မုန်တိုင်းဒဏ်မိခဲ့တဲ့ နာဂစ်ဒေသ တော့ဒီတခါ အအေးဒဏ်မိတော့မယ်

သတ်မတော် မှ ဒုတိယခေါင်းဆောင်ကြီး နာဂစ်မုန်တိုင်းသင့်ခဲ့တဲ့ဒေသကိုသွားတော့မယ်တဲ့နော်.......ကဲ..ဒေသဆိုင်ရာတာဝန်ရှိသူများကျေးဇူးပြုပြီးအကောင်းတကာ့အကောင်းဆုံး ငါးဆူတောင်ထုတ် ယမကာ နဲ့စောင့်မျှော်ကြိုဆိုကြပါ...လို့ပန်ကြားအပ်ပါတယ်ခင်ဗျား........

ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရအဖွဲ့ နံပါတ် ၂ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် မနက်ဖြန်တွင် နာဂစ် မုန်တိုင်းသင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း စစ်ဘက် သတင်းရပ်ကွက်များက ပြောသည်။


ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် နာဂစ် မုန်တိုင်းတိုက်ပြီးနောက် ဒုတိယအကြိမ် သွားရောက်သည့် ခရီးစဉ်အတွင်း ကျုံဒါးအပါအဝင် ဆိုင်ကလုံး ခိုလှုံရာ အဆောက်အဦးများ ဆောက်လုပ်နေမှုကို စစ်ဆေးရန် သွားမှာဖြစ်သည်ဟု ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နာဂစ်ဒေသသို့ သွားရောက် စစ်ဆေးခဲ့သော နေရာများကိုပင် အဓိက ဦးတည် သွားရောက်ခြင်း ဖြစ်သည်ဟု သိရသည်။
နိုဝင်ဘာလဆန်း ၂၀၀၉ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြစ်ဝကျွန်းပေါ် တနှစ်တခေါက် ခရီးစဉ်၏ ဒုတိယအကြိမ်တွင် ဆိုင်ကလုံး ခိုလှုံရာ အဆောက်အဦးများ၊ စာသင်ကျောင်းများ၊ အစိုးရရုံးများ အပါအဝင် နိုင်ငံပိုင် စီမံကိန်းများ အားလုံး မတ်လ ၃၁ ရက်နေ့အပြီးသတ်ရန် မှာကြားထားခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေးခရီးစဉ်မှာ မပြီးပြတ်နိုင်သေးသော စီမံကိန်းများ အပြတ်ဖြတ်ရေး တိုက်တွန်းရန် ဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။
အေးရှားဝေါလ်၊ ရွှေသံလွင်၊ ထူးထရိတ်ဒင်း၊ တီဇက်တီအမ် အပါအဝင် စစ်အစိုးရ၏ လူရင်း လုပ်ငန်းရှင်များ၏ ကုမ္ပဏီများက တာဝန်ယူ တည်ဆောက် နေကြရသည်။
ယခု စီမံကိန်းသည် မထိရောက်ဟု ဝေဖန်မှုများလည်းရှိသည်။ ၂၀၀၈ ခုနှစ် မေလအတွင်း လူ ၁ သိန်း လေးသောင်းခန့် သေကြေပျောက်ဆုံးခဲ့ရသော နာဂစ် ဆိုင်ကလုံး မုန်တိုင်းလို ပမာဏရှိသော ဆိုင်ကလုံး ဖြစ်လာလျှင် ခိုလှုံရာ အဆောက်အဦးများ ပိုလိုအပ်လိမ့်မည်ဟု ဝေဖန်သူများက ဆိုသည်။
ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် သူနှင့် အထက်အောက် ရင်းနှီးစွာ နေခဲ့ဖူးသော ဒုတိယ ဗိုလ်ချုပ်ကြီး မြသင်း နာရေးကြောင့် နေပြည်တော်မှသည် ရန်ကုန်သို့ ရောက်ရှိနေခဲ့သည်။
ယခင် ပြည်ထဲရေး ဝန်ကြီးဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြသင်း (အသက် ၇၉ နှစ်) သည် ဇန်နဝါရီလ ၄ ရက်နေ့က ကွယ်လွန်သွားသည်။

Read More...

ရင်ဆိုင်တိုက်ပွဲ နှင့် လူမဆန်မှု သတင်း (၀၆.၀၁.၂၀၁၀)

တပ်မဟာ(၁) သထုံခရိုင်
- ၂၆.၁၂.၂၀၀၉ အချိန် ၁၃:၀၀ နအဖ ခမရ(၇၀၉) ၏တိုက်ခိုက်မှုကြောင့် ကျွန်တော်တို့ ရဲဘော်(၁)ဦး ဒဏ်ရာရ၊ AKတ လက်၊ ဗုံးသီး(၃၀)လုံး၊ စကားပြောစက်အသေး(၁)လုံး၊ ဆိုလာအပြားသေး(၃)ခု နှင့်အတူ ဘက်ထရီအကြီး(၃)လုံး ဆုံးရှုံး။

တပ်မဟာ(၂) တောင်ငူခရိုင်
- ၃၀.၁၂.၂၀၀၉ ထန်းတပင်မြို့နယ် ကလော်မီးဒါးအခြေစိုက် နအဖတပ် စကခ(၇)သည် ကလော်မီးဒါး ကျေးရွာသူ (၂၅) ယောက် ရွာသား (၅) ယောက်တို့အားသူတို့၏ ရိက္ခာကို ပလဲဝ စခန်းမှ ကလော်မီးဒါး စခန်းသို့ အတင်းအကြပ်သယ် ယူပို့ဆောင်ခိုင်း။
- ၁.၁.၂၀၁၀ ၀၉:၀၀ အချိန် နားထီးခို တွင် KNU ရဲဘော်များ၏ပစ်ခတ်မှုကြောင့် ရန်သူ(၁)ယောက် ဒဏ်ရာရ။ အဲဒီတ ရက်ထဲမှာဘဲ ၁၂:၁၅ အချိန်တွင် နော်လားကွာဒေး ကော်သေးဒါးဟော် တဝိုက်တွင် ကျွန်တော်တို့ရဲဘော်များ၏ ပစ်ခတ်မှု ကြောင့် ရန်သူ(၁)ယောက်ထပ်မံ ဒဏ်ရာရရှိ။
- ၁.၁.၂၀၁၀ ကလော်မီးဒါးအခြေစိုက် နအဖတပ် စကခ(၇)သည် ကလော်မီးဒါး ကျေးရွာသူ (၂၀) ယောက် ရွာသား (၁၀) ယောက်တို့အားသူတို့၏ ရိက္ခာကို ပလဲဝ စခန်းမှ ကလော်မီးဒါး စခန်းသို့အတင်းအကြပ်သယ် ယူပို့ဆောင်ခိုင်း
အဲဒီတရက်ထဲမှာ တောင်ငူ ခလယ်လာမှ စကခ(၇)မှူး ကျော်အေးသည် ခလယ်လာ၊ ကော်သေးဒါး၊ ကောစိုးခို နှင့် ခလေးစိုးခီး ကျေးရွာ(၄)ရွာမှ တအိမ်(၁)ယောက်နှုန်းဖြင့် သူတို့၏ရိက္ခာကို ကိုးဒေး မှ သအေးထာသို့သယ်ယူပို့ဆောင်ခိုင်း။
- ၂.၁.၂၀၁၀ အချိန် ၁၉:၅၀ ဝါဘောဒေး တဝိုက် ကျွန်တော်တို့ ရဲဘော်များ၏ ပြောက်ကျား ပစ် ခတ်မှုကြောင့် ရန်သူ(၁)ယောက် ဒဏ်ရာရ။

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်
- ၁၉.၁၂.၂၀၀၉ စကခ(၇) ခမရ(၂၆၁) ခမရ(၄၄၀) တို့သည် ယူလို ကျေးရွာသူကျေးရွာသား (၆၀) ယောက်အား မိုးပြေ မှ ပြင်စလူ သို့သူတို့၏ရိက္ခာအားအတင်းအကြပ်သယ်ယူခိုင်း။
- ၂၀.၁၂.၂၀၀၉ တွင် (၇၀) ယောက်
- ၂၁.၁၂.၂၀၀၉ တွင် (၄၀) ယောက်
- ၂၂.၁၂.၂၀၀၉ တွင် (၃ရ) ယောက်
- ၂၃.၁၂.၂၀၀၉ တွင် (၈၀) ယောက်
- ၂၆.၁၂.၂၀၀၉ မူကော်ဆာ စကခ(၇) ခမရ(၂၆၁၊၄၄၀) သည် မဲပလာအုပ်စုမှ ၂၈၅ ယောက်၊ တောပုမှ ၂၅၅ ယောက်၊ တလိုင်းအိုင်မှ ၃၅၀ယောက်၊ ကျွန်းပင်သားမှ ၁၁၀ယောက် နှင့် လှည်းကူးလမ်းမှ ၁၄၅ ယောက်တို့အားလုပ်အားပေးထပ်မံတောင်းဆို။

တပ်မဟာ(၅) ဖာပွန် ခရိုင်
ကျွန်တော်တို့ရဲဘော်များ၏ ဆုံးမမှုကြောင့်………..
- ၂၁.၁၂.၂၀၀၉ ထွီသီးအူ နှင့် မာထောကြားတွင် ရန်သူ့ကားကြီးတစင်း ပျက်စီး
- ၂၃.၁၂.၂၀၀၉ ကုန်းဆဲ့ နှင့် မာထော အကြားတွင် ရန်သူ့ကားငယ် အနည်းအကျဉ်းပျက်စီး
- ၂၄.၁၂.၂၀၀၉ သွေးသောက်ရဲဘော်များနှင့် နအဖ တို့ထီးလိုဃခီး တွင်ရင်ဆိုင်တိုက်ပွဲဖြစ်ရာ နအဖ (၁) ယောက်ဒဏ်ရာရ။
- ၂၅.၁၂.၂၀၀၉ ထီးဂေထာ မားထော နှင့် ကုန်းဆဲ့ အကြားတိုက်ပွဲကြောင့် နအဖ(၂)ယောက် ဒဏ်ရာရ။
-၂၆.၁၂.၂၀၀၉ တယ်လဲခို ဘောလေးဒါးတဝိုက်တွင် ရဲဘော်များ၏ ပြောက်ကျားပစ်ခတ်မှု ကြောင့် ရန်သူနအဖ (၂)ယောက် ဒဏ်ရာရ။
- ၂၇.၁၂.၂၀၀၉ ရဲဘော်များ၏လက်သံပြောင်မှုကြောင့်မဲ့ပေါမူထာတွင်ရန်သူနအဖ(၁)ယောက် ဒဏ်ရာရ ပြီး အဲဒီတရက်ထဲမှာဘဲ ထီးစီးထာလယ်မူပလောတွင် ရန်သူ့မြင်း(၁)ကောင်သေ။
- ၂၈.၁၂.၂၀၀၉ သေဘေလူနှင့်မဲ့ထိုးထာအကြားတွင်ကျွန်တော်တို့ရဲဘော်များ၏ဆုံးမမှု
ကြောင့် DKBA(၂)ယောက်ဒဏ်ရာရ။
- ၂၉.၁၂.၂၀၀၉ မဲ့ထိုးထာတွင် DKBA (၁)ယောက်နှင့် ရွာသား(၁)ယောက်ဒဏ်ရာရ၊ တရက် ထဲမှာဘဲ မူနွယ်ဒေး တွင် DKBA(၄)ယောက်နှင့် ဝါဘောကျိုးတဝိုက်တွင် DKBA(၂)ယောက် ထပ်ပြီးတော့ဒဏ်ရာရ။
- ၃၀.၁၂.၂၀၀၉ တာဂေါ်လေပလောတွင် ရန်သူ(၁)ယောက်ဒဏ်ရာရ၊ အဲဒီတရက်ထဲမှာဘဲ လယ်မူပလောတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ(၂)ယောက်ဒဏ်ရာရ။
- ၃၁.၁၂.၂၀၀၉ တိုလူခို၊ထီးညာမိုးထာ တွင်ရဲဘော်များ၏ သွားရောက်ပစ်ခတ်မှုကြောင့် ရန်သူ (၁)ယောက်သေ၊ ရိက္ခာသယ်မြင်း(၆)ကောင် သေ(၃)ကောင်ဒဏ်ရာရ။
- ၂.၁.၂၀၁၀ တိုလူခိုတာခဲဒဲဟော်တဝိုက် တွင်ရဲဘော်များ၏ သွားရောက်ပစ်ခတ်မှုကြောင့် ရန် သူ့မြင်း(၅)ကောင် ထိခိုက်၊ တရက်ထဲမှာဘဲ ၀၈:၂၀ နာရီ တွင် DKBA ၏ကားတစီးကို ပနာလို နှင့် ဝါသိုကလျား အကြားတွင် ဖျက်ဆီးနိုင်၊ အရပ်သား(၂)ဦးသေ (၂)ဦးဒဏ်ရာရ၊ DKBA (၂) ဦးဒဏ်ရာရ။ အဲဒီတရက်ထဲမှာဘဲ နယ်မြေရှင်းလင်းတဲ့ DKBA အဖွဲ့ကို မျိုးချစ်ရဲဘော်များက ဆုံးမလိုက်ရာ (၁)ယောက်သေ (၁)ယောက်ဒဏ်ရာရ ပြီး .22 တလက်ကိုရရှိခဲ့ပါတယ်။

တပ်မဟာ(၆) ဒူးပလာယာ ခရိုင်
- ၂၉.၁၂.၀၉ ကျော်သက် မောင်ညိုရွှေ တို့ဦးဆောင်သော DKBA (908,999) အုပ်စုသည် ခူဒို ကျေးရွာမှ ရွာသားများကို ပြင်းပြင်းထန်ထန် နှိပ်စက်ပြီး ကျေးရွာ၃ရွာမှ ရွာသူမကြီး ၃ဦးအား ဖမ်းဆီးခေါ်ဆောင်သွား
- ၃၀.၁၂.၂၀၀၉ ကျော်ကျော်၊ ကျော်သက်၊ မောင်ညိုရွှေ၊ အကြည် တို့ဦးစီးသော DKBA (908,999) အကျူ ပနွယ်ပူ ကျေးရွာသား အခွာဖိုး (၄၂) နှစ်အားပြင်းထန်စွာ နှိပ်စက် ဒါ့အပြင် ဦးအေးကျော်(၅၅)နှစ် ၏ကြက်တစ်ကောင် ဦးပိုင်လှိုင်(၆၀)နှစ်၏ ကြက်တစ်ကောင် ဦးနိုင်စိန် (၅၂)နှစ်၏ ကြက်တစ်ကောင် နှင့် ဗူးသီး၃လုံး ဦးချစ်သိန်း(၇၀)နှစ် ၏ကြက်တစ်ကောင် ဘဲသုံး ကောင် ဦးထင်အောင်(၆၀)နှစ်၏ ကြက်တစ်ကောင်တို့အားအတင်းအဓမ္မယူဆောင်သွား။
- ၁.၁.၂၀၁၀ DKBA မောင်ညိုရွှေ ဦးစီးတဲ့အဖွဲ့ ရွာသားများကိုပစ်ရာ တစ်ဦး ဒဏ်ရာရ၊ အကျူ ကျေးရွာနေ စောတာလူ(၃၂)နှစ် လက်ဖဝါးပေါက်ထွက်၊ ထပ်ပြီးတော့ ကော်ကသောကျေးရွာနေ ဆရာ မ မအုန်းရွှေ(၂၈)နှစ် နေအိမ်အားပစ်ခတ်။
- ၃.၁.၂၀၁၀ တွင်DKBA 908 မှ မောင်ညိုရွှေ နှင့် မြင့်ဇော်ဦး တို့သည် အကြူကျေးရွာနေ မကြည် ၏ ဘဲ၎ကောင်၊ မငြိမ်းသိမ်း၏ ဘဲ၁ကောင်၊ မူးယာခင်၏ ဘဲ၂ကောင် နှင့် နော်မူးအေ ၏ကြက်၁ကောင် တို့အားပိုင်ရှင် ခွင့်ပြုချက်မယူပဲ ပစ်ခတ်စားသောက်၊၊



Read More...

ရင်ဆိုင်တိုက်ပွဲ နှင့် လူမဆန်မှု သတင်း (၀၇.၀၁.၂၀၁၀)

တပ်မဟာ(၁) ဒူးသထူခရိုင်

- ၂၆.၁၂.၂၀၀၉ နေ့ ဘီးလင်းမြို့နယ်တွင် DKBA 333 တပ်ရင်း(၃) စခန်းမှုးစိုးအောင် သည် လယ်ကဒယ် ကျေးရွာအား အင်ဖက်(၁၀၀၀)ခက်၊ နိုကနဲ ကျေးရွာ အားအင်ဖက်(၁၀၀၀)ခက် တို့ကို တောင်တက်ကုန်းစခန်းသို့ ၂.၁.၂၀၁၀နေ့တွင် အတင်းအကြပ် အရောက်ပို့ဆောင်ခိုင်း......

တပ်မဟာ(၂) တောင်ငူခရိုင်

- နေ့ ၄.၁.၂၀၁၀ အချိန် ၁၅:၁၈ ကျွှန်တော်တို့ KNU ဘက်မှ ရန်သူအား လယ်ထိုးဘို အနီးတွင် စောင့်ပစ်ရာ နအဖ ၏ ဘက်တော်သား (၁) ယောက် ဘဝပြောင်းသွား

- နေ့ ၅.၁.၂၀၁၀ အချိန် ၁၃:၄၀ ထီးညာပယ်လို စခန်းအနီးတဝိုက်တွင် ကျွန်တော်တို့ KNU ၏ပြောက်ကျားပစ်ခတ် မှုကြောင့် ရန်သူ(၁) ယောက်ဒဏ်ရာရ

- ၄.၁.၂၀၁၀ နေ့ ထန်းတပင်မြို့နယ် နအဖ ၏ စကခ(၇) သည် ကလောမီးဒဲ ကျေးရွာသူ (၃၀)ယောက် ကျေးရွာသား (၄၀) ယောက်တို့ အား ပလက်ဝ မှ ကလောမီးဒဲ သို့ ပေါ်တာ အဖြစ်အတင်းအကြပ်စေခိုင်း....

- ၅.၁.၂၀၁၀ နေ့ အထက်က နအဖ တပ် စကခ(၇)သည် ကလော်မီးဒဲ ကျေးရွာသူရွာသား စုစုပေါင်း (၇၀) ယောက်၊ မော်ဖါးဒဲ ကျေးရွာ မှ (၄၀) ယောက် နှင့် လမ်းတွင် ဖမ်းဆီးသော တခြားရွာ မှ (၁၈) ယောက် တို့အား ပလက်ဝ မှ ကလော်မီးဒဲ စခန်း သို့ ပေါ်တာ အဖြစ် သူတို့ရိက္ခာ ကိုသယ်ဆောင်ခိုင်း......

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်

-၂.၁.၂၀၁၀ နေ့ ကျွန်တော် တို့ရဲဘော်များ နှင့် နအဖ ရင်ဆိုင်တိုက်ပွဲ ထီးလယ်ဘောထာ အနီးတဝိုက်တွင် ဖြစ်ပွား ရာ စစ်ခွေး(၁)ကောင်သေ ပြီး (၁) ကောင်ဒဏ်ရာ


တပ်မဟာ(၆) ဒူးပလာယာ ခရိုင်

- ၄.၁.၂၀၁၀ အချိန် ၀၉:၄၈ မောင်မောင်မျိုး ဦးဆောင်သော ခမရ(၄၀၂) စစ်ကြောင်း(၂) ကို ကျွန်တော်တို့၏ တပ်ခွဲ(၁၆) က ပြောက်ကျား ဝင်ရောက် ပစ်ခတ်ရာ စစ်ခွေး(၁)ကောင် ဘဝပြောင်းသွား.......

ကိုင်း.....စစ်ခွေးတွေရေ
မင်းတို့ထမင်းဝအောင် သာစားထားကြ...မကြာခင်မင်းတို့လည်းဘဝပြောင်းခံထိတော့မယ်...တခုသတိထပ်ပေးလိုက် ဦးမယ်...ဘုရားတရားသံဃာ ကိုလည်းမမေ့နဲ့နော်....ဒါမှ ကောင်းရာသုဂတိလားမှာ......

Read More...

ဒီ ခွေးနအဖတွေ မတရားမှုကို ထပ်ကျူးလွန်ပြန်ပြီး

ကျွန်တော် အရင်ဆုံး Request လုပ်ချင်တာက တော့ ကရင်ညီကိုမောင်မယ် များအားလုံး ခရစ်ယာန်ဘာသာဝင် ဖြစ်ဖြစ် ဗုဒ္ဒဘာသာ ဝင်ဖြစ်ဖြစ် ကိုယ်ရဲ့ ယုံကြည်ကိုးကွယ် ရာဘုရားရှင်ဆီ မှာဆုတခုကို အမြဲတမ်း တောင်းပေးပါလို့..........အပြစ်မဲ့တဲ့ ကျွန်တော်တို့ရဲ့ ကရင်လူမျိုးများ ဒီလို မတရား အစော်ကား အနိုင်ကျင့် ဖိနှိပ်ခံ ရတဲ့ဘဝ ကအမြန်ဆုံး ကင်းဝေးလွတ်မြောက်ပါစေ......သတိရတဲ့အခါတိုင်း နေရာတိုင်း အချိန်တိုင်းမှာ တောင်းပေးကြ ပါဗျာ။

ကျွန်တော် သတင်း website တွေကို လိုက်ကြည့်ရင်းနဲ့ ခေတ်ပြိုင် ဂျာနယ်မှာ သတင်းလေးတပိုဒ်ကိုဖတ် လိုက်ရတယ်.....ဖတ်ရင်းနဲ့ အင်မတန်ခံပြင်းမိတယ်....KNU ကိုတိုက်လို့မရတိုင်း ဘာမှ မဆီမဆိုင် အပြစ်မဲ့တဲ့ ကရင်လူမျိုး များကို အနိုင်ကျင့်စော်ကားနှိပ်စက် သတ်ဖြတ်တဲ့ ဒီစစ်ခွေး နအဖ တွေကို အဆုံးအစွန် နာကျည်းရွံရှာမိတယ်..ဒီလောက ကြီးမှာ လူဖြစ်ပြီးတော့ လူလိုမသိတတ်တာ ဒီအကောင်တွေပါပဲ...စိတ်ထဲမှာလည်း တနေ့ကျရင် မင်းတို့အလှည့်ရောက်ဦးမှာ ပါလို့........ဒါပေမဲ့ လတ်တလောအခြေအနေ မှာတော့ ကျွန်တော်တို့ စည်းလုံးညီညာစွာ နဲ့ အဖိနှိပ်ခံ နေရတဲ့ မိဘညီကိုမောင်နှမ များကိုအကူအညီ ပေးနိုင်မဲ့နည်းလမ်း များကို ရှာဖွေဖို့လို နေပြီ လို့ကျွန်တော်သုံးသပ်မိတယ်.....ချစ်တဲ့ညီကိုမောင်နှမ များအားလုံး အကြံအစည်ကောင်းများ နည်းလမ်း ကောင်းများ ရှိခဲ့ရင် လည်း voice out လုပ်နိုင်ပါတယ်.............................
ဆက်လက်ပြီးတော့ ခေတ်ပြိုင်ဂျာနယ် မှအောက်ပါ သတင်းကိုဖတ်ရှူ့ပါလို့............


Read More...

သိသင့်သိထိုက်သော သတင်းများ

လူမဆန်မှု နှင့် ရင်ဆိုင်တိုက်ပွဲ သတင်း

Read More...

မောင်သန်းရွှေ ရဲ့ အနီရောင် ရေစိမ်စက္ကူ က Benjamin Franklin ထက်သာသွားခြင်း

လုပ်ချလိုက်ပြန်ပြီး.........ချီးကုန်းစက္ကူလောက်တောင်အသုံးမတည့်တဲ့ စက္ကူစုတ်က တကမ္ဘာလုံးလက်ခံသုံးစွဲနေတဲ့ အစိမ်းထက် ဈေးနှုန်းမြင့်တက် သွားတယ်ဗျာ......တော်တော်ရယ်ဖို့ကောင်း တဲ့ နအဖ အုပ်ချုပ်တဲ့ တိုင်းပြည်ကြီး...................ညီကို တို့မယုံ ရင်အောက်မှာသာ ဆက်ပြီး ဖတ်ပါတော့ဗျို့...

Read More...

လူမျိုး နှင့် သာသနာ ကိုချစ်သော ဒီကေဘီအေ ၏လုပ်ရပ်အကြောင်းသိကောင်းစရာ

ကျေးရွာ ရပ်မိရပ်ဖ အမျိုးသမီးကြီး (၃) ဦးအား ဒီကေဘီအေ တပ်၉၀၈မှဖမ်း ဆီးထားခြင်း သတင်းအကျဉ်းချုပ်

ဖမ်းထားရတဲ့အကြောင်းရင်းကတော့ သေနတ် ၁၁လက် ဖိုးတောင်းစား တာဖြစ်ပါတယ်…လို့အဖမ်းခံရတဲ့အမျိုးသမီးကြီးများနဲ့တရွာတည်းနေတဲ့အမည်မဖော်လိုရွာသားတဦးကကွယ်ကလူကို၁.၁.၂၀၁၀တွင်တင်ပြထားပါတယ်၊၊
အသက် ၄၀ ကျော်ဝန်းကျင် ကရင်အမျိုးသမီးကြီး ၃ ဦးအား ယခုထက် တိုင်ဖမ်းထားပြီးအဆိုပါအမျိုးသမီးကြီးများ၏ကျေးရွာအား ငွေညစ်တောင်းဆို နေဆဲပါ………

Read More...

တကယ်ပဲလား....???????

တပ်မ(၇၇) မှ အကြပ်တပ်သားများ နှုတ်ထွက်လွှာတင်
 

ပဲခူးမြို့တွင်အခြေစိုက်သော တပ်မ(၇၇)မှအရာရှိနဲ့အကြပ်တပ်သားတွေ အတော်များများ နှုတ်ထွက်လွှာတွေ တင်ကြလို့ အဲဒီတပ်တွေကို ထောက်လှမ်းရေး တပ်တွေနဲ့ဝိုင်းပြီးအဝင်အထွက်တွေ ပါပိတ်ထားပါတယ်၊၊

တိုးချဲ့တပ်တွေရဲ့ ဖွဲ့စည်းပုံမှာတပ်ရင်းတခုကို လူ၂၅၀လောက်ရှိတဲ့အနက် ၁၅၀ လောက်ကနှုတ်ထွက်လွှာတွေတင် ထားကြတယ်လို တပ်ကြပ်ကြီးတဦးနဲ့ ဆွေမျိုးတော်စပ်သူတဦးကပြောဆိုထားပါတယ်

အရာရှိ အကြပ်တပ်သား တွေနှုတ်ထွက်လွှာတင်တဲ့အဓိက အကြောင်းရင်းကတော့ လစာဝင်ငွေ မလောက်ငှမှုကြောင့် ဖြစ်တယ် လို့အစ်ကိုဖြစ်သူကို တွေ့ဖို့တပ်မ ၇၇ ကိုသွားရောက်ခဲ့သူ ကဆိုပါတယ်

အခုဆိုရင် နှုတ်ထွက်စာတင်သူတွေဟာ တိုးချဲ့တပ်ရင်းတွေမကတော့ပဲ တခြားတပ်တွေကို ကူးစက်လာနေတယ်လို့ တပ်မိသားစု တွေက ပြောနေပါတယ်။

နအဖ တပ်ကိုစည်းလုံးညီညွတ်မှု ကိုအခြေခံ ပြီးတည်ဆောက်ထား တယ်လို့ အထက်က ဗိုလ်ချုပ် တွေ ကပြောနေလည်း အကျိုးခံစားခွင့်တွေက မတူတော့ထွက်မဲ့ကောင်တွေရှိနေသလို အာဏာဖီဆန်တာ မျိုးလည်း ပေါ်ပေါက်လာတယ်

ဒီအတိုင်းပဲ တပ်မ ၆၆ မှာလည်း အမိန့်မနာခံပဲ အာဏာဖီဆန်တာ တွေဖြစ်လာတဲ့အတွက် တပ်အပြင်ထွက်ခွင့် ပိတ်ထားလည်း ခုထက်ထိ ဆက်ပြီး အာဏာဖီဆန် နေတုန်းပဲ လို့သိရပါတယ်၊၊

ကဲ.....နအဖ ဗိုလ်ချီး တွေဘယ်လိုလုပ်ကြမလဲဗျာ...စားကွက်တွေကို ဝေစားမျှစား မလုပ်တော့......ဟင်းဟင်းဟင်း......ခုတော့ သောက်ကျိုးတွေနဲတော့မယ်... ကိုင်း..... နအဖ တပ်က တပ်သားတွေရေ................. ခင်းဗျားတို့ ကျွှန်တော်တို့နဲ့မဟာမိတ်ဖွဲ့ ချင်ရင် တော့အမြင်မှန်တွေရ ပြီးလာခဲ့ပါ......လက်ကမ်းလို့ကြိုဆိုပါတယ်.......................

Read More...

ရာနှင့်ချီပြီး ကရင်လူထုအား ခွေးနအဖ စစ်တပ်မှအတင်းအကြပ်ခိုင်းစေ

- ၂၀၀၉ ခုနှစ် ဒီဇင်ဘာ လ ၁၂ ရက် နေ့ မှစပြီး နအဖ ခြေမြန်တပ် ၅၉၉ သည် ကျောက်ကြီး ညောင်လေးပင် ခရိုင်အနီးတ၀ိုက်ရှိ ကရင်ကျေးရွာမှ ကရင် လူထုအားအတင်းအကြပ်စစ်စခန်း ဆောက်လုပ်ခိုင်းနေသည်မှာ ယခုထက် ထိ မပြီးဆုံးသေး............
- တအိမ်တယောက်နှုန်းဖြင့် မသွားမနေရ ယခုထက်တိုင် လုပ်ကိုင်နေရဆဲ......
- မူသဲ ကျေးရွာမှ ရွာသူရွာသားများအား ရွာပြင်သို့ထွက်ခွင့်ပိတ်ပင်ထား.......ဒီ့ပြင် ရွာအပြင်တွင် ရွာသားများအားတွေ့ရှိပါက ပစ်သတ် မည်ဖြစ်ကြောင်း နအဖ စစ်တပ်မှ ခြိမ်းခြောက်ပြောဆိုထားသည်.....
- အဓိကကြောင်းရင်းကတော့ နအဖ နှင့် KNU တိုက်ပွဲဖြစ်တိုင်း နအဖ ဘက်တွင် ခွေးလိုဝက်လိုသေသည့်အတွက် KNU ကိုမနိုင်တိုင်း ကရင် လူထုအား ”ကုလားမနိုင် ရခိုင်မဲ“ ခြင်းသာဖြစ်သည်
- KNU ဘက်မှ ပဒို တဦးအဆိုအရ တိုက်ပွဲဖြစ်သော နေရာများသည် ထိုကျေးရွာများ နှင့်မနီးကြောင်း ပြောဆိုထားပါသည်၊၊

သြော်.....နအဖ နအဖ... တနေ့ကျရင် မင်းတို့ကို ကောင်းကောင်းကြီး ၀ဋ်လည်မှာကို မတွေးမိကြဘူးလား... အေးပေါ့ကွာ မိုး
ကောင်းတုန်းရွာထားပေါ့.... ဒါပေမဲ့ အလှည့်ကျ မနွဲ့စတမ်းပေါ့..... အဲဒီအခါကျမှ ကြောက်ပါပြီ.... အဘားအဘား လို့အော်မနေနဲ့...လဒ
စာတွေရေ........................................................

Read More...

ငသန်းရွှေ အကြောင်းသိကောင်းစရာ

than shwe

Read More...

Child Soldier

Read More...

Merry X'mas and A Happy New Year

Read More...

Arms Trade Between Myanmar Military and Russia

Read More...

Good News For Us

From Karen United ">

Read More...

Check it out

Read More...