လူမဆန်မှုသတင်း

တပ်မဟာ(၁) သထုံခရိုင်
- ဘီးလင်းမြို့နယ် ၂၇.၀၃.၂၀၁၀နေ့ DKBA 333မှ တပ်ရင်း(၃)၏တပ်မှူးဘိုလွဲ သည် မယ်ပြေးအုပ်စု ပဒါဒေါရွာ သား (၁)မောင်ရွှေသိန်း ၅၄နှစ်အားထိုးနှက်ရာ နံရိုး၁ချောင်းကျိုး၊(၂)ဦးယာ ၃၄နှစ်သည်လည်း ထိုးနှက်ခံရသဖြင့် နှုတ်ခမ်းကွဲ၊ (၃) စောလင်းထွန်း ၁၆နှစ် မှာလည်းခြေချော်ကျခဲ့၊ (၄) ဖိုးဝေ ၁၈နှစ် အား၃ချက်ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မဟာ(၂) တောင်ငူခရိုင်။
- ၂၉.၃.၂၀၁၀နေ့ ၁၀း၃၀အချိန် တွင် ကော်သေးဒဲရွာသား စောလယ်စေး(၅၃)နှစ်နှင့် သူ၏မယား နော်ထီးဒို (၄၀)နှစ်တို့သည် သူတို့၏ ကွမ်းခြံထဲတွင် စကခ(၇)လက်အောက်ခံ ခမရ(၄၂၇) တို့ထောင်ထားသော မိုင်း အား တက်နင်းမိခဲ့သည်။ ထိုမိုင်းဒဏ်ကြောင့် စောလယ်စေး ခြေထောက်ပြတ်၊ နော်ထီးဒို ဦးခေါင်းတွင်ဒဏ် ရာ ရခဲ့သည်။

0 comments:

Post a Comment