မပခ လက်နက် တိုက် ဖောက်ခွဲ ဖျက်ဆီးခံရ

Freedom News Group မှ.....

မြောက်ပိုင်းတိုင်း စစ်ဌာနချု ပ် တပ်များအတွက်လက်နက် နှင့် ခဲယမ်းမီးကျောက်များ တပ်ဆင်သိုလှောင်လှောင်ရာ ဌာန ဖြစ်သည့် ကချင်ပြည်နယ်ဟိုပင် မြို့ နယ် အနီးမှ လက်နက်တိုက် တစ်ခုသည်တနင်္လာနေ့ ညက ပေါက်ကွဲ မှု ဖြစ်ပွား ပြီးနောက်ပြည်နယ် အတွက် အရေးပါသည့် လက်နက်များ အားလုံးနီးပါး ဆုံးရှုံးသွားရသည် ဟု မန္တလေး တိုင်း တံခွန် တိုင်မြို့ နယ်ရှိ သံချပ်ကာ ယန္တယား တပ်မှ အမည် မဖော်လို သည့်အရာရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။

ထိုလက်နက် တိုက် ပေါက်ကွဲမှုကြောင့် အနည်းဆုံး စစ်သား ဦးရေ လေးဆယ်ကျော်သေဆုံးသည်ဟုသတင်းရရှိသည်။ ပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် ထိုနေရာ သို့ ကာကွယ်ရေး ၀န်ကြီးဌာန မှ ဗိုလ်ချုပ် သာအေး နှင့် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်း မှုး ဗိုလ်ချုပ် စိုးဝင်း တို့ လာရောက် ကြည့် ရှုသည် ဟု သတင်းရရှိသည်။

လက်နက် တိုင် ပေါက်ကွဲမှု သတင်း ကို မြန်မာ စစ်အစိုးရ က သတင်း မထုတ် ပြန်သော် လည်း
မြစ်ကြီးနား ၊မိုးကောင်း ၊ မိုးညှင်း နှင့် ဟို ပင် ရှိ စစ်တပ်များ အား အရေး ပေါ် တပ်လှန့် ထား သည် ဟု သိရသည်။
ထိုလက်နက် တိုက် ပေါက်ကွဲ မှု သည် အပစ်ရပ် အဖွဲ့ များ ၏ လက်ချက် ဖြစ်သည် ဟု နေပြည်တော်ရှိ
လက်နက်နှင့် ခဲယမ်းမီးကျောက် ညွှန်ကြားမှု ဌာန မှ တာဝန် ရှိ သူ တစ်ဦး က ပြောသည်။၏

မြန်မာ စစ်တပ် တွင် မပခ လက်အောက်ခံ တပ်များ သည် တာဝန် လစ်ဟင်း မှု များ အများ ဆုံးဖြစ်ပြီး
တိုင်းမှုး ကိုယ်တိုင် အပစ် ရပ် အဖွဲ့ များ နှင့် ဂေါက် ရိုက်ကစား ခြင်း ၊တပ်တွင်း သို့  ဖိတ် ခေါ် ၍ စားသောက်
ပွဲများ ကျင်းပ ခြင်း တို့ ကို ပြု လုပ် သည် ဟု ဖားကန့် ဒေသတွင် စစ်တပ် အရာရှိ တစ်ဦး အဖြစ် တာဝန်
ထမ်းဆောင် ခဲဖူးသူ တစ်ဦး ကပြောသည်။

ပေါက်ကွဲ မှု ဖြစ်ပွား ခဲ့သည့် လက်နက် တိုက် အား နေပြည်တော် နှင့် မန္တလေး တိုင်း မှ တာဝန်ရှိသူများကသွားရောက် စစ်ဆေးရာ ဖောက်ခွဲဖျက်ဆီး ခံရခြင်း ဟု သတင်းရရှိသည်။
ထို လက်နက် တိုက် သည် ၁၉၇၈ ခုနှစ် တွင် ဗိုလ်မှုးချုပ် အယ်(လ)ခွန် ဖန် လက်ထက်ဉ် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment