ပြည်တွင်းက လူငယ်နှစ်ဦးရဲ့ ဗိုလ်ခင်ညွန့် ဗွီဒီယိုတွေအပေါ် အမြင်

နေ့သစ်မှ......

A) ခုတလော မီဒီယာတွေမှာ သတင်းကြီးနေတဲ့ ထောက်လှမ်း ရေးပြုတ် ခင်ညွန့် ဗွီဒီယိုတွေ ကြည့်ဖြစ်လာဗျ အသံမပါတာ အ ရင်ထွက်လာတယ် နောက်ပြီးမှ အသံနဲ့ ထပ်ထွက် လာတယ်။ လူတွေကတော့ ထောင်ထဲထပ်ထဲ့သလိုလို၊ နအဖ က ပြန်ပဲသုံး တော့မလိုလိုတွေ သတင်းတွေ ထွက်နေတယ်ဗျ
(B) ကျနော့်အမြင်တော့ အဲဒါတွေကဆိုဒ်ဝါးတွေဗျ ၂၀၀၅ တုန်းက ရုပ်သံတွေလို့ သူတို့ အ သိုင်းထဲက ထွက်လာတဲ့ စကားတွေအရပေါ့၊ အဲဒီထဲက ကလေးတွေဆိုရင် အခုကျောင်း တွေတောင်တက်နေပြီ စင်္ကာပူမှာ ၅ တန်းတက်နေပြီ ပြည်တွင်းပြည်ပမှာဆိုရင် ခုတ လော ခင်ညွှန့်တို့ ကိုရီးယားမင်းသား ဂျူမုံတို့က အဲဒီသတင်းတွေကို လူတွေကိုအရုဏ် ပြောင်းတွေးစေမယ့်အကြောင်းတွေ လှိုင်လှိုင်ကြီးဖေါ်ပြနေတယ်
ခု ခင်ညွန့် ရုပ်သံတွေက ၂၀၀၅ နိုဝင်ဘာ ၁၃ ရက်နေ့လောက်က ဟာတွေဖြစ်မယ် နောက်တခုက ပြည်တွင်းမှာ ကိုရီးယားမင်းသားကို လေဆိပ်က၀င်တော့ VIP က ၀င်ခိုင်း တာ ဂျူမုံဆိုတာလေ

(A) မြန်မာပြည်အတွက် အရေးတကြီးပုဂ္ဂိုလ်ပေါ့ ဟုတ်လား။
(B) ရွှေတိဂုံစေတီမှာလဲ VIP မှာ ထောက်လှမ်းရေးမှူးနဲ့ ပေးတွေတာတွေလုပ်တာ အဲဒါ တွေက ပြည်သူကို အတွေးစတွေ လမ်းလွဲအောင် ဆိုက်ဒ်ဝါးကို သုံးနေတာတွေပါ ဒီမိုက ရေစီ အင်အားစုတွေကလဲ ဘာလဲညာလဲ အဲဒီကိစ္စတွေ ပြောဆိုနေကြတာ မြင်နေကြား နေရတယ်။
(A)သူတို့ ဝါဒဖြန့်ချိရေးကလည်း အချိန်ကိုက်လုပ်ထားတော့ လူတွေ သို့လောသို့လော တွေ တွေးစရာ ပြောစရာ ဖြစ်လာရတာပေါ့ဗျာ
(B) ရုပ်သံထဲက အ၀ါရောင်ဝတ်နဲ့ ခင်ညွှန့် ချီထားတဲ့ကလေးက အခုကျောင်းတက်နေ တာ ၅ တန်းလေ အခု စင်ကာပူမှာပဲပေါ့
(A)ဟုတ်ကဲ့
(B) အတိတ်တွေနဲ့ ပစ္စုပ္ပန်ကို ရောထွေးပြီး ပြည်သူကို အမြဲလှည့်စားတက်တဲ့ နအဖ အလိုတော်ရိတွေရဲ့ ပြကွက်လေးမှာ မျောနေမယ်ဆို ရှေ့ဆက်ဒီမိုကရေစီအရေးအတွက် နှောင့်နှေးမှုတွေဖြစ်လာနိင်တာမို့ လမ်းတွေ့တိုင်း လိုက်မလျှောက်ကြပါနဲ့လို့ပဲ ပြောချင် တယ်ဗျာ
(A) အခု ခင်ညွန့်က ဘယ်မှာလို့ ထင်လဲ
(B) တာရိုမှာလို့ ကြားသိရတယ် တာရိုက တောင်တွင်းကြီးနဲ့ ဒဂုံဆိပ်ကမ်း နှစ်နေရာရှိ တယ် ဘယ်မှာဆိုတာတော့ အတိအကျမသိရဘူး အဲဒီမှာ အချုပ်ချထားတာ တခုရှိတာ ကမင်းသားခေါင်းနဲ့လဲ ပြန်ထွက်လာနိုင်တယ် နေအိမ်အကျယ်ချုပ်ကနေ ပြန်ခေါ်သွား တာက၂၀၁၀ ရွေးကောက်ပွဲနီးကာလမှာလေ အဲဒါနောက်ဆုံးပဲ
(A) ဖြစ်နိုင်တာပေါ့ ပြည်သူလူထုကို လှည့်စားတာပါ အတိုက်အခံတွေရော အပစ်ရပ်တွေ ပါ ခင်ညွန့်က မွှေထားတာမဟုတ်လား
(B) သေချာတာပေါ့
ခင်ညွန့်ကို ကြောက်ပြီး ထောင်တွေဘာတွေများ ထပ်ချလားပေါ့နော်
(B) ဖြစ်လာနိုင်တာကတော့ ဦးသန်းရွှေလိုချင်တာကို ပေးနိုင်သူက မြန်မာပြည်မှာနှစ် ယောက်ပဲရှိတယ် တယောက်အမေ…. နောက်တယောက် ခင်ညွန့်၊ ဘာကိုလိုချင်တယ် ဆိုတာတော့ မသိပေမဲ့ သူ့အတွက် ဒီလူနှစ်ယောက်ကတော့ သေချာပေါက်အရေးကြီး တွေလေ သန်းရွှေအတွက်ပေါ့ အဲဒီတော့ သူကျွမ်းကျင်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးနည်း တွေကို ဘယ်လိုအကွက်ချသုံးမလဲ တွေးနေရတာပဲဗျ
(A) စစ်အုပ်စုဝင်တွေမှာ အကျင့်တခုရှိတယ် သူတို့ပယ်ထားတဲ့ သူတို့လူကို ပြန်တော့ သုံးတတ်တယ် ဒါပေမယ့် လူရာမသွင်းတော့တဲ့ အကျင့်ရှိတယ် နောက်တခုက အပယ်ခံ ထားရတဲ့ လူကလည်း မျက်နှာလိုမျက်နှာရ ပြန်လုပ်ဖို့ ဘယ်တော့မှ ဝန်မလေးဘူး လူရာ မသွင်းခံရရင်နေ မျက်နှာလေး ပြန်လုပ်ရတော်ပြီ အဲဒီ အကျင့်ပဲဗျ
ဦးသန်းရွှေအကျွမ်းကျင်ဆုံးက စိတ်ဓာတ်စစ်ဆင်ရေးဗျ အဲဒီတော့ သူဘယ်လိုအကွက်ချ မလဲလို့ တွေးရတာတော့ခက်တယ် ဦးခင်ညွှန့်ပေါ်လာရင်တော့ မင်းသားခေါင်းနဲ့ ပြန် ထွက်လိမ့်မယ်လို့ ပဲတွေးမိတယ် တွေးဆုံဆွေးနွေးရေးဆိုတာကို သူက ကြားဝင်လာ မယ်ထင်တယ် လိုအပ်လွန်းမက လိုအပ်လာခဲ့ရင် ဖြစ်မယ်
(A) ကျနော်ကတော့ မင်းသားခေါင်းဆောင်းရလိမ့်မယ်လို့မထင်တော့ဘူး အလွန်ဆုံး ဝင် ပါ ခွင့်ရရင် စင်အောက်ကပဲ ထိုးခွဲသပ်လျှို့ ကိစ္စတွေကိုပဲ သန်းရွှေအတွက် လုပ်ပေးလိမ့် မယ်လို့မြင်တယ်
(B) အင်း.. ဖြစ်နိုင်ချေတထောင်က အစစ်အမှန်တခုမဟုနိုင်ဘူးလို့ ဆိုရိုးရှိတာကိုးဗျ၊ အခု ကျနော်တို့ တွေးတာတွေ ဖြစ်ချင်မှလဲဖြစ်လာမှာလေ ဘယ်သူတွေးတာ မှန်နိုင်မ လဲဆို တာ အချိန်က တရားသူကြီးလုပ်လိမ့်မယ် နှစ်ယောက်လုံးမှားပါစေ ဆုတောင်းတာ ပဲဗျ
ဘာလို့ဆို သူဝင်လာရင် ပိုရှုပ်မယ်လေ ဟားဟား…
(A) အောင်ကြီး က ဦးနေဝင်း ကို မျက်နှာလိုမျက်နှာရလုပ်ပြီး လက်နက်ကိုင်အဖွဲ့တွေအ တွင်း ထိုးခွဲခဲ့တဲ့ လုပ်ရပ်တွေ ပြီးတော့ ဒီမိုကရေစီအင်းအားစုဘက်ရောက်လာပြီး စစ် တပ်ကို စိတ်နဲ့တောင် မပြစ်မှားဖို့ လာပြောတာတွေ အဲဒီအတွေ့အကြုံတွေ ကျနော်တို့ တွေမှာ ရှိပြီးသားပဲဟာ
(B) ဟုတ်ပါ့ဗျာ စမူဆာကြီး … ဟား ဟား
အရေးကြီးတာ စစ်အာဏာရှင်စနစ်နဲ့ စစ်အာရှင်တွေ မြန်မာပြည်မှာ ပျောက်ကွယ်ဖို့က အရေးကြီးပါတယ်လေ

0 comments:

Post a Comment