နောက်ဆုံးတော့သူ့စရိတ်နဲ့သူသွားတာပါပဲ

တိုက်လေယာဉ် (၁) စီး ရန်ကုန်လေဆိပ်တွင် ပျက်ကျ
လေကြောင်းခရီးစဉ်များ မပြောင်းလဲ
NEJ/ ၂၂ ဇန်န၀ါရီ ၂ဝ၁ဝ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်တစီး ယနေ့နံနက် (၇) နာရီ မတိုင်မီက ပျက်ကျရာ အသက် (၂၃) နှစ် အရွယ် ပိုင်းလော့ဗိုလ်ကြီး ပြည့်ဖြိုးမျိုးဆိုသူ သေဆုံးသွားကြောင်း မင်္ဂလာဒုံလေတပ်မှ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။
မောင်းနှင်သောလေယာဉ်မှာ တရုတ်နိုင်ငံလုပ် F-7 အမျိုးအစား တယောက်စီး ဂျက်တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး ယနေ့နံနက်က လေဆိပ်တွင် လေ့ကျင့်နေချိန် ပျက်ကျခြင်းဖြစ်ကြောင်း သိရသည်။

“အဆင်းမှာ ဖြစ်တာဗျ၊ ဘီးကို ချမရတော့ဘူး။ ဒါ့ကြောင့် ရှပ်တိုက်ဆင်းလိုက်တော့ မီးလောင်သွားတယ်။ ပိုင်းလော့ကတော့ မီးလောင်တာလည်း ပါတယ်၊ အမြင့်က ပြုတ်ကျတာလည်း ပါတဲ့အတွက် အသက်ဆုံးရှုံးရတယ်။ အဲဒီ ပိုင်းလော့က တော်တဲ့ လူငယ်တယောက်ပါ” ဟု အဆိုပါလေတပ်အရာရှိက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လေဆိပ်လုံခြုံရေးများက ယနေ့ တနေကုန် လေဆိပ်သို့လာသော ဧည့်သည်များကို စစ်ဆေးမှုများ ပိုမိုလုပ်ခဲ့ကြောင်း လေဆိပ်သို့ သွားရောက်ခဲ့သူတဦးက ပြောသည်။ ယင်းသို့ တိုက်လေယာဉ် ပျက်ကျခဲ့သော်လည်း လေကြောင်းခရီးစဉ်များ အပြောင်းအလဲမရှိကြောင်း သိရသည်။
“လေယာဉ်ခရီးစဉ် အပြောင်းအလဲ မရှိပါဘူး။ ပျက်ကျတာ ဟုတ်ပါတယ်” ဟု အဲမန္တလေးမှ လိုတိုရှင်း ပြောကြားသည်။
မြန်မာနိုင်ငံ၌ F-7M အမျိုးအစား ဂျက်တိုက်လေယာဉ် (၄၈) စီး တရုတ်နိုင်ငံမှ ၀ယ်ယူထားသည်ဟု ဗြိတိန်အခြေစိုက် sinodefence.com တွင် ဖော်ပြပါရှိသည်။

အားလုံးပဲဖတ်ကြရတဲ့အတိုင်း နအဖ ရဲ့တိုက်လေယာဉ်ကို ဘာနဲ့မှပစ်ခတ်စရာမလိုပဲသူ့အလိုအလျောက်သူ့စရိတ်နဲ့သူသွားတာပါပဲ။ Made in China ဆိုကတည်းကယုံကြည်လိုက်တယ်။ တရုတ်ထုတ် တရုတ်စပ်(တရက်စုတ်) ပစ္စည်းဆို ရင်ဘာဆိုဘာမှ စိတ်မချရဘူး။ ဒါတွေကိုနအဖကသိရက်နဲ့ အားပေးနေတယ်။ ဘာလို့လဲဆိုတော့ တရုတ်က သူ့ရဲ့ဟိုဒင်းလေဗျာ။ အားလုံးသိကြမှာပါ။ ဒါကြောင့် KNU ရဲဘော်တို့ရေဘာရုပ်မှမပေါက်တဲ့ ဘာISO အဆင့်ကိုမှ မမှီတဲ့ ဒီစစ်ခွေးတွေရဲ့ လေယာဉ်ကိုတွေးပြီးကြောက်နေစရာမလိုဘူး။သွေးပျက်စရာလည်းလုံးဝမလိုဘူး။လမ်းတဝက်မှာတင်ထပ်ပြီးတော့ပျက်ကျမဲ့အစင်းရေအတွက်တွေကတန်းစီနေတယ်၊ ဘာမှမပူနဲ့ဟေ့။

ထိုအနီရောင်စာသားများမှာ ဤဘလော့adminမှရေးသားထားသည်။

0 comments:

Post a Comment