၈ လသားကိုယ်ဝန်ဆောင်မိခင် DKBA ထောင်ထားသောမိုင်းအားတက်နင်းမိ

ဇန်နဝါရီလ ၂၀ရက် ၂၀၁၀ခုနှစ်။

အူးသူးထာ ဒုက္ခသည်စခန်းနေ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး သောင်ရင်းမြစ်တစ်ဘက်ကမ်းသို့ဟင်းသီးဟင်းရွက်ပြန်လည်ရှာဖွေ စားသောက်စဉ် DKBA 999 မှ ထောင်ထားသောမိုင်းဗုံးအားဇန်နဝါရီလ၁၈ရက်နေ့ နေ့လည်၁နာရီ အချိန်လောက်တွင် တက်နင်းမိသဖြင့်ဆေးရုံသို့ပို့ဆောင်ရကြောင်းသတင်းရရှိ။

ဒါ့အပြင်သူ့မ၏ဘယ်ဘက်ခြေထောက်အားဖြတ်ပစ်ရမည်ဟုထပ်မံသိရှိရ။
အဆိုပါအမျိုးသမီး၏အမည်မှာ နော်မူလူ အသက်(၂၉)နှစ် ၈ လသားကိုယ်ဝန် ဆောင်မိခင်ဖြစ်ပြီး အူးသူးထာဒုက္ခသည်စခန်း တွင်နေထိုင်သည်။
သောင်ရင်းမြစ်တစ်ဘက်ကမ်း အူးသူးထာဒုက္ခသည်စခန်း ပလော်ထို အရပ် ဖားအံ့ ခရိုင် တွင်းရှိ DKBA ထောင်ထားသောမိုင်းဗုံးအားတက်နင်းမိပါသည်။

သြော် dkba များနောက်ဆုံးတော့ အမျိုးချစ်တဲ့ လုပ်ရပ်ကဒါမျိုးလား။ ဦးသုဇန ရေခင်ဗျားရဲ့ လူတွေကိုလည်းသွန်သင်ပါ ဦး။ အသိတရားရှိအောင် စာနာတတ်အောင် ဆုံးမပါဗျာ။ ခင်ဗျားလည်းစာတတ်မှာပါလေ။ ဒါပေမဲ့ လူဆိုတာသူများပြော
မှသိရင် အဲဒီလူဟာ ဘာနဲ့သွားတူမှာလဲ။ DKBA ညီကိုများ အမြင်မှန်နောင်တ တရားအမြန်ရကြပါစေဗျာ

0 comments:

Post a Comment