လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

၁၉ ရက်၊ ဇန်နဝါရီလ၊ ၂၀၁၀ခုနှစ်

တပ်မဟာ(၁) သထုံခရိုင်
- ၁၄.၀၁.၂၀၁၀ ဘီးလင်းမြို့နယ် ရှိ DKBA 333 မှ စိန်အောင် မှအောက်ပါကျေးရွာ များအားသက်ကယ်များအတင်းတောင်းဆို…
(၁) လေးကေ ၃၀၀၀ခက် (၂) လယ်ခလော် ၂၀၀၀ခက် (၃) ပယာရော ၁၀၀၀ခက် (၄) သူးကဘီး ၁၀၀၀ခက် (၅) လယ်ဖိုး ၁၀၀၀ခက် တို့အား ၁.၂.၂၀၁၀ နေ့တွင် အုန်းတောသို့အရောက်ပို့ဆောင်ခိုင်း။

တပ်မဟာ(၅) ဖာပွန်ခရိုင်
- ၁၀.၁.၂၀၁၀ တာခဲဒဲအရပ်တွင် မျိုးချစ်ရဲဘော် တို့၏တိုက်ခိုက်မှုကြောင့် ရန်သူ့မြင်း ၂ကောင်သေ၊ စစ်ခွေးသေဆုံးမှုသတင်းမရ။ တရက်ထဲပဲ ပဟက် အရပ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ စစ်ခွေး ၁ ကောင်ဒဏ်ရာရ။
- ၁၁.၁.၂၀၁၀ တလယ်လူအရပ်တွင် ပြောက်ကျားပစ်ခတ်မှုကြောင့် စစ်ခွေး ၁ ကောင်ဒဏ်ရာရ။ တရက်ထဲမှာပဲ တာဂေါ်လေပလော တွင်ဆက်လက်တိုက်ပွဲ ဖြစ်ပွားရာ စစ်ခွေး ၄ ကောင်ဒဏ်ရာရ။ အဲဒီရက် ၁၅း၀၀ အချိန်မှာ တမေထာ တွင်ဆက်လက်ဆုံးမရာ စစ်ခွေးသေဆုံး ဒဏ်ရာရမှုသတင်းမသိရ။
- ၁၂.၁.၂၀၁၀ ၁၁း၁၃အချိန် တွင် မျိုးချစ်ရဲဘော်များ ဆာလော်ကျိုး ခေးပူဟော် အရပ်တွင်တကြိမ်တိုက်ခိုက်၊ တချိန်ထဲမှာပဲ တိုးလူအရပ်တွင်လည်းတိုက်ခိုက်၊ ထိုတိုက်ခိုက်မှု ၂ ကြိမ်တွင် ရန်သူ့မြင်း ၂ကောင်သေ ၄ကောင်ဒဏ်ရာရ၊ စစ်ခွေးသေဆုံး ဒဏ်ရာရမှုသတင်းမသိရ။
- ၁၃.၁.၂၀၁၀ ဝါလိုကလိုးနှင့်တခူးပွာ အကြားတိုက်ခိုက်မှုကြောင့် DKBA ၁ ယောက် နှင့် စစ်ခွေး ၂ ကောင်သေ၊ (သကစဖ) ၁ယောက် ဒဏ်ရာရ။ အဲဒီတရက်ထဲ ၁၀း၅၂ အချိန်တွင် တာလော်တောဃောတွင်တိုက်ပွဲဖြစ်ရာ DKBA ၁ယောက်သေ စစ်ခွေး ၂ ကောင်ဒဏ်ရာရ။
- ၁၄.၁.၂၀၁၀ မယ်ဝေ နှင့် ဝါသိုးလို အကြားတိုက်ခိုက်မှုကြောင့် DKBA ၂ ယောက်သေ ၂ ယောက်ဒဏ်ရာရ၊ အဲဒီတရက်ထဲမှာဘဲ မျိုးချစ်ရဲဘော်များ၏ ထပ်မံဆုံးမမှုကြောင့် DKBA ၃ ယောက်သေ ၃ ယောက်ဒဏ်ရာရ။
- ၁၅.၁.၂၀၁၀ ကဘောဒူ အရပ်တွင် မျိုးချစ်ရဲဘော်များ၏ ဝင်ရောက်တိုက်ခိုက်ဆုံးမမှုကြောင့် ရန်သူ ၁ယောက်သေ၊ အဆိုပါတရက်ထဲ ၁၄း၁၁ အချိန်မှာ ဆာလော်ကျိုးတွင် မျိုးချစ်ရဲဘော်များ၏ ထပ်မံဆုံးမမှုကြောင့် မြင်း၂ကောင်သေ၊ စစ်ခွေး၂ကောင်ဒဏ်ရာရ။

0 comments:

Post a Comment