လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲ

၂၀ရက် ဇန်နဝါရီလ ၂၀၁၀ ခုနှစ်

တပ်မဟာ(၁) သထုံခရိုင်
- သထုံမြို့နယ် ၁၃.၁.၂၀၁၀ နေ့ ၁၁း၂၅ အချိန် နအဖများအသုံးပြုသော ဂါသဝီး ဒေါယကျေးရွာ အကြားတံတားအားဝင်ရောက် ဖျက်ပစ်။
- ဘီးလင်းမြို့နယ် ၁၈.၁.၂၀၁၀ နေ့ DKBA 333 မှ စိန်အောင် သည် မယ်နော်ဃေါထာရွာ ကို အင်ဖက် ၁၀၀၀ ခက် နှင့် လာကျော်ထာရွာကို အင်ဖက် ၃၀၀၀ခက် တို့အား ၁.၃.၂၀၁၀ နတ်ကြီးရွာသို့အရောက်ပို့ဆောင်ခိုင်း။

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်
- ကျောက်ကြီးမြို့နယ်၊ ၁၇.၁.၂၀၁၀ နေ့ ၁၃း၀၀ နာရီ တွင် နအဖ စကခ(၁၀)တပ်သည် ဃဲဒဲကျေးရွာကို ဝင်ရောင်ပစ်ခတ်မှုကြောင့် ထိုရွာသား စောမြကော်ထူး (၄၇) နှစ်သေဆုံး၊ ထိုသို့ပစ်ခတ်ပြီးနောက် ၁၄း၁၅ နာရီ ထိုရွာရှိ အိမ် ၁၁ လုံး၊ ကျောင်း ၁ ကျောင်းတို့ကို အကုန်လုံးမီးရှို့ဖျက်ဆီး။

တပ်မဟာ(၅) ဖာပွန် ခရိုင်
- ၁၄.၁.၂၀၁၀ သေးကျိုးအရပ်တွင်မျိုးချစ်ရဲဘော်များ၏ တိုက်ခိုက်ဆုံးမမှုကြောင့် DKBA ၁ ယောက်ဒဏ်ရာရ၊ ထိုတနေ့ထဲမှာပဲ ကွီးနော်ထာအရပ်တွင်ရင်ဆိုင်တိုက်ပွဲထပ်မံဖြစ်ပွားရာ DKBA ၂ ယောက်ထပ်ပြီးဒဏ်ရာရ၊ အဲဒီနေ့၁၀း၄၃ အချိန်မှာပဲ ခူသူထာ နှင့်ပနွယ်လို အကြား တွင်ကျွန်တော်တို့ရဲဘော်များထပ်ပြီးဆုံးမလိုက်တာDKBA ၂ ယောက်သေ ၂ယောက်ဒဏ်ရာရ။
- ၁၆.၁.၂၀၁၀ နေ့၁၅း၁၈ အချိန် တာခဲဒဲအရပ်တွင် ရဲဘော်များ၏တိုက်ခိုက်မှုကြောင့် နအဖ ၏မြင်း၁ကောင်သေ၊ ထိုတရက်ထဲမှာဘဲ ပြောင်ကျားပစ်ခတ်မှုကြောင့် DKBA ၂ယောက် ဒဏ်ရာရပြီး DKBA မှ မောင်ဝေ သူ့ကိုယ်သူပစ်သတ်သေ။
- ၁၇.၁.၂၀၁၀ နေ့ ရွှေတက်တူးသော DKBA အုပ်စု ကားမှောက်လို့ ၁ယောက်သေ ၄ယောက်ဒဏ်ရာရ၊ အဲဒီတရက်ထဲမှာပဲ ဆာလော်ကျိုးတွင် ရဲဘော်များ၏တိုက်ခိုက်မှု ကြောင့်ရန်သူ ၁ဦးနှင့် မြင်း၁ကောင်သေ။
- ၁၈.၁.၂၀၁၀ နေ့တွင် ခလယ်ခို နှင့် ဦးရေးခီး အကြားတွင် တိုက်ခိုက်မှုကြောင့် ရန်သူ၂ ကောင်ကျ။

တပ်မဟာ(၇) ဖားအံ့ခရိုင်
- ၁၉.၁.၂၀၁၀ နေ့ ၁၃း၀၀ အချိန် မျိုးချစ်ရဲဘော်များDKBA 999ကို မယ်လှဖိုးထာအရပ်တွင် ပြောက်ကျားပစ်ခတ်၊ ထိခိုက်မှုသတင်းမသိရ။

0 comments:

Post a Comment