၂၀ရက် ဇန်နဝါရီလ ၂၀၁၀ ခုနှစ်
တပ်မဟာ(၁) သထုံခရိုင်
- သထုံမြို့နယ် ၁၃.၁.၂၀၁၀ နေ့ ၁၁း၂၅ အချိန် နအဖများအသုံးပြုသော ဂါသဝီး ဒေါယကျေးရွာ အကြားတံတားအားဝင်ရောက် ဖျက်ပစ်။
- ဘီးလင်းမြို့နယ် ၁၈.၁.၂၀၁၀ နေ့ DKBA 333 မှ စိန်အောင် သည် မယ်နော်ဃေါထာရွာ ကို အင်ဖက် ၁၀၀၀ ခက် နှင့် လာကျော်ထာရွာကို အင်ဖက် ၃၀၀၀ခက် တို့အား ၁.၃.၂၀၁၀ နတ်ကြီးရွာသို့အရောက်ပို့ဆောင်ခိုင်း။
တပ်မဟာ(၃) ညောင်လေးပင်ခရိုင်
- ကျောက်ကြီးမြို့နယ်၊ ၁၇.၁.၂၀၁၀ နေ့ ၁၃း၀၀ နာရီ တွင် နအဖ စကခ(၁၀)တပ်သည် ဃဲဒဲကျေးရွာကို ဝင်ရောင်ပစ်ခတ်မှုကြောင့် ထိုရွာသား စောမြကော်ထူး (၄၇) နှစ်သေဆုံး၊ ထိုသို့ပစ်ခတ်ပြီးနောက် ၁၄း၁၅ နာရီ ထိုရွာရှိ အိမ် ၁၁ လုံး၊ ကျောင်း ၁ ကျောင်းတို့ကို အကုန်လုံးမီးရှို့ဖျက်ဆီး။
တပ်မဟာ(၅) ဖာပွန် ခရိုင်
- ၁၄.၁.၂၀၁၀ သေးကျိုးအရပ်တွင်မျိုးချစ်ရဲဘော်များ၏ တိုက်ခိုက်ဆုံးမမှုကြောင့် DKBA ၁ ယောက်ဒဏ်ရာရ၊ ထိုတနေ့ထဲမှာပဲ ကွီးနော်ထာအရပ်တွင်ရင်ဆိုင်တိုက်ပွဲထပ်မံဖြစ်ပွားရာ DKBA ၂ ယောက်ထပ်ပြီးဒဏ်ရာရ၊ အဲဒီနေ့၁၀း၄၃ အချိန်မှာပဲ ခူသူထာ နှင့်ပနွယ်လို အကြား တွင်ကျွန်တော်တို့ရဲဘော်များထပ်ပြီးဆုံးမလိုက်တာDKBA ၂ ယောက်သေ ၂ယောက်ဒဏ်ရာရ။
- ၁၆.၁.၂၀၁၀ နေ့၁၅း၁၈ အချိန် တာခဲဒဲအရပ်တွင် ရဲဘော်များ၏တိုက်ခိုက်မှုကြောင့် နအဖ ၏မြင်း၁ကောင်သေ၊ ထိုတရက်ထဲမှာဘဲ ပြောင်ကျားပစ်ခတ်မှုကြောင့် DKBA ၂ယောက် ဒဏ်ရာရပြီး DKBA မှ မောင်ဝေ သူ့ကိုယ်သူပစ်သတ်သေ။
- ၁၇.၁.၂၀၁၀ နေ့ ရွှေတက်တူးသော DKBA အုပ်စု ကားမှောက်လို့ ၁ယောက်သေ ၄ယောက်ဒဏ်ရာရ၊ အဲဒီတရက်ထဲမှာပဲ ဆာလော်ကျိုးတွင် ရဲဘော်များ၏တိုက်ခိုက်မှု ကြောင့်ရန်သူ ၁ဦးနှင့် မြင်း၁ကောင်သေ။
- ၁၈.၁.၂၀၁၀ နေ့တွင် ခလယ်ခို နှင့် ဦးရေးခီး အကြားတွင် တိုက်ခိုက်မှုကြောင့် ရန်သူ၂ ကောင်ကျ။
တပ်မဟာ(၇) ဖားအံ့ခရိုင်
- ၁၉.၁.၂၀၁၀ နေ့ ၁၃း၀၀ အချိန် မျိုးချစ်ရဲဘော်များDKBA 999ကို မယ်လှဖိုးထာအရပ်တွင် ပြောက်ကျားပစ်ခတ်၊ ထိခိုက်မှုသတင်းမသိရ။
လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲ
လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း
၁၉ ရက်၊ ဇန်နဝါရီလ၊ ၂၀၁၀ခုနှစ်
တပ်မဟာ(၁) သထုံခရိုင်
- ၁၄.၀၁.၂၀၁၀ ဘီးလင်းမြို့နယ် ရှိ DKBA 333 မှ စိန်အောင် မှအောက်ပါကျေးရွာ များအားသက်ကယ်များအတင်းတောင်းဆို…
(၁) လေးကေ ၃၀၀၀ခက် (၂) လယ်ခလော် ၂၀၀၀ခက် (၃) ပယာရော ၁၀၀၀ခက် (၄) သူးကဘီး ၁၀၀၀ခက် (၅) လယ်ဖိုး ၁၀၀၀ခက် တို့အား ၁.၂.၂၀၁၀ နေ့တွင် အုန်းတောသို့အရောက်ပို့ဆောင်ခိုင်း။
တပ်မဟာ(၅) ဖာပွန်ခရိုင်
- ၁၀.၁.၂၀၁၀ တာခဲဒဲအရပ်တွင် မျိုးချစ်ရဲဘော် တို့၏တိုက်ခိုက်မှုကြောင့် ရန်သူ့မြင်း ၂ကောင်သေ၊ စစ်ခွေးသေဆုံးမှုသတင်းမရ။ တရက်ထဲပဲ ပဟက် အရပ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ စစ်ခွေး ၁ ကောင်ဒဏ်ရာရ။
- ၁၁.၁.၂၀၁၀ တလယ်လူအရပ်တွင် ပြောက်ကျားပစ်ခတ်မှုကြောင့် စစ်ခွေး ၁ ကောင်ဒဏ်ရာရ။ တရက်ထဲမှာပဲ တာဂေါ်လေပလော တွင်ဆက်လက်တိုက်ပွဲ ဖြစ်ပွားရာ စစ်ခွေး ၄ ကောင်ဒဏ်ရာရ။ အဲဒီရက် ၁၅း၀၀ အချိန်မှာ တမေထာ တွင်ဆက်လက်ဆုံးမရာ စစ်ခွေးသေဆုံး ဒဏ်ရာရမှုသတင်းမသိရ။
- ၁၂.၁.၂၀၁၀ ၁၁း၁၃အချိန် တွင် မျိုးချစ်ရဲဘော်များ ဆာလော်ကျိုး ခေးပူဟော် အရပ်တွင်တကြိမ်တိုက်ခိုက်၊ တချိန်ထဲမှာပဲ တိုးလူအရပ်တွင်လည်းတိုက်ခိုက်၊ ထိုတိုက်ခိုက်မှု ၂ ကြိမ်တွင် ရန်သူ့မြင်း ၂ကောင်သေ ၄ကောင်ဒဏ်ရာရ၊ စစ်ခွေးသေဆုံး ဒဏ်ရာရမှုသတင်းမသိရ။
- ၁၃.၁.၂၀၁၀ ဝါလိုကလိုးနှင့်တခူးပွာ အကြားတိုက်ခိုက်မှုကြောင့် DKBA ၁ ယောက် နှင့် စစ်ခွေး ၂ ကောင်သေ၊ (သကစဖ) ၁ယောက် ဒဏ်ရာရ။ အဲဒီတရက်ထဲ ၁၀း၅၂ အချိန်တွင် တာလော်တောဃောတွင်တိုက်ပွဲဖြစ်ရာ DKBA ၁ယောက်သေ စစ်ခွေး ၂ ကောင်ဒဏ်ရာရ။
- ၁၄.၁.၂၀၁၀ မယ်ဝေ နှင့် ဝါသိုးလို အကြားတိုက်ခိုက်မှုကြောင့် DKBA ၂ ယောက်သေ ၂ ယောက်ဒဏ်ရာရ၊ အဲဒီတရက်ထဲမှာဘဲ မျိုးချစ်ရဲဘော်များ၏ ထပ်မံဆုံးမမှုကြောင့် DKBA ၃ ယောက်သေ ၃ ယောက်ဒဏ်ရာရ။
- ၁၅.၁.၂၀၁၀ ကဘောဒူ အရပ်တွင် မျိုးချစ်ရဲဘော်များ၏ ဝင်ရောက်တိုက်ခိုက်ဆုံးမမှုကြောင့် ရန်သူ ၁ယောက်သေ၊ အဆိုပါတရက်ထဲ ၁၄း၁၁ အချိန်မှာ ဆာလော်ကျိုးတွင် မျိုးချစ်ရဲဘော်များ၏ ထပ်မံဆုံးမမှုကြောင့် မြင်း၂ကောင်သေ၊ စစ်ခွေး၂ကောင်ဒဏ်ရာရ။
လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း
ဇန်နဝါရီလ ၂၀၁၀ခုနှစ်။
တပ်မဟာ(၁) သထုံခရိုင်
DKBA 999 မှမောင်ချစ်သူသည် ကျယ်ထိုးကော်ဆာတွင် အခြေချပြီး စခန်းဆောက် လုပ်ရန်အတွက်သစ်များကို ဘီးလင်းမြို့နယ် မဲ့နော်ဂေါ်ထာ ဒေသအား ၂၁.၁.၂၀၁၀ နေ့ရက် တွင်အရောက်ပို့ခိုင်း။
၁၁.၁.၂၀၁၀ ၂၂း၁၀ အချိန် လယ်ဖိုးကျေးရွာတဝိုက်တွင် သိန်းအောင်ထွန်း ဦးစီးသော စကခ(၄) ခမရ(၇၀၃) စစ်ကြောင်း(၂) သည်KNU၏ဆုံးမမှုကြောင့် စစ်ခွေး(၁) ကောင်ဒဏ်ရာရ။
၁၃.၁.၂၀၁၀ DKBA ၃၃၃ မှ စိန်အောင်သည် မဲ့နော်သဲ ကျေးရွာအုပ်စု၏အောက်ပါ ကျေးရွာများအား ၁.၃.၂၀၁၀နေ့ရက်တွင်သက်ကယ်များကို အတင်းအဓမ္မ နတ်ကြီးသို့အရောက်ပို့ခိုင်း။ (၁) မဲ့နော်သဲခီး သက်ကယ် (၅၀၀)ခက်၊ (၂) ပယ်ဝါထာ (၁၀၀၀)ခက်၊ ဃော်ထီးခီး (၁၀၀၀)ခက်၊ (၄) ဃော်ထီးထာ (၁၀၀၀)ခက်၊ (၅) ဖောဃီခီး (၅၀၀)ခက်၊ (၆) ပဲ့လက်နို (၂၅၀၀)ခက်၊ (၇) နိုဃဲ (၁၀၀၀)ခက်၊ စုစုပေါင်း (၇၅၀၀) ခက်တို့ကိုအတင်းတောင်းဆို။
တပ်မဟာ(၂) တောင်ငူခရိုင်
ထန်းတပင်မြို့နယ် ကလော်မီးဒါး နေ စကခ(၇) လက်အောက် ခမရ(၄၂၁) မှစစ်ခွေး များသည် ကလော်မီးဒါး ကျေးရွာသူ ၃၀ ယောက်၊ ကျေးရွာသား ၄၀ ယောက် တို့အားပေါ်တာအဖြစ် ၁၁.၁.၂၀၁၀ နေ့တွင် ပလဲဝ မှ ကလော်မီးဒါး စခန်းသို့အ တင်းအကြပ်သယ်ခိုင်း။
၁၂.၁.၂၀၁၀ နေ့ ပြင်စလိုရှိ စကခ(၇) ခမရ(၂၆၁) တပ်သည် ပလောဘောဒဲမှ ရွာသူရွာသား မ-၂ ဦး ကျား-၅ ဦး၊ ပြင်စလိုရွာမှ ၃၀ ဦး၊ယဲလို မှ ကျား-၁၀ဦး မ-၁၀ဦး၊ လေးအိုလိုဗိုဖမှ မ-၁၅ဦး၊ကျား-၅ ဦးတို့အားယူလို မှ ပြင်စလူစခန်းသို့အတင်းအ ကြပ်ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခိုင်း။
တပ်မဟာ(၅) ဖာပွန်ခရိုင်
၁၅.၁၀.၀၉ နေ့တွင် DKBA သည် ဒွယ်လိုကော်ဆာတဝိုက် ဝေါမူဒေသ များတွင် ရွှေတူးဖို့အတွက်လမ်းများဖောက်ရာ ထိုဒေသအနီးတဝိုက်ရှိ လယ်ဧက(၅၈)ဧက ပျက်စီး။
၁၁.၁.၂၀၁၀ နေ့တွင် တိုက်ပွဲဖြစ်ပွားသောကြောင့် DKBA မှ ဘိုလွဲသည် မဲ့ထရူထာ မဲ့ဝေရွာစု မှ အိမ်၃လုံးကိုမီးရှို့ဖျက်စီး။
တပ်မဟာ(၆) ဒူပလာယာခရိုင်
၁၁.၁.၂၀၁၀နေ့ ၀၆း၅၀အချိန် DKBA ၉၀၈ မှ ဘိုကျော်ကျော်၊ စိန်မြ၊ အယ်ဖိုး တို့လူအင်အားစုပြီး KNU သူးရေး(၁၈) တပ်ခွဲ(၄) အား ခလေဖိုးယာပလာကျိုးတေါင် အောက်တွင်ဝင်ရောက်ပစ်ခတ်၊ အချိန်၅မိနစ်ကြာမြင့်၊ KNUဘက်မှ ၁ဦးကျ ၁ဦးဒဏ်ရာရ၊ M၁၆ တလက် ကျည်ဆံ ၄၁၀တောင့် လက်ပစ်ဗုံး၁လုံး၊ မိုင်းဗုံး၁လုံး အပြင်အခြား အီကွေ့မဲ့၎ခုဆုံးရှုံး။