ရင်ထဲက စကား

အခုတွေ့ရတဲ့ ရဲဘော်ရဲ့ ကိုယ်ထဲမှာ ကျည်ဆံဟာရှိနေတုန်းပါပဲ… ဒါပေမဲ့လည်း သူသည် ကရင်လူမျိုးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အခုထက် ထိရဲရဲဝံ့ဝံ့ဆက်ပြီးတိုက်ပွဲဝင် ပေးဆပ်နေတုန်းပါပဲ…
သူတို့တစ်တွေဟာလည်းလစာမရထောက်ပံ့ကြေးမရှိဗလာနတ္ထိခံစားခွင့်တွေကို ရင်ဝယ်ပိုက်ပြီး လူမျိုးအတွက်ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ကျွန်တော်လေးစားရတဲ့ သူရဲကောင်းရဲဘော်တွေပါပဲ…..

ဒါတွေကိုမိတ်ဆွေများ သတိထားမိချင်မှထားမိမှာပါ…..
ကျွန်တော်တို့ရဲ့သူရဲကောင်း စာရင်းတွေထဲမှာ ကော်ခိုစောဘဦးကြီး၊ မန်းဘဇံ၊ ဗိုလ်ချုပ်မြ၊ ပဒိုမန်းရှာ စသည်ဖြင့်ပေါ့…အထက်ကဖော်ပြတဲ့ခေါင်းဆောင် များနဲ့ အတူ အောက်ခြေက ရဲဘော်များကိုလည်း သူရဲကောင်းစာရင်းထဲထည့်သွင်းမ သင့်ဘူးလား….. မိတ်ဆွေစဉ်းစားကြည့်ပါ….

0 comments:

Post a Comment