ဒီကေဘီအေ ဗိုလ်နှုတ်မွှေးကို နအဖဘက်က တရားဝင် ဆက်သွယ်မှုမရှိသေး

နေ့သစ် မှ.......

နိုဝင်ဘာ ၇ ရက် မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲစလုပ်တဲ့နေ့ကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဒီကေဘီအေနဲ့ နအဖ တို့အကြား မနက်ဖြန် ဇန်နဝါရီ ၇ ရက်နေ့မှာ အပစ်ရပ်ဖို့အတွက် နအဖဘက်က လာရောက်ဆွေးနွေးမယ်ဆိုတဲ့ အတိပြုလို့မရသေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အခု ကြားသိရတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဒီကေဘီကေ ဗိုလ်နှုတ်ခမ်းမွှေး တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်း အောင် ပြောပြတာကတော့ ..
“ဟုတ်တယ် ကျနော်တို့ ဘက်ကလည်း ဒီသတင်းတွေကြားတယ်။ အခုအချိန်ထိ ကျနော်တို့အဖွဲ့ တာဝန်ရှိသူဆီကို ဘယ်အဖွဲ့အစည်း ဘယ် နအဖ တာဝန်ရှိသူကမှ အပစ်ရပ်စကားပြောဖို့ ဆက်သွယ်ပြောကြားလာတာ မရှိသေးပါဘူး။
နအဖ ဘက်က ဆက်သွယ်လာလို့ရှိရင်လဲ တခြားနိုင်ငံတခုမှာ တာဝန်ရှိသူတွေကို ကြားထားပြီးစကားပြောမှာ ဖြစ်တယ်။
နောက်တခုက ကျနော်တို့ တမျိုးသားလုံးအရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပေါ်ပေါက်ရေး အဲဒီ အရေးကိစ္စတွေကလွဲပြီး ကျနော့် တဖွဲ့ချင်းကိစ္စ၊ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားတွေ ပြောမှာ မဟုတ်ဘူး” လို့ ပြောကြားသွားပါတယ်။

အခုထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး နအဖ အထက်အရာရှိတွေဟာ တိုက်ပွဲတွေမှာ အထိနာ ပင်ပန်းဆင်း ရဲနေကြတဲ့ ပြဿနာနဲ့ထပ်တိုက်ရင်ဆိုင်နေရတဲ့ နအဖ အောက်ခြေတပ်သားတွေကို ဒီကေဘီအေနဲ့ အပစ်ရပ်ပါတော့ မယ်ဆိုတဲ့ ချွေသိပ့်စကားတွေ ကောလဟာလတွေနဲ့ အောက်ခြေတပ်သားတွေကို ခိုင်းလို့ရအောင် ထုတ်လွှင့်နေတဲ့ နအဖ တပ်တွင်း ကောလဟာလတွေ ဖြစ်မယ်လို့ ဗိုလ်နှုတ်ခမ်းမွေး အနေနဲ့ ဒီသတင်းတွေအပေါ် သုံးသပ်သွားတယ် လို့ ဗိုလ်ဆန်အောင်း က ဆက်လက်ပြောဆိုပါတယ်။
နှစ်ပတ်နီးပါး ရပ်တန့်နေတဲ့ ဖလူးနဲ့ ဝေါ်လေ ဒေသက တိုက်ပွဲတွေဟာ မနေ့က ကရင်နှစ်သစ်ကူးတဲ့ နေ့မှာပဲ တိုက်ပွဲ သံတွေ ပြန်ကြားရပြီး ဒီကေဘီအေဘက်က နအဖ ကို ပြောက်တိုက်ပွဲဆင်နွှဲခဲ့တယ် နှစ်ဘက် လက်နက်ကြီးတွေ အချိန် အတော်ကြာပစ်ခတ်ခဲ့ကြပါတယ်။ ဒီကနေ့ ဝေါ်လေဒေ ကနဲလေးတိုက်ပွဲမှာလည် နအဖ ၂ ယောက် ကျဆုံးတယ်လို့ သိရှိရပါတယ်။

0 comments:

Post a Comment