်းအကျပ်ခိုင်းစေခဲ့သည်ကိုKNUညောင်လေးပင်ခရိုင်သတင်း မှ ဖော်ပြထားသည်။

ကွယ်ကလူသတင်းကိုဆီလျော်အောင်အကျဉ်းချုပ်ဘာသာပြန်ထားသည်။

0 comments:

Post a Comment